International



ကမ္ဘာ့တန်ဖိုးအကြီးဆုံး ထိပ်တန်းအမှတ်တံဆိပ် ၁၀၀ တွင် Toyota အဆင့် ၄၁ ရရှိ

ကမ္ဘာ့တန်ဖိုးအကြီးဆုံး ထိပ်တန်းအမှတ်တံဆိပ် ၁၀၀ တွင် Toyota အဆင့် ၄၁ ရရှိ google

ကမ္ဘာပေါ်ရှိ အမှတ်တံဆိပ်များအား သုတေသနပြုလုပ်ကာ အချက်အလက်များ ထုတ်ပြန်ပေးလျက်ရှိသည့် Branz ၏ ထုတ်ပြန်မှုအရ ၂၀၁၉ ခုနှစ်အတွက် ကမ္ဘာ့တန်ဖိုးအကြီးမာဆုံး ထိပ်တန်း ကုမ္ပဏီ ၁၀၀စာရင်းတွင် Toyota က ၂၉ ဒသမ ၁ ဘီလျံဖြင့် အဆင့် ၄၁ နေရာ၌ ရပ်တည်ကာ ကား ကုမ္ပဏီများအနက် ထိပ်ဆုံး နေရာမှ ရပ်တည်နိုင်ခဲ့ကြောင်း ဇွန်လ ၁၁ရက်နေ့တွင် ft.com က ရေးသားဖော်ပြခဲ့သည်။

 

ကမ္ဘာပေါ်တွင် ရောင်းအားအကောင်းဆုံး ကုမ္ပဏီအဖြစ် ရပ်တည်နေသော Toyota သည် ၂၀၁၈ခုနှစ် သတ်မှတ်ချက်တွင် အဆင့်၃၆ ရခဲ့သော်လည်း ယခုနှစ်တွင်မူ ငါးဆင့် လျော့ကျသွားခဲ့ခြင်း ဖြစ်သည်။

 

ကမ္ဘာတန်ဖိုးအကြီးဆုံး ထိပ်တန်းကုမ္ပဏီ ၁၀၀ စာရင်းတွင် ကားကုမ္ပဏီသုံးခုသာ ပါဝင်ပြီး ဂျာမန်အမှတ်တံဆိပ် Mercedes-Benz က ၂၃ ဒသမ ၃ ဘီလျံဖြင့် အဆင့် ၄၁ နေရာ၌ ရပ်တည်နေသည်။ ပြိုင်ဘက် BMW က တန်ဖိုး ၂၃ ဒသမ ၂ ဘီလျံဖြင့် Mercedes Benz ၏ နောက်အဆင့် ၅၅နေရာတွင် ရပ်တည်လျက်ရှိသည်။

 

Mercedes-Benz နှင့် BMW တို့သည် ၂၀၁၈ ရပ်တည်မှုတွင်လည်း အဆင့် ၄၆၊ ၄၇ နေရာများ၌ ရပ်တည်ခဲ့ သေးသည်။ ၂၀၁၉ခုနှစ် ကမ္ဘာ့တန်ဖိုးအကြီးမားဆုံး ကုမ္ပဏီအဖြစ် Amazon က တန်ဖိုး ၃၁၅ ဒသမ ၅ဘီလျံဖြင့် ထိပ်ဆုံးမှ ရပ်တည်နိုင်ခဲ့ပြီး Apple က ဒုတိယ၊ Google က တတိယ နေရာများတွင် ရပ်တည်လျက်ရှိသည်။

 

Source; Automobile Journal

Read times
Rate this item
(0 votes)