International



Honda HR – V နှင့် Hyundai Kone တို့အားယှဉ်ပြိုင်ရန် Small Crossover Tarek အား Volkswagen ထုတ်လုပ်

Honda HR – V နှင့် Hyundai Kone တို့အားယှဉ်ပြိုင်ရန် Small Crossover Tarek အား Volkswagen ထုတ်လုပ် google

VW သည် Tarek အား မြောက်အမေရိကတွင် အထူးရောင်းအားကောင်းသည့် Small Crossover များ ဖြစ်ကြသည်။

 

( Honda HR – V ) ၊ ( Subaru Cross trek ) ( Hyundai Kone ) ကဲ့သို့ Model များကို အဓိကယှဉ်ပြိုင်ရန်ရည်ရွယ်ထုတ်လုပ်လိုက်ကြောင်း သိရသည်။ ၎င်းသည် VW Tiguan ထက် အရွယ်ငယ်သည့် ကားဖြစ်ပြီး အာဂျင်တီးနား ၊ ဘရာဇီး ၊ Mexico ၊ ကနေဒါနှင့် အမေရိကန်နိုင်ငံများသို့ တင်ပို့ရောင်းချမည်ဖြစ်သည်။

 

၎င်းအား တရုတ်နိုင်ငံသို့ VW Thoru အမည်ဖြင့် တင်ပို့ပါမည်။ Torek ၏ Platform အား American Version နှင့် ကိုက်ညီသည့် ပုံစံနှင့်အတူ ( 1.2 L / 1.4 L / 2.0 L ) ဓာတ်ဆီအင်ဂျင် ( ၃ ) မျိုးဖြင့် တင်ပို့ပါမည်။ ဂီယာအနေဖြင့် ( 7 – Speed DSG Gearbox ) ကို ထည့်သွင်းထားပြီး ရှေ့ဘီးယက်စနစ်သုံး ဖြစ်မည်။

 

VW Tarek / Thoru ၏ အလျားသည် ( 175.3 inches ) ဖြစ်၍ VW Tiguan ( 185.1 inches ) ထက်ပို၍ သေးငယ်ပါမည်။ သို့သော် ဒီဇိုင်းလှပခြင်း ၊ နည်းပညာစုံလင်ခြင်းတို့ဖြင့် U.S ရှိ ကားချစ်သူများအကြိုက်နှင့် ကိုက်ညီစေရန် ဖန်တီးထားမည် ဖြစ်သည်။ VW Torek အား Mexico နှင့် အာဂျင်တီးနားနိုင်ငံများ တွင်ထုတ်လုပ်တပ်ဆင်မည်ဖြစ်ပြီး Mexico တွင် ထုတ်လုပ်ပါမည့် Torek အား မြောက်အမေရိက ဒေသနိုင်ငံများသို့ တင်ပို့ရောင်းချ မည်ဖြစ်သည်။

 

 

Source; Drive Myanmar

Read times
Rate this item
(1 Vote)