International



Audi က ဘက်ထရီ မီးလောင်မှုကြောင့် အီလက်ထရစ်ကားများကို ပြန်သိမ်းနေ

Audi က ဘက်ထရီ မီးလောင်မှုကြောင့် အီလက်ထရစ်ကားများကို ပြန်သိမ်းနေ google

Audi က သူ့ရဲ့ ပထမဆုံး အီလက်ထရစ်ကား ဖြစ်တဲ့ E-Tron များကို ဘက်ထရီ မီးလောင်မှုကြောင့် ပြန်သိမ်းနေပါတယ်။ ဂျာမနီ ကားထုတ်လုပ်သူ Audi က အမေရိကန်မှာ 540 E-Tron ကားများကို ပြန်သိမ်းနေပါတယ်။

 

အော်ဒီက အဲဒီ ကားမော်ဒယ် အားလုံးရဲ့ ထက်ဝက်ကို အမေရိကန်မှာ ရောင်းချထားတာ ဖြစ်ပါတယ်။ အဲဒီကားမော်ဒယ်ကို ဧပြီလမှာ စတင် ရောင်းချပေးခဲ့တာပါ။

 

အဲဒီ ကားမော်ဒယ် မီးလောင်တဲ့ သတင်းများကိုတော့ မကြားရသေးပါဘူး။ ဒါပေမယ့် အော်ဒီက အဲဒီ ကားမော်ဒယ်ရဲ့ ဘက်ထရီ မီးလောင်မှု ငါးခု ရှိခဲ့တယ်လို့ Bloomberg ကို ပြောပါတယ်။ သြဂုတ်လမှာ ပြင်ဆင်မှု ပြီးဆုံးပြီး ပြန်လည် အပ်နှံနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ဒါပေမယ့် အော်ဒီက အဲဒီ ကားမော်ဒယ်များကို ဆက်လက် ရောင်းချမှာ ဖြစ်ပါတယ်။

 

အီလက်ထရစ်ကားများ မီးလောင်တဲ့ ဖြစ်ရပ်များ အရင်ကလည်း ဖြစ်ပွားခဲ့ဖူးပါတယ်။ Tesla ရဲ့ အီလက်ထရစ်ကားများလည်း မီးလောင်ခဲ့ဖူးပါတယ်။ Jaguar နဲ့ အီလက်ထရစ်ကား ကုမ္ပဏီ NIO တို့ရဲ့ အီလက်ထရစ်ကားများဟာလည်း မီးလောင်ခဲ့ဖူးပါတယ်။

 

Jaguar က သူ့ရဲ့ ပထမဆုံး အီလက်ထရစ်ကားများအား ဘရိတ်စနစ် အမှားကြောင့် ပြန်လည် သိမ်းယူခဲ့ဖူးပါတယ်။ ကားမော်ဒယ်က I-Paces ဖြစ်ပြီး အမေရိကန်မှာ ရောင်းချထားတဲ့ အစီးရေ ၃၀၀၀ ကို ပြန်လည် သိမ်းယူထားတာပါ။

 

Source; Digitaltimes

Read times
Rate this item
(1 Vote)