International



စကိတ်ဘုတ် လျှပ်စစ်ကားဒီဇိုင်း

ခေတ်ပေါ် လျှပ်စစ်ကားများရဲ့ အခြေခံ ဒီဇိုင်းသည်

စကိတ်ဘုတ်  skateboard ကို အခြေခံထားတယ်။

အစပိုင်းမှာ လျှပ်စစ်ကားတွေကို ဒီဇိုင်းထုတ်တော့ ရှိပြီးသား ဓာတ်ဆီကားဒီဇိုင်းမှာ ဘက်ထရီ၊ မော်တာဂျင်နရေတာတွေ အထိုင်ချပေးပြီး ဒီဇိုင်းထုတ်ခဲ့ကြတယ်။ Tesla ကို စစချင်း ဒီဇိုင်းထုတ်တုန်းကလည်း ရှိပြီးသား ဓာတ်ဆီကားဒီဇိုင်း အခြေခံကို မူတည်ပြီး လျှပ်စစ်ကား ဖြစ်အောင် အသွင်ပြောင်းခဲ့ကြတယ်။ အဲဒီအခါမှာ အကန့်အသတ်တွေ ရှိနေတာကြောင့် အလုပ်မဖြစ်ဘူး။ 

အဲဒီအခါမှာ လျှပ်စစ်ကားဒီဇိုင်းကို သပ်သပ် သီးခြားဒီဇိုင်းထုတ်ဖို့ လိုတယ်ဆိုတာ သဘောပေါက်လာကြတယ်။  အမျိုးမျိုး ကြံဆကြပြီး နောက်ဆုံးမှာ စကိတ်ဘုတ်အပေါ် ကိုယ်ထည်တင်ထားလိုက်တာဟာ အဆင်အပြေဆုံး ဖြစ်ကြောင်း အဖြေ ရရှိတယ်။ 

 

ယာဉ်ရဲ့ ကြမ်းပြင်က ဘက်ထရီအပြားထူထူကို ခင်းပေးထားလိုက်တယ်။ မော်တာတွေကို ဘီး နှစ်ခုကြားမှာ အထိုင်ချတယ်။ အဲဒါတွေရဲ့ အပေါ်မှာ ကားကိုယ်ထည်ကို တင်ပေးထားလိုက်တယ်။ 

ဘက်ထရီတုံးကို ကားဝမ်းဗိုက်မှာ ထားပေးတဲ့အတွက် အလေးချိန်က အနိမ့်ပိုင်းမှာ ရှိနေလို့ ပစ်တိုင်းထောင်လို  ဖြစ်နေစေတယ်။

 

အဲဒီ ဒီဇိုင်းကို စတင်ခဲ့တာ အမေရိကန်ကားလုပ်ငန်းကြီး GM ဖြစ်ပါတယ်။ ၂၀၀၂ မှာ စိတ်ကူးကွန့်မြူးထားတဲ့ ကားမော်ဒယ်တစ်ခုကို ပုံစံထုတ်ခဲ့တယ်။ ဟိုက်ဒြိုဂျင်ဓာတ်ငွေ့သုံးတဲ့ကားဖြစ်ပြီး ကားက ကိုယ်ပိုင်ဉာဏ်ရည်ဖြင့် ထိန်းကျောင်းမောင်းနှင်ဖို့်အထိ စိတ်ကူးထားတယ်။ လက်တွေ့ အကောင်အထည် မဖော်ဖြစ်ဘူး။ အဲဒီကား တည်ဆောက်ပုံက စကိတ်ဘုတ်နဲ့ ဆင်ဆင်တူတယ်။ 

GM ရဲ့ နောက်ထပ် စိတ်ကူးဆန်းတစ်ခုက စကိတ်ဘုတ်ချာစီပေါ်မှာ တင်ထားတဲ့ ကားကိုယ်ထည်ကို ဘော်ဒီရုံမှာ အလွယ်တကူ ပြောင်းပေးလို့ရအောင် ဒီဇိုင်းထုတ်ထားတယ်။ ဥပမာ ဆီဒင်ကား ကိုယ်ထည်နဲ့ စီးနေရာမှ အမိုးလှန်ဖွင့်လို့ရတဲ့ ကား ဖြစ်ချင်ရင် စကိတ်ဘုတ်ချာစီ အပေါ်မှ ကားကိုယ်ထည်ကို အလုံးလိုက် ဖြုတ်ပြီး ဖယ်ရှားလိုက်မယ်။ အမိုးလှန် ဖွင့်လို့ရတဲ့ ကားကိုယ်ထည်ကို အလုံးလိုက် စကိတ်ဘုတ်အပေါ် တပ်ဆင်လိုက်မယ်။  အဲဒီအတွက် ဖြုတ်ဖို့တပ်ဖို့ ဘို့တွေနပ်တွေ ရှိမယ်။

 

 

Tesla  ရဲ့ ဒီဇိုင်းအဖွဲ့က ဓာတ်ဆီကား ကိုယ်ထည်ဒီဇိုင်းနဲ့ လုပ်နေရင် အလုပ်မဖြစ်ဘူးဆိုတာ သိပြီးတဲ့နောက်မှာ ဘာမှမရှိတဲ့အဖြစ်ကနေ ကားဒီဇိုင်းကို စဉ်းစားပြီး ဒီဇိုင်းထုတ်ခဲ့ကြတယ်။ လုံး၀ အစမူလကတည်းက မူရင်းမူလလျှပ်စစ်ကား “native EV”  အဖြစ် ဒီဇိုင်းထုတ်ကြတယ်။ ဓာတ်ဆီကား တစ်ဖြစ်လဲ လျှပ်စစ်ကား ဒီဇိုင်းကို လုံးလုံးလျားလျား ကျောခိုင်းလိုက်တယ်။

 

GM ရဲ့ စကိတ်ဘုတ်ချာစီမှာ ကြမ်းခင်းနေရာကို ကားကိုယ်ထည်အဖြစ် ရှိနေတာကို ဖယ်ရှားလိုက်ပြီး  ဘက်ထရီအပြားထူထူကို  ကြမ်းခင်း အဖြစ် ထားလိုက်တယ်။

 

 

ဘက်ထရီအလေးချိန်ဖြင့် ကားကို အောက်ပိုင်းမှာ အလေးချိန် စီးနေအောင် လုပ်ပေးလိုက်ကြတယ်။ ပစ်တိုင်းထောင်လို ဖြစ်သွားတယ်။ အဲဒီအခြေခံပေါ်မှာ Tesla Model S ကို ဒီဇိုင်းထုတ်ခဲ့ကြတယ်။

 

 

အခုအခါမှာ လျှပ်စစ်ကား ထုတ်လုပ်သူတွေဟာ စကိတ်ဘုတ်ဒီဇိုင်းကို လျှပ်စစ်ကားအတွက် သုံးကြတဲ့ ဒီဇိုင်းအဖြစ် သုံးစွဲနေကြပြီ ဖြစ်ပါတယ်။

 

စကိတ္ဘုတ္ လွ်ပ္စစ္ကားဒီဇိုင္း

ေခတ္ေပၚ လွ်ပ္စစ္ကားမ်ားရဲ႕ အေျခခံ ဒီဇိုင္းသည္ စကိတ္ဘုတ္ skateboard ကို အေျခခံထားတယ္။
အစပိုင္းမွာ လွ်ပ္စစ္ကားေတြကို ဒီဇိုင္းထုတ္ေတာ့ ရွိၿပီးသား ဓာတ္ဆီကားဒီဇိုင္းမွာ ဘက္ထရီ၊ ေမာ္တာဂ်င္နေရတာေတြ အထိုင္ခ်ေပးၿပီး ဒီဇိုင္းထုတ္ခဲ့ၾကတယ္။ Tesla ကို စစခ်င္း ဒီဇိုင္းထုတ္တုန္းကလည္း ရွိၿပီးသား ဓာတ္ဆီကားဒီဇိုင္း အေျခခံကို မူတည္ၿပီး လွ်ပ္စစ္ကား ျဖစ္ေအာင္ အသြင္ေျပာင္းခဲ့ၾကတယ္။ အဲဒီအခါမွာ အကန႔္အသတ္ေတြ ရွိေနတာေၾကာင့္ အလုပ္မျဖစ္ဘူး။
အဲဒီအခါမွာ လွ်ပ္စစ္ကားဒီဇိုင္းကို သပ္သပ္ သီးျခားဒီဇိုင္းထုတ္ဖို႔ လိုတယ္ဆိုတာ သေဘာေပါက္လာၾကတယ္။ အမ်ိဳးမ်ိဳး ႀကံဆၾကၿပီး ေနာက္ဆုံးမွာ စကိတ္ဘုတ္အေပၚ ကိုယ္ထည္တင္ထားလိုက္တာဟာ အဆင္အေျပဆုံး ျဖစ္ေၾကာင္း အေျဖ ရရွိတယ္။

ယာဥ္ရဲ႕ ၾကမ္းျပင္က ဘက္ထရီအျပားထူထူကို ခင္းေပးထားလိုက္တယ္။ ေမာ္တာေတြကို ဘီး ႏွစ္ခုၾကားမွာ အထိုင္ခ်တယ္။ အဲဒါေတြရဲ႕ အေပၚမွာ ကားကိုယ္ထည္ကို တင္ေပးထားလိုက္တယ္။
ဘက္ထရီတုံးကို ကားဝမ္းဗိုက္မွာ ထားေပးတဲ့အတြက္ အေလးခ်ိန္က အနိမ့္ပိုင္းမွာ ရွိေနလို႔ ပစ္တိုင္းေထာင္လို ျဖစ္ေနေစတယ္။


အဲဒီ ဒီဇိုင္းကို စတင္ခဲ့တာ အေမရိကန္ကားလုပ္ငန္းႀကီး GM ျဖစ္ပါတယ္။ ၂၀၀၂ မွာ စိတ္ကူးကြန႔္ျမဴးထားတဲ့ ကားေမာ္ဒယ္တစ္ခုကို ပုံစံထုတ္ခဲ့တယ္။ ဟိုက္ၿဒိဳဂ်င္ဓာတ္ေငြ႕သုံးတဲ့ကားျဖစ္ၿပီး ကားက ကိုယ္ပိုင္ဉာဏ္ရည္ျဖင့္ ထိန္းေက်ာင္းေမာင္းႏွင္ဖို႔္အထိ စိတ္ကူးထားတယ္။ လက္ေတြ႕ အေကာင္အထည္ မေဖာ္ျဖစ္ဘူး။ အဲဒီကား တည္ေဆာက္ပုံက စကိတ္ဘုတ္နဲ႔ ဆင္ဆင္တူတယ္။

GM ရဲ႕ ေနာက္ထပ္ စိတ္ကူးဆန္းတစ္ခုက စကိတ္ဘုတ္ခ်ာစီေပၚမွာ တင္ထားတဲ့ ကားကိုယ္ထည္ကို ေဘာ္ဒီ႐ုံမွာ အလြယ္တကူ ေျပာင္းေပးလို႔ရေအာင္ ဒီဇိုင္းထုတ္ထားတယ္။ ဥပမာ ဆီဒင္ကား ကိုယ္ထည္နဲ႔ စီးေနရာမွ အမိုးလွန္ဖြင့္လို႔ရတဲ့ ကား ျဖစ္ခ်င္ရင္ စကိတ္ဘုတ္ခ်ာစီ အေပၚမွ ကားကိုယ္ထည္ကို အလုံးလိုက္ ျဖဳတ္ၿပီး ဖယ္ရွားလိုက္မယ္။ အမိုးလွန္ ဖြင့္လို႔ရတဲ့ ကားကိုယ္ထည္ကို အလုံးလိုက္ စကိတ္ဘုတ္အေပၚ တပ္ဆင္လိုက္မယ္။ အဲဒီအတြက္ ျဖဳတ္ဖို႔တပ္ဖို႔ ဘို႔ေတြနပ္ေတြ ရွိမယ္။

Tesla ရဲ႕ ဒီဇိုင္းအဖြဲ႕က ဓာတ္ဆီကား ကိုယ္ထည္ဒီဇိုင္းနဲ႔ လုပ္ေနရင္ အလုပ္မျဖစ္ဘူးဆိုတာ သိၿပီးတဲ့ေနာက္မွာ ဘာမွမရွိတဲ့အျဖစ္ကေန ကားဒီဇိုင္းကို စဥ္းစားၿပီး ဒီဇိုင္းထုတ္ခဲ့ၾကတယ္။ လုံး၀ အစမူလကတည္းက မူရင္းမူလလွ်ပ္စစ္ကား “native EV” အျဖစ္ ဒီဇိုင္းထုတ္ၾကတယ္။ ဓာတ္ဆီကား တစ္ျဖစ္လဲ လွ်ပ္စစ္ကား ဒီဇိုင္းကို လုံးလုံးလ်ားလ်ား ေက်ာခိုင္းလိုက္တယ္။

GM ရဲ႕ စကိတ္ဘုတ္ခ်ာစီမွာ ၾကမ္းခင္းေနရာကို ကားကိုယ္ထည္အျဖစ္ ရွိေနတာကို ဖယ္ရွားလိုက္ၿပီး
ဘက္ထရီအျပားထူထူကို ၾကမ္းခင္း အျဖစ္ ထားလိုက္တယ္။


ဘက္ထရီအေလးခ်ိန္ျဖင့္ ကားကို ေအာက္ပိုင္းမွာ အေလးခ်ိန္ စီးေနေအာင္ လုပ္ေပးလိုက္ၾကတယ္။ ပစ္တိုင္းေထာင္လို ျဖစ္သြားတယ္။ အဲဒီအေျခခံေပၚမွာ Tesla Model S ကို ဒီဇိုင္းထုတ္ခဲ့ၾကတယ္။


အခုအခါမွာ လွ်ပ္စစ္ကား ထုတ္လုပ္သူေတြဟာ စကိတ္ဘုတ္ဒီဇိုင္းကို လွ်ပ္စစ္ကားအတြက္ သုံးၾကတဲ့ ဒီဇိုင္းအျဖစ္ သုံးစြဲေနၾကၿပီ ျဖစ္ပါတယ္။

 

 

Read times
Rate this item
(0 votes)