International



ကိုယ့် အသိစိတ်ဓာတ်ဖြင့် သန့်ရှင်းရေးလုပ်လို့ ပြိုင်ကားတစ်စီး ဆုချခံရတဲ့ ဆယ်ကျော်သက်

နယူရောဇ့်မြို့ , ဘာဖယ်လို ရပ်ကွက်မှာ နေထိုင်တဲ့ Antonio Gwynn Jr. ဆိုတဲ့ ကောင်လေးဟာ ဆန္ဒပြလို့ ပျက်စီးရှုပ်ပွ သွားတဲ့ သူ့ရပ်ကွက်ထဲရှိ လမ်းများမှ အမှိုက်တွေကို သူ့ဟာနှင့်သူ တစ်ယောက်ထဲ တံမျက်စဉ်းလေးတစ်ချောင်းကိုင်ကာ အမှိုက်အိတ်များဖြင့် သူတစ်ဦးတည်း သန့်ရှင်းရေး လိုက်လံ လုပ်ဆောင်ခဲ့ပါတယ်။

 

သူဟာ ပြီးခဲ့တဲ့ တနင်္လာနေ့ နေ့လည် နှစ်နာရီထဲကလုပ်ဆောင်ခဲ့တာဖြစ်ပြီး နောက် ဆယ်နာရီ အကြာမှ သန့်ရှင်းရေး လုပ်ဆောင်တာပြီးသွားခဲ့ပါတယ်။သူရဲ့ အိမ်နီးနားချင်းတွေရဲ့ ဖွဲ့စည်းထားတဲ့ သန့်ရှင်းလုပ်မဲ့ အဖွဲ့ရောက်လာချိန်မှာတော့ အမှိုက်တွေ အပျက်အစီးတွေတော်တော်များများကို ဆယ်ကျော်သက်ကောင်လေးက ရှင်းထားပြီမို့ဘာမှ မရှိတော့ပါဘူး အလုပ်တွေတော်တော်များများက ပြီးသွားခဲ့ပါပြီ။

 

Antonio Gwynn ဆိုတဲ့ ကောင်လေးဟာ အသက် ၁၈ နှစ်ရှိပြီ ဖြစ်ပြီး အထက်တန်းကြောင်းရဲ့ နှစ်ကြီး အတန်းကို ရောက်နေပါပြီ သူ့ရဲ့ ပြောကြားချက်အရ Bailey ရိပ်သာရဲ့ ဘာဖယ်လိုမြို့ဟာ မှန်ကွဲစတွေ ၊ ကျိုးပဲ့ အမှိုက်တွေနဲ့ ဖုံးလွမ်းနေတယ်လို့ ပြည်တွင်းသတင်းစာတွေမှာ သူဖတ်ရပါတယ်။ဒါ့ထက်သူသိထားတာက မနက်တိုင်းထိုမြို့နယ်မှာ နေတဲ့ သူတွေက ၎င်းတို့ရဲ့ဆိုင်ရာ တာဝန်ကျတဲ့ အလုပ်တွေကိုလုပ်ဖို့ ရုံးတွေကို သွားကြရတယ် ထိုသို့သွားရတဲ့ အခါမှာ အန္တရာယ်မရှိစေချင်ဘူး ထို့ကြောင့်လို့သိရပါတယ်။

 

ထိုသို့ရှင်းလင်းတဲ့ ကိစ္စမှာဆယ်ကျော်သက်ကောင်လေးတစ်ယောက်အနေနဲ့ ထို အခြေအနေကို ခက်ခက်ခဲခဲ တာဝန်ယူ လုပ်ကိုင်ဖြေရှင်းခဲ့ရတာလည်းတွေ့ရတယ်။ထိုအခြင်းအရာကို Matt Block ကသိတဲ့ အခါမှာ သူ့ရဲ့ ၂၀၀၄ ခုနှစ်ထုတ် အနီရောင် Mustang ကားအကောင်းစားကြီးကို ပေးခဲ့ပါတယ် ထိုကားကြီးက ဆယ်ကျော်သက်ကောင်လေး ကလေးဘဝထဲက လိုချင်တဲ့ ကားပဲ လို့သိရပါတယ်။Matt Block ဟာ၎င်း ဆယ်ကျော်သက်လေး သူ့ရဲ့ ကိုယ်ပိုင် Facebook ပေါ်တွင် ဘာကားဝယ်ရမလဲ အကြံတောင်း ပိုစ့်ကို တွေ့လို့ Matt အနေနဲ့ သူ့ကို ပြိုင်ကားပေးဖို့ရွေးချယ်ခဲ့တာပါ။

 

အဆိုပါကားကို ရရှိတဲ့ အချိန်မှာ ၎င်း ဆယ်ကျော်သက်လေးဟာ ပျော်မဆုံးပါဘူးတဲ့ သူ့အနေနဲ့ ကောလိပ်ကို ပြိုင်ကား အသစ်လေးနဲ့ သွားရတော့မှာကိုး ထို့အပြင် ကားရဲ့ အလုံးစုံအာမခံပါ တစ်နှစ်ပါပြီး လက်ဆောင်ရရှိတာမို့ အတော်လေး ပီတိဖြစ်ရပါတယ်တဲ့။

 

ထိုလူငယ်လေးရဲ့ စာရိတ္တပိုင်းဆိုင်ရာကို ကြားသိတဲ့ ဘာဖယ်လိုမြို့ က Medaille ကောလိပ်က ၎င်းကို စကော်လာ အပြည့်ဖြင့် ခေါ်ခဲ့ပါတယ်။ထိုလူငယ်လေးဟာ စီးပွားရေး ကို အဓိက ထားသင်ယူမယ်သိရပြီး ကျောင်းပြီးပါက သန့်ရှင်းရေး လုပ်ငန်းကို စီးပွားရေးတစ်ခုအဖြစ်ခပ်ကြီးကြီးလုပ်ကိုင်မယ်လို့သိရပါတယ်။

 

ထို ဆယ်ကျော်သက်လေးဟာ သူ့ကို အခုလို ချီးမြှင့်သူတွေအား အရမ်းကျေးဇူးတင်ကြောင်းပြောကြားပြီး လူငယ်တွေအနေနဲ့ လည်း ပရဟိတ အလုပ်တွေကို စိတ်ပါဝင်စားသင့်ကြောင်း စိတ်ထားကောင်းရင်ကံကောင်းမှာပါလို့ပြောကြားခဲ့ပါတယ် သည့်ထက် ထိုလူငယ်လေးဟာ အရင်ကတည်းကလည်း ထိုမြို့နယ်ရဲ့ ဘုရားကျောင်းမှာ သန့်ရှင်းရေး အဖွဲ့ဝင်တစ်ဦးလည်းဖြစ်တယ်လို့သိရပါတယ်။

 

Ref : CNN

Read times
Rate this item
(1 Vote)