International



ရွှေရောင်အတွင်းခန်းဖြင့် ပွဲထွက်လာသည့် (၃၅)နှစ်မြောက် အထူးထုတ် BMW M5

ရွှေရောင်အတွင်းခန်းဖြင့် ပွဲထွက်လာသည့် (၃၅)နှစ်မြောက် အထူးထုတ် BMW M5 google

BMW သည် Sport Sedan အမျိုးအစားဖြစ်သည့် M5 ၏ (၃၅)နှစ်မြောက်အဖြစ် 2020 M5 မော်ဒယ်ကို နည်းပညာသစ်များနှင့်အတူ ဒီဇိုင်းပိုင်းတွင် ထူးခြားသည့် Golden Interior Trim ဖြင့် မိတ်ဆက်သွားခဲ့သည်။

 

(၃၅)နှစ်မြောက်အဖြစ် ထုတ်လုပ်မည့် BMW M5 ၏ အပြင်ဒီဇိုင်းပိုင်းမှာ ထူးခြားသော ပေါင်းစပ် ဖန်တီးမှုအဖြစ် Frozen Dark Grey II ဖြင့် ခြယ်သထားပြီး ခန့်ညားသည့် silk matte အရောင်အသွေးကို ခံစားရမည်ဖြစ်သည်။

 

ဘီးများကိုတော့ ယခင် M5 များအတိုင်း ပြောင်းလဲဖန်တီးထားခြင်းမရှိဘဲ ၂၀ လက်မ ဘီးကို Graphite Grey အရောင်ကို အသုံးပြုထားပြီး brake calipers များကို တောက်ပသည့် အနက်ရောင်ဖြင့် မြင်တွေ့ရမည်ဖြစ် သည်။

 

အတွင်းဒီဇိုင်းပိုင်းတွင် ပါဝင်မှုအသစ်ဖြစ်သည့် ၁၂.၃ လက်မရှိသည့် digital gauge cluster ၊ ၁၀.၃ လက်မရှိ Display နှင့် Live Cockpit Professional စနစ်ကိုလည်း ထည့်သွင်းပေးထားသည်။

 

Performance ပိုင်းအတွက် twin-turbo 4.4-liter V-8 အင်ဂျင်ကိုသာ အသုံးပြုထားကာ မြင်းကောင်ရေ ၆၁၅ Hp နှင့် ရုန်းအား 553 lb-ft ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး M Sport Exhaust system ပါဝင်သည့် tailpipes ကို မြင်တွေ့ရမည်ဖြစ်သည်။

 

BMW အနေဖြင့် (၃၅)နှစ်မြောက် 2020 BMW M5 မော်ဒယ်ကို အစီးရေ (၃၅၀) သာ ထုတ်လုပ် သွားမည်ဖြစ်ပြီး အမေရိက ဈေးကွက်ကို (၃၅)စီးသာ တင်ပို့မည်ဖြစ်ကာ ဈေးနှုန်းမှာ $ 128,995 မှ စတင် ရောင်းချသွားမည်ဖြစ်သည်။

 

 

Source; DriveMyanmar

Read 238 times
Rate this item
(1 Vote)