International



ကားမောင်းစဉ် ဖုန်းသုံးလို့ ကားမောင်းခွင့် ၆ လပိတ်ခံရတဲ့ ဒေးဗစ်ဘက်ခမ်း

ကားမောင်းစဉ် ဖုန်းသုံးလို့ ကားမောင်းခွင့် ၆ လပိတ်ခံရတဲ့ ဒေးဗစ်ဘက်ခမ်း google

ဒေးဗစ်ဘက်ခမ်းကို ကားမောင်းခွင့် ၆ လပိတ်ပင်လိုက်ပါတယ်။ ကားမောင်းနေစဉ်မှာ ဖုန်းသုံးလို့ ဒီလို ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

 

ဒါ့အပြင် တရားရုံးက စတာလင်ပေါင် ၇၅၀ ကိုလည်း ဒဏ်ရိုက်ခဲ့ပါသေးတယ်။ ဒါ့အပြင် တရားရုံး စားရိတ်အဖြစ် ပေါင် ၁၀၀ နဲ့ အပိုဒဏ်ငွေအဖြစ် ပေါင် ၇၅ ကိုလည်း ပေးရမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နှစ် နိုဝင်ဘာလမှာ ဒီဖြစ်ရပ်ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။

 

ဗြိတိန်မှာ ကားမောင်းနေစဉ် Hands-free Devices များ သုံးတာကို ခွင့်ပြုပေးထားပေမယ့် ဖုန်းကိုင်သုံးတာကို ဥပဒေများနဲ့ တားဆီးထားပါတယ်။ ၂၀၁၇ ခုနှစ်မှာ ဗြိတိန်နဲ့ ဝေးလ်စ်မှာ ကားမောင်းစဉ် ဖုန်းသုံးတဲ့ပြစ်မှုပေါင်း ၈၃၀၀ ရှိခဲ့ပါတယ်။

 

ယခင်နှစ် နိုဝင်ဘာလ ၂၁ ရက်နေ့မှာ Great Portland Street မှာ ကားမောင်းနေစဉ် ဘက်ခမ်းဟာ ဖုန်းသုံးနေတဲ့ ဓါတ်ပုံများ ထွက်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ ယခင်က သတ်မှတ် အမြန်နှုန်းထက် ပိုပြီး မောင်းနှင်ခဲ့ဖူးတဲ့ ပြစ်ချက်များလည်း ရှိခဲ့ဖူးသူပါ။ အခု ပြစ်မှုကြောင့် သူ့ရဲ့ လိုင်စင်မှာ အမှတ် ၆ ခု တိုးသွားပြီး ၁၂ ခု ဖြစ်လာပါတယ်။ အဲဒီအတွက် ဥပဒေအရ ကားမောင်းခွင့် ၆ လ ပိတ်ပင်လိုက်တာ ဖြစ်ပါတယ်။

 

တရားရုံးက "သူဟာ ကား အရှေ့ကို ကြည့်ရမယ့်အစား အောက်ကို စိုက်ပြီး ဖုန်းကြည့်နေခဲ့တာပါ။ အဲဒီအတွက် ကားမောင်းခွင့် ၆ လ ပိတ်ပင်လိုက်ပါတယ်" လို့ ပြောပါတယ်။

 

 

Ref; Dailymail

Read 129 times
Rate this item
(1 Vote)