International



ပါကျဲဝါသနာရှင်တို့အတွက် ဂျပန်ယန်း ၄၅ သိန်းနဲ့ ရောက်ရှိမော်ဒယ်ကိုပိုင်ဆိုင်နိုင်မယ့်အခွင့်အရေး

ပါကျဲဝါသနာရှင်တို့အတွက် ဂျပန်ယန်း ၄၅ သိန်းနဲ့ ရောက်ရှိမော်ဒယ်ကိုပိုင်ဆိုင်နိုင်မယ့်အခွင့်အရေး google

ပြည်တွင်းအော့ဖရုတ်ဝါသနာရှင်တွေထဲမှာ ပါကျဲချစ်သူတွေတော်တော်များများအတွက် ၀မ်းသာဖွယ်ရာ သတင်းကောင်းတစ်ခုကို Mitsubishi ကထုတ်ပြန်ပေးလိုက်ပါပြီ။

 

ဒါကတော့ ကန့်သတ်အစီးရေနဲ့သာ ထုတ်လုပ်မယ့် Final Edition Mitsubishi Pajero ကို ယခုနှစ် သြဂုတ်လမှာထုတ်ပေးဖို့စီစဉ်ထားတယ်ဆိုတဲ့ သတင်းပါ။ အစီးရေ ၇၀၀ ခန့်သာထုတ်လုပ်သွားမှာဖြစ်ပြီး ၇ လက်မအရွယ်ထိတွေ့မျက်နှာပြင်ပါဝင်တဲ့ သတင်းအချက်လက်နဲ့ဖျော်ဖြေရေးစနစ်၊ လည်သာအပြင် မော်တာပါထောက်ပံ့ပေးထားတဲ့ ရှေ့ဘက် ထိုင်ခုံတွေ၊ အမိုးကိုင်းတွေ၊ မော်တာ sunroof နဲ့ winter package တွေပါဝင်မှာဖြစ်ပါတယ်။

 

3.2 litre ဒီဇယ်အင်ဂျင်ကို အော်တိုဂီယာ ၅ ချက်နဲ့တွဲဖက်ပေးထားပြီး မြင်းကောင်ရေ ၁၉၀ အားနဲ့ အင်ဂျင်ရုန်းအား 441 Nm တို့ကိုရရှိစေမှာဖြစ်ပါတယ်။ နောက်ဘီးတွေကိုအင်ဂျင်ရုန်းအားပို့လွှတ်မှုကို lock ချနိုင်မယ့် လေးဘီးယက်စနစ်လည်းပါဝင်မှာဖြစ်ပါတယ်။ အမေရိကန်ဒေါ်လာနဲ့ဆိုရင်တော့ ဒေါ်လာ ၄၀,၄၈၉ လောက်ရှိမှာဖြစ်ပါတယ်။

 

mitsubishi-pajero-final-edition_1.jpg

 

mitsubishi-pajero-final-edition_4.jpg

 

mitsubishi-pajero-final-edition_2.jpg

 

mitsubishi-pajero-final-edition_3.jpg

 

Ref; motor1.com

Read 6839 times
Rate this item
(5 votes)