International



ဘတ်စ်ကားများပေါ်တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းကို တားဆီးရန်စီစဉ်နေ

ဘတ်စ်ကားများပေါ်တွင် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းကို တားဆီးရန်စီစဉ်နေ google

အများပြည်သူနှင့်သက်ဆိုင်သော ဘတ်စ်ကားများပေါ်တွင် ညစ်ညမ်းဇာတ်ကားများကြည့်ရှုခြင်းက လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာကျူးလွန်မှုများဖြစ်ပေါ်လာစေရန် တွန်းအားပေးသည်ဟု ယူဆကာ ယင်းကဲ့သို့ညစ်ညမ်းဇာတ်ကားများကြည့်ရှုခြင်းကိုတားဆီးပိတ်ပင်သွားရန်စီစဉ်နေကြောင်း ဗြိတိန်ရှိဝန်ကြီးများက မတ်လ ၈ ရက်နေ့တွင်ထုတ်ပြန်ကြေညာသွားခဲ့သည်။

 

ထို့အပြင် ညစ်ညမ်းဝက်ဘ်ဆိုက်များရှိအသက်ကန့်သတ်ချက်များကိုလည်း ယခုထက်ပိုမိုတင်းကျပ်စွာလုပ်ဆောင်စစ်ဆေးသွားရန် ညွှန်ကြားသွားမည်ဖြစ်ပြီး အမျိုးသမီးများအတွက် အများပိုင်နေရာ များတွင်လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရခြင်း၊ အမြတ်ထုတ်ခံရခြင်းမှ ကာကွယ်သွားရန် စီစဉ်လျှက်ရှိသည်။ အဆိုပါအစီအ စဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ယာဉ်အမှုထမ်းများနှင့် ရဲများသည်လည်း ယင်းကဲ့သိုညစ်ညမ်းဇာတ်ကားများကြည့်ရှုခြင်းကို တားဆီးပိတ်ပင်ရန်အတွက် လုပ်ပိုင်ခွင့်အာဏာ ရရှိလာဖွယ်ရှိကြောင်း သတင်းများကဖော်ပြခဲ့သည်။

 

Ref; DailyMail

Read times
Rate this item
(1 Vote)