ဗြိတိန်နိုင်ငံမှာ ယာဉ်မောင်းများ ရှားပါးလာတဲ့ အတွက် မောင်းသူမဲ့ မြေသယ်ကားများကို အသုံးပြုနေကြပါတယ်။ မောင်းသူမဲ့ မြေသယ်ကားများက ၂၄ နာရီလုံး အလုပ်လုပ်နိုင်တာက လူသား ယာဉ်မောင်းများထက် အားသာချက် ဖြစ်ပါတယ်။
ကားများရဲ့ ခေါင်မိုးမှာ GPS Tracker , WiFi Receiver နဲ့ Laser Light Unit များ တပ်ဆင်ထားပါတယ်။ Autonomous Mode ကို ပြောင်းလိုက်တာနဲ့ ကွန်ပြူတာက ထိန်းချုပ်သွားတာ ဖြစ်ပါတယ်။
ယင်းကားများဟာ ၂၅ တန်ရှိပြီးတော့ တန် ၄၀ ကို သယ်ဆောင်နိုင်မှာပဲဖြစ်ပါတယ်။ သူတို့ကို Cambridgeshire ရဲ့ A14 Site မှာ စမ်းသပ်နေပါတယ်။ အဲဒီမှာ Cambridge နဲ့ Huntingdon အကြားက လမ်းကို ၂၁ မိုင် အဆင့်မြှင့်တင်ဖို့ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အဝေးပြေးလမ်း စီမံကိန်း ဒါရိုက်တာ ဖြစ်သူ Julian Lamb က ယာဉ်မောင်းများ ရှားပါးလာတဲ့အတွက် မောင်းသူမဲ့ မြေသယ်ကားများကို စမ်းသပ်နေတာ ဖြစ်ပါတယ်လို့ ပြောပါတယ်။ ယာဉ်မောင်းများ နေရာကို အစားထိုးဖို့ မဟုတ်ဘဲ လိုအပ်ချက်ကို ဖြည့်ဆည်းဖို့သာ မောင်းသူမဲ့ မြေသယ်ကားများကို အသုံးပြုတာ ဖြစ်ပါတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
လမ်းဖောက်လုပ်ရေး လုပ်ငန်းများမှာ မောင်းသူမဲ့ မြေသယ်ကားများကို အသုံးပြုတာ ဒါ ပထမဆုံး ဖြစ်ပါတယ်။ ဒါပေမယ့် လက်ရှိ မောင်းသူမဲ့ မြေသယ်ကားများကို လူများက စောင့်ကြည့်နေကြရပါတယ်။ မတော်တဆမှုများ မရှိဘဲ လုံးဝ စိတ်ချရတဲ့ မောင်းသူမဲ့ မြေသယ်ကားများကို အနာဂတ်မှာ ဖန်တီးကြမှာ ဖြစ်ပါတယ်။
A.P.T
Ref; dailymail