International



Nissan Frontier Pickup အသစ် ၂ဝ၂ဝ တွင် ထွက်ရှိမည်

Nissan Frontier Pickup အသစ် ၂ဝ၂ဝ တွင် ထွက်ရှိမည် google

Nissan ၏ နာမည်ကျော် Pickup Model ဖြစ်သည့် Frontier New Model အား ၂ဝ၂ဝ တွင် မိတ်ဆက်မည် ဖြစ်ပြီး 2021 Model အနေဖြင့် ဝယ်ယူရနိုင်မည်ဟု Nissan ၏အကြီးတန်း ဒု-ဥက္ကဋ္ဌ ဖြစ်သူ Alfonso Albaisa မှပြောကြားလိုက်ပါသည်။

 

၎င်းအား Updated Version အနေဖြင့်ထုတ် လုပ်မည်ဖြစ်ပြီး F-Alpha Truck Platform ကို အခြေခံကာ ထုတ်လုပ်မည်ဖြစ်ပြီး လက်ရှိ Navara Model တွင်ပါရှိသည့် 5-Link Coil-spring rear suspension စနစ်ကို အဆင့်မြှင့်တင်ကာ ထည့်သွင်းထားပါမည်။ ၄င်းတွင် အင်ဂျင် အနေဖြင့် 3.0L V6 Engine, 300 hp အင်ဂျင် အသစ်ကို ထည့်သွင်းထားမည်ဖြစ်ပြီး 7-speed autogear ဖြင့်တွဲဖက်ထားပါမည်။

 

အလတ်တန်းအဆင့်ရှိသည့် Truck ဈေးကွက်သို့ အောင်မြင်စွာ ထိုးဖောက်နိုင်ရန် New Frontiner အား ဖန်တီးမှုအသစ်များ၊ ဈေးသက် သာသည့် Options များဖြင့် အဓိက ထုတ်လုပ်မည်ဖြစ်ပါသည်။

 

 

Source; 2W4WDrive

Read times
Rate this item
(2 votes)