International



ကမ္ဘာ့ဈေးအကြီးဆုံး စူပါကားကို ဝယ်ယူလိုက်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို

ကမ္ဘာ့ဈေးအကြီးဆုံး စူပါကားကို ဝယ်ယူလိုက်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒို google

တစ်ကမ္ဘာလုံးမှာတစ်စီးတည်းသာရှိတယ်လို့ဖော်ပြထားခြင်းခံရတဲ့ Bugatti La Voiture Noire စူပါကားရဲ့ ပိုင်ရှင်ဟာ ခရစ္စတီယာနို ရော်နယ်ဒို ဖြစ်တယ်ဆိုတဲ့ သတင်းဟာ လက်ရှိမှာ အတော်လေးကို ပျံ့နှံ့နေပါတယ်။

 

၂၀၁၉ ဂျီနီဗာကားပြပွဲမှာ ပထမဦးဆုံးမိတ်ဆက်ပြသခဲ့တဲ့ Bugatti La Voiture Noire ကားသစ်ကို ရော်နယ်ဒိုက ပေါင် (.၄၉) သန်းနဲ့ ဝယ်ယူထားပြီးဖြစ်တယ်လို့ သတင်းဌာနတချို့က အခိုင်အမာကို ဖော်ပြနေကြပါတယ်။

 

ပြင်သစ်ဇိမ်ခံကားကုမ္ပဏီ Bugatti ဟာ ကုမ္ပဏီတည်ထောင်သက် နှစ် (၁၁၀) ပြည့်မြောက်တဲ့အထိမ်းအမှတ်အနေနဲ့ ဒီကားကို တစ်ကမ္ဘာလုံးမှာ တစ်စီးတည်းပဲ ကန့်သတ်ထုတ်လုပ်ထားတာဖြစ်ပါတယ်။ ယခုအချိန်မှာတော့ ရော်နယ်ဒိုပိုင်ဆိုင်တဲ့ အဖိုးတန်ကားစာရင်းထဲကို ရောက်ရှိလာခဲ့ပါပြီ။

 

Bugatti La Voiture Noire ကားကို ၁၉၃၆ နဲ့ ၁၉၃၈ ကြားကာလမှာထုတ်လုပ်ခဲ့တဲ့ ဂန္တဝင် 57 C Atlantic ဘူဂတ်တီကားဒီဇိုင်းကို အခြေခံပြီး အဆင့်မြှင့်မွမ်းမံဖန်တီးထုတ်လုပ်ထားတာဖြစ်ကာ 8.0 လီတာ W16 တာဘိုအင်ဂျင်ကိုတပ်ဆင်ပေးထားတာကြောင့် တစ်နာရီကို မိုင်(၂၆၀) နှုန်းထိမောင်းနှင်နိုင်တဲ့အတွက် ကမ္ဘာ့ဈေးအကြီးဆုံး စူပါကားတစ်စီးလို့သတ်မှတ်ခြင်းခံထားရတာပါ။

 

Bugatti.jpg

 

Bugatti1.jpg

 

Ref; DailyMail

Read times
Rate this item
(1 Vote)