International



2019 တစ်နှစ်တာ အကောင်းဆုံး ဆုများကို သိမ်းပိုက်ခဲ့သည့် Jaguar i-Pace EV

2019 တစ်နှစ်တာ အကောင်းဆုံး ဆုများကို သိမ်းပိုက်ခဲ့သည့် Jaguar i-Pace EV google

အင်္ဂလန်ကားကုမ္ပဏီဖြစ်သည့် Jaguar i-Pace EV မော်ဒယ်သည် နိုင်ငံတကာကားပြပွဲဖြစ်သော New York Auto Show 2019 တွင် ကျော်ကြားသည့် ၂၀၁၉ တစ်နှစ်တာအကောင်းဆုံးကားဆု ()ဆုကို သိမ်းပိုက်သွားနိုင်ခဲ့ပါသည်။

 

 

Jaguar သည် Crossover အမျိုးအစားဖြစ်သော i-Pace EV ကို ၂၀၁၈ ခုနှစ်မတ်လတွင် မိတ်ဆတ်ပြသခဲ့ပြီး အကောင်းဆုံးလျှပ်စစ်ကားအဖြစ် သုံးစွဲသူများအကြား ရေပန်းစားခဲ့သည်။

 

New York Auto Show 2019 နိုင်ငံတကာ ကားပြပွဲ၌ i-Pace သည် ၂၀၁၉ တစ်နှစ်တာအကောင်းဆုံးကား (WCotY award) ဆုသာမက အကောင်းဆုံးကားဒီဇိုင်းဆု ( World Car Design Award) နှင့် ပတ်ဝန်းကျင်ညစ်ညမ်းမှုကင်းစင်ဆု (World Green Car award) ၃ ခုစလုံးကို သိမ်းပိုက်ခဲ့ပြီး ပထမဆုံးအကြိမ် တစ်နှစ်အတွင်း ဆု()ခုကို ရရှိခဲ့ခြင်းလည်းဖြစ်သည်။

 

 

Jaguar သည် လျှပ်စစ်ကားလောကတွင် အထင်ကရဖြစ်စေခဲ့သည့် i-Pace မျိုးဆက်ကို ဇိမ်ခံကားများ အဖြစ် ဈေးကွက်အတွင်း အစီးရေ ကန့်သတ်ချက်နှင့် ဖြန့်ချိခဲ့သော ကားများဖြစ်သည်။ လျှပ်စစ် ကားဈေးကွက်တွင် Tesla ထက်ခြေလှမ်းနောက်ကျသော်လည်း Jaguar အနေဖြင့် full-size premium electric car ကို ပင်မဈေးကွက်ထဲသို့ ပထမဆုံး မိတ်ဆတ်နိုင်ခဲ့ခြင်းဖြစ်သည်။

 

 

i-Pace ၏အင်ဂျင်ပိုင်းက 90kW ဘတ္ထရီမှ electric motors နှစ်လုံးကို စွမ်းအင်ထောက်ပံ့ပေးပြီး all-wheel-drive စနစ်ဖြစ်သည်။ အင်ဂျင်ရုန်းအားနှင့် ပါဝါမှာ 395bhp နှင့် 513lb စွမ်းရည်ကို ပေးစွမ်းမည်ဖြစ်ပြီး စိတ်တိုင်းကျ မြန်ဆန်မှုကို ဖြည့်စွမ်းပေးမည်ဖြစ်ပါသည်။ မြန်နှုန်းပိုင်းမှာ 0-60mph ကို 4.5sec အတွင်း မောင်းနှင်နိုင်မည်ဖြစ်သည်။

 

Source; DriveMyanmar

Read times
Rate this item
(1 Vote)