International



အမေရိကန်ဆီဒန်ကားများဖြစ်သည့် Ford Taurus နှင့် Chevrolet Cruze တို့ ထုတ်လုပ်မှု တရားဝင်ရပ်ဆိုင်း

အမေရိကန်ဆီဒန်ကားများဖြစ်သည့် Ford Taurus နှင့် Chevrolet Cruze တို့ ထုတ်လုပ်မှု တရားဝင်ရပ်ဆိုင်း google

ကမ္ဘာ့ကားဈေးကွက်တွင် SUV ကားအမျိုးအစားများကို လူကြိုက်များရေးပန်းစားပြီး ဆီဒန်ကားများ ရောင်းအားကျဆင်းမှုနှင့် ကြုံတွေ့နေရသဖြင့် အမေရိကန်ဆီဒန်ကားများဖြစ်သော Ford Taurus နှင့် Chevrolet Cruze တို့ ထုတ်လုပ်မှုကို တရားဝင်ရပ်ဆိုင်းလိုက်ပြီးဖြစ်ကြောင်း မတ် ၃ ရက်တွင် Motor1 သတင်းဝက်ဘ်ဆိုက်က ရေးသားဖော်ပြခဲ့ပါတယ်။

 

Ford သည် ရှီကာဂိုမြို့ရှိ စက်ရုံမှ Taurus ကားမိုဒယ်ကို ၃၄ နှစ်အတွင်း အစီးရေ ရှစ်သန်းကျော် ထုတ်လုပ်ဖြန့်ချီခဲ့သော်လည်း ယခုအခါ အရွယ်အစားပြည့် ဆီဒန်ကားဖြစ်သော Taurus ကားထုတ်လုပ်မှုကို ရပ်ဆိုင်းလိုက်ပြီး 2020 Ford Explorer နှင့် Ford Police Interceptor Utility ကားများကိုသာ ဆက်လက်ထုတ်လုပ်သွားမှာဖြစ်ပါတယ်။

 

Readmore;Honda Airwave

 

General Motors ကလည်း Compact ကားအမျိုးအစား ဖြစ်သည့် နောက်ဆုံး Chevrolet Cruze ကားကို ပြီးခဲ့သော ဗုဒ္ဓဟူးနေ့တွင် အိုဟိုင်းယိုးပြည်နယ်ရှိ Lordstown စက်ရုံမှ ထုတ်လုပ်ခဲ့ပြီးနောက် ထပ်မံထုတ်လုပ် ခြင်းပြုတော့မည်မဟုတ်ကြောင်း သိရပါတယ်။General Motors သည် Lordstown စက်ရုံမှ အခြားကား များထုတ်လုပ်ရန် အစီအစဉ်မရှိသေးကြောင်း WKBN သတင်းဌာနက ရေးသားဖော်ပြခဲ့ပါတယ်။

 

Source;Automobile Journal

Read times
Rate this item
(1 Vote)