International



ကားတွေရဲ့အမြန်နှုန်းကို လျော့ချသတ်မှတ်တော့မယ့် Volvo

ကားတွေရဲ့အမြန်နှုန်းကို လျော့ချသတ်မှတ်တော့မယ့် Volvo google

Volvo မှ လာမယ့် ၂၀၂၀ မှာ ထုတ်လုပ်သမျှကားတွေအားလုံးကို ပိုမိုလုံခြုံစိတ်ချပြီး အန္တရာယ်ကင်းနိုင်ဖို့အတွက် ကားရဲ့အမြင့်ဆုံးအရှိန်နှုန်းကို လျှော့ချသွားမယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

 

ဆီဒင်နိုင်ငံထုတ် ကားအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Volvo ဟာ အန္တရာယ်ကင်းဖို့အတွက် အဓိကထားထုတ်လုပ်တဲ့ ကားကုမ္ပဏီဖြစ်ပြီး ၄င်းတို့ရဲ့ အန္တရာယ်ကင်းစေရန်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လာမယ့်နှစ်မှာ ထုတ်လုပ်သမျှကားအားလုံးကို အမြင့်ဆုံးအရှိန်နှုန်းကို 112 mph အထိ လျော့တော့မှာပါ။ Volvo ဟာ ကားအမှတ်တံဆိပ်များထဲမှ ကမ္ဘာပေါ်မှာ အန္တရာယ်အကင်းဆုံးကား အမှတ်တံဆိပ်အဖြစ် ဦးဆောင်နေသူလည်း ဖြစ်ပါတယ်။ ၂၀၂၀ ရည်မှန်းချက် အခုအဖြစ် ၄င်းတို့ရဲ့ကားတစ်စီးအတွက် သေဆုံးမှု လုံးဝမရှိစေဖို့နဲ့ ပြင်းပြင်းထန်ထန်ဒဏ်ရာရှိမှုတွေကို လျှော့နိုင်ဖို့အတွက် ယခုလို ကန့်သန့်လိုက်ခြင်းဖြစ်ပါတယ်။

Readmore;ကျပ်သိန်း ၂၅၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် MPV အမျိုးအစား Honda Freed

 

ထို့အပြင် လာမယ့် ၂၀၂၂ မှာ ကားရဲ့အရှိန်ကိုလိုသလို တိုးအလျော့လုပ်ဆောင်နိုင်တဲ့ စွမ်းဆောင်ရည်မြင့် Intelligent Speed Assistance systems (ISAS) ဆိုတဲ့ စနစ်တစ်ခု ကိုထည့်သွင်း သွားဖို့လည်းရှိပါတယ်။

 

ကုမ္ပဏီအနေနဲ့ ရဲတပ်ဝင်တွေအသုံးပြုတဲ့ ကားများမှလွဲ၍ ကားအားလုံးကို အရှိန်နှုန်းလျော့ချသွားမှာဖြစ်ကြောင်း တနင်္ဂလာနေ့က အတည်ပြုပြောကြားသွားခဲ့ပါတယ်။ Volo အနေနဲ့ မတ်လ ၂၀ ရက်နေ့ ဆွီဒင်နိုင်ငံ ဂိုသမ်ဘခ် မြို့မှာ ကျင်းပမယ့် အထူးအန္တရာယ်ကင်းရှင်းရေးပွဲ တွင်လည်းအဆိုပါအစီအစဉ်ကို မိတ်ဆက်ပေးသွားဖို့ရှိနေခဲ့ပါတယ်။

 

 Volvo

 

 

Source;Daily Mail

Read times
Rate this item
(2 votes)