International



2019 ခုနှစ်အတွက် ယုံကြည်စိတ်ချရမှု အရှိဆုံးကား Brand အဖြစ် Lexus ထိပ်ဆုံးမှရပ်တည်နေ

2019 ခုနှစ်အတွက် ယုံကြည်စိတ်ချရမှု အရှိဆုံးကား Brand အဖြစ် Lexus ထိပ်ဆုံးမှရပ်တည်နေ google

အမေရိကန်နိုင်ငံအခြေစိုက် ကမ္ဘာ့ဈေးကွက်သတင်းအချက်အလက်များ ရှာဖွေစုဆောင်းပေးသည့် အဖွဲ့အစည်းဖြစ်သော J.D. Power ၏ထုတ်ပြန်ချက်အရ ၂၀၁၉ အတွက်ယုံကြည်စိတ်ချရမှုအရှိဆုံး ကား Brand အဖြစ် Luxury ကားထုတ်လုပ်ရေးကုမ္ပဏီ Lexus က ၈နှစ်ဆက်တိုက် နံပါတ် ၁ နေရာ တွင်ရပ်တည်နိုင်ခဲ့ပါတယ်။

 

J.D. Power သည် Customer စိတ်ကျေနပ်မှုကို အဓိကထားစာတမ်း ကောက်ယူပေးပြီး ထုတ်လုပ်မှုအရည်အသွေး၊ ကားထုတ်လုပ်ရေးလုပ်ငန်းတစ်ခု၏ Marketing advertising များအ ပေါ်အခြေတည်ကာ မှီခိုမှုကင်းစွာစာရင်များကို တိတိကျကျထုတ်ပြန်ပေးနေသည့် နာမည်ကျော် Survey Service ကုမ္ပဏီကြီးတစ်ခုလည်းဖြစ်ပါတယ်။ J.D. Power၏အရှိန်အဝါမှာ အမေရိက၊ ဥရောပဒေသ များ သာမကဘဲ အာရှအထိပါပြန့်နှံ့ပြီး ၎င်းတို့၏ Results များကိုလူအများက ယုံကြည်လက်ခံထားကြပါတယ်။

 

 

J.D. Power ၏တိုင်းတာမှုမှာ ပြဿနာတိုင်းကို ယာဉ်အစီး 100 (PP100) ဟုသတ်မှတ်ထားပြီး သက်တမ်း ၃ နှစ်ရှိမော်တော်ကားပိုင်ဆိုင်သူတိုင်း၏ ပြီးခဲ့သည့် ၁၂ လအတွင်းအတွေ့အကြုံများကို အခြေခံတွက်ချက် ထားခြင်းဖြစ်ပါတယ်။ ဆိုရလျှင် ယခုစာရင်းမှာ ၂၀၁၆ မော်ဒယ်ထုတ်ကားများကို တိုင်းတာခြင်းဖြစ်ပါတယ်။ ထို့ကြောင့် Customer မှပြဿနာအနည်းဆုံး Brand သာလျှင်အမှတ် အနည်းဆုံးရရှိပြီး ထိပ်ဆုံးနေရာ တွင်ရပ်တည်နိုင်မှာဖြစ်ပါတယ်။ ထိပ်ဆုံးမှ Lexus မှ 106 PP100 ၊ နံပါတ် ၂ နှင့် ၃ နေရာများတွင် Porsche နှင့် Toyota တို့က 108 PP100 ၊ နံပါတ် ၄ နေရာတွင် Chevrolet က 115 PP100 ၊ နံပါတ် ၅ နေရာတွင် Buick ၊ နံပါတ် ၆နေရာတွင် MINI ၊ နံပါတ် ၇ နေရာတွင် BMW ၊ နံပါတ် ၈ နေရာတွင် Audi စ သည်ဖြင့် အသီးသီးရပ်တည်နေပါတယ်။ 2019 အတွက် ယုံကြည်စိတ်ချရမှုအရှိဆုံး ထိပ်တန်း Brand များစာရင်း တွင်လက်ရှိပြည်တွင်းရောက် Brand New များထဲမှ Toyota Chevrolet BMW Hyundai KIA Volkswagen Mercedes-Benz Nissan Ford Mitsubishi Mazda Jaguar Volvo Land Rover တို့အစဉ်အတိုင်း ပါဝင်နေကြပါတယ်။

 

 

Source;https://businesstech.co.za

 

 

Readmore;တပ်မတော်က နှစ်စဉ် မော်တော်ယာဉ်အစီး ၁,၀၀၀ ထုတ်လုပ်ရန် စီစဉ်နေ

Read times
Rate this item
(0 votes)