International



3D Printing နည်းလမ်းတစ်ခု (EBM Method) နဲ့ ထုတ်ထားတဲ့ တိုက်တေနီယမ် အလွိုင်းဂွေသစ်

စူပါကားတွေ ဇိမ်ခံကားတွေအတွက် သီးသန့် အလွိုင်းဂွေတွေကို ထုတ်ပေးနေတဲ့ HRE ကုမ္ပဏီနဲ့ Additive Manufacturing (ကုန်ထုတ်နည်းလမ်း) တွေကို အထူးလုပ်ဆောင်ပေးနေတဲ့ GE Additive ကုမ္ပဏီ နှစ်ခုပေါင်းပြီး စမ်းထုတ်ထားတဲ့ အလွိုင်းဂွေသစ်ပါ။

 

အလွိုင်းတွေကို ထုတ်တဲ့နေရာမှာ ပုံမှန်ထုတ်နေကြနည်းလမ်းတွေက အဆင့်တွေများပြီး ကုန်ကျစရိတ်တွေကမြင့်မားတယ်။ နောက်ပြီး အရမ်းရှုပ်ထွေးတဲ့ ပုံစံတွေကို ရဖို့ကမလွယ်ပါဘူး။ ရိုးရိုးရှင်းရှင်းဒီဇိုင်တွေလောက်ပဲ ထုတ်ဖို့က အဆင်ပြေတာပါ။ အခုစူပါကားတွေမှာ မြင်ရတဲ့ အလွိုင်းဂွေတွေက အရိုးရှင်းဆုံးအခြေအနေပဲရှိပါသေးတယ်။

Image may contain: shoes

လက်ရှိအချိန်အထိ အလွိုင်းခွေတွေထုတ်တဲ့နည်းတွေကို ကျွန်တော်သိသလောက်ပြောပြရရင်  အလျူမီနီယမ်အလွိုင်းအရည်တွေကို မိုလ်လောင်ပြီး ထုတ်တာ၊  ဆလင်ဒါ အလွိုင်းတုံးတွေကိုအပူပေး၊ စက်နဲ့ဖိပြီး လိုချင်တဲ့ပုံရအောင် CNC စက်တွေနဲ့ ပုံဖော်ယူတာ၊ ကာဗွန်ဖိုက်ဘာပြားတွေကို မိုလ်မှာ ကပ်ပြီး၊ ပေါင်းခံပုံသွင်းယူတာ စတဲ့ နည်းအမျိုးမျိုးနဲ့ ထုတ်လုပ်နေကြတာပါ။

Image may contain: car

အခု မိတ်ဆက်ထားတဲ့ တိုက်တေနီယမ်အလွိုင်းဂွေသစ်ကတော့ 3D Printing နည်းလမ်းတစ်ခုကိုအသုံးပြုထားတဲ့အတွက် ပိုမိုရှုပ်ထွေးတဲ့ အလွိုင်းဒီဇိုင်တွေကို မြင်တွေရဖို့ရှိပါတယ်။ မာကျောမှုကလည်း အလျူမီနီယမ်ထက် အများကြီး ပိုသာပါတယ်။ ဂွေတစ်ခုလုံးကို တိုက်တွေနီယမ်သုံးထားတာမဟုတ်ဘဲ အလယ်က Spoke တွေကိုပဲ တိုက်တွေနီယမ်သုံးထားတာပါ။

No photo description available.

ဂွေရဲ့ အပြင်အခွံကတော့ ကာဗွန်ဖိုက်ဘာနဲ့ပါ။ ပြီးမှ တိုက်တေနီယမ် Bolt, Nut တွေသုံးပြီး ပြန်တပ်ဆင်ထားတာပါ။ တိုက်တေနီယမ်ဖြစ်တဲ့ အတွက် Material Cost ကဈေးပိုကြီးနိုင်ပေမယ့် ထုတ်လုပ်တဲ့အဆင့်က ရိုးရှင်းတိုတောင်သွားတဲ့အတွက် ကုန်ကျစရိတ်ကို အနည်းငယ်တော့ လျော့ကျသွားစေမယ်လို့ မျှော်လင့်ရပါတယ်။

Source:Flying_With_Car

 

Read: မြင်းကောင်ရည် (HP) ဆိုတာ

မြင်းကောင်ရည် (HP) ဆိုတာ

Read times
Rate this item
(0 votes)