International



ဖော်မြူလာ အီး ကားပြိုင်ပွဲ နယူးဇီလန်တွင် ပြုလုပ်ရန် စိတ်ဝင်စား

ဖော်မြူလာ အီး (Formula E) ကားပြိုင်ပွဲကို နယူးဇီလန်မှာ ပြုလုပ်ဖို့ စိတ်ဝင်စားပြီး လန်ဒန်မှာလည်း ပြန်ကျင်းပဖို့ မျှော် လင့်တယ်လို့ စီအီးအို အလက်ဂျန်ဒရိုဂတ်က ဒီဇင်ဘာ ၃ ရက်နေ့မှာ ပြောလိုက်ပါတယ်။

ပဉ္စမရာသီ ကားပြိုင်ပွဲစီးရီးတွေကို ဒီဇင်ဘာ ၁၅ ရက် ဆော်ဒီအာရေးဗျနိုင်ငံမှာ ကျင်းပဖို့ ပြင်ဆင်နေပြီး ဒါဟာ အရှေ့ ပိုင်းဒေသမှာ ပထမဆုံးကျင်းပတဲ့ Formula E ကားပြိုင်ပွဲလည်း ဖြစ်လာမှာပါ။

 

ပြီးခဲ့တဲ့လတုန်းက အာ့ခ်ကလန်အခြေစိုက် အဖွဲ့အစည်းတခုက Formula E ပြိုင်ပွဲကို   နယူးဇီလန်မှာ ကျင်းပဖို့ တောင်းဆို ခဲ့ပြီး အဲဒီစိတ်ကူးကို စီအီးအို ဂတ်ကလည်း သဘောကျခဲ့ပါတယ်။

 

ပြိုင်ပွဲဇယားအရ အာဖရိကမြောက်ပိုင်း ပါဝင်ပြီး မော်ရိုကိုနိုင်ငံမှာ ဒုတိယပြိုင်ပွဲ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲဒီနောက် တောင် နဲ့ မြောက် အမေရိက၊ တရုတ်နဲ့ ဥရောပမှာ ဆက်လက်ကျင်းပမှာ ဖြစ်ပါတယ်။

 

ဒါ့အပြင် ၂၀၂၀ ပြိုင်ပွဲကို တောင်ကိုရီးယားမှာ ပြုလုပ်မယ့် အစီအစဉ်တွေကိုလည်း ပြီးခဲ့တဲ့ သီတင်းပတ်က ရှင်းပြခဲ့ ပါ တယ်။

 

Formula E ကားပြိုင်ပွဲ အသင်းအများစုဟာ ဗြိတိန်မှာ အခြေစိုက်ပေမယ့် ဘတ်တာဆီးပါ့ခ် ရိပ်သာလမ်း နေထိုင်သူတွေက ကားပြိုင်ပွဲကြောင့် အနှောင့်အယှက် ဖြစ်ရတယ်လို့ တိုင်ပြီးနောက်မှာ ၂၀၁၆ ခုနှစ်ကတည်းက လန်ဒန်ကို ပြိုင်ပွဲ ဇယား ကနေ ဖယ်ရှားခဲ့ပါတယ်။

Source:DVB TV News

တိုယိုတာကမ်မရီ မှာ ဖြစ်တတ်တဲပြဿနာ ခုနစ်ချက်

တိုယိုတာကမ်မရီ မှာ ဖြစ်တတ်တဲပြဿနာ ခုနစ်ချက်

 

Read times
Rate this item
(0 votes)