International



ဒူဘိုင်းရဲတပ်ဖွဲ့ အသုံးပြုနေတဲ့ အမြန်ဆုံးစူပါကား ၁၀ စီး

 

1- Brabus G 700 မြင်းကောင်ရေ 536 အားထွက်ရှိတဲ့ Mercedes G63 AMG ထက်ပိုပြီး စွမ်းဆောင်ရည်ကောင်းတဲ့ Mercedes ရဲ့ Join Ventures Brabus ရဲ့ G 700 ကို Dubai ရဲတွေက off-road အတွက်ရည်ရွယ်ပြီး အသုံးပြုခဲ့တာဖြစ်ပါတယ်။ 1977 မှာစပြီးတည်ထောင်ခဲ့တဲ့ Brabus ဟာ အကြီးဆုံး tuning လုပ်တဲ့ ကုမ္ပဏီတစ် ခုလည်းဖြစ်ပါတယ်။ Brabus G 700 က 690 horsepower ရှိပြီး $230,000 လောက် တန်ကြေးရှိသလို မာကျောမှုနဲ့အကြမ်းခံမှုတွေမှာတော့ ထိပ်တန်းအဆင့်ရှိနေပါတယ်။

 

 
 
3- McLaren MP4-12C 1992-1998 F1 ပြိုင်ပွဲတွေကတည်းက နာမည်ကြီးခဲ့ပြီး ကုမ္ပဏီရဲ့ ပထမဆုံး ပြိုင်ပွဲဝင်ကားမဟုတ်ဘဲ road car အဖြစ်ထုတ်တဲ့ McLaren MP4-12C က $250,000 လောက်တန်ကြေးရှိပြီး 604 horsepower ထွက်တဲ့ V8 အင်ဂျင်ကိုသုံးထားပြီး top speed က တစ်နာရီကို မိုင် ၂၀၀ လောက်သွားနိုင်ပါတယ်။ သူ့ကဒူဘိုင်းရဲတပ်ဖွဲ့ ရဲ့လျင်မြန်စွာအသုံးပြုနိုင်တဲ့ supercars စာရင်းထဲကို December 2013 ကတည်းက ရောက်ရှိနေခဲ့တာပါ။
 
 
4- Nissan GT-R ကြမ်းခင်းဈေး $100,000 လောက်ပဲရှိပေမယ့်လည်း GT-R က ဒူဘိုင်းရဲ့လျင်မြန်တဲ့ကားတွေစာ ရင်းထဲမှာပါတဲ့ အခြားကားတွေကို ယှဉ်နိုင်စွမ်းရှိပါတယ်။ သူ့မှာလက်လုပ် twin-turbo V6 တပ်ဆင် ထားပြီး 545 horsepower ထွက်ရှိသလို top speed က 196 miles per hour ဖြစ်ပါတယ်။ Dubai Police တွေက GT-R ကို 2013 ကတည်းက Brabus, Audi R8s, Mercedes-AMG S63 တို့နဲ့အတူတူ သူတို့ရဲ့တပ်ဖွဲ့ထဲခေါ်သွင်းခဲ့တာဖြစ်ပါတယ်။
 
 
5- Mercedes-Benz SLS AMG ဇင်ယော်တောင်ပံတွေလို တံခါး ၂ ပေါက်ဖွင့် ကားမျိုးက ရဲတပ်ဖွဲ့တွေအတွက် မသင့်တော်ဘူးလို့ ထင်ကောင်းထင်နိုင်ပေမယ့် Mercedes-Benz SLS AMG ကိုဒူဘိုင်းရဲတပ်ဖွဲ့က သုံးစွဲနေပါတယ်။ အဓိကကတော့ 6.3 liter, 539 horsepower V8 အင်ဂျင်ကနေ zero-to-60 ကို 3.6 secondsထဲနဲ့ ရောက်နိုင်တဲ့ သူ့ရဲ့စွမ်းဆောင်ရည်ကြောင့်သာ ဖြစ်ပါလိမ့်မယ်။ သူ့တန်ကြေးက $200,000 နဲ့အထက်ဖြစ်ပါတယ်။
 
 
 
7- Aston Martin One-77 Aston Martin က grand tourers တွေထုတ်လုပ်တဲ့နေရာမှာနာမည်ကြီးကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ One-77 ကခြားနားတဲ့ပုံစံနဲ့ထွက်ရှိလာတာဖြစ်ပြီး အခြားကားတွေထက်သာလွန်အောင် ၇၇ စီးပဲအကန့်အသတ်နဲ့ထုတ်လုပ်ခဲ့တာပါ။ $1.5 million လောက်တန်ပြီး carbon fiber ဘော်ဒီ တွေကို သုံးထားသလို top speed က 220 mile per hour သွားနိုင်ပါတယ်။ ဒါပေမဲ့ ဒူဘိုင်းရဲ တွေက တော့ One-77 ကို PIT maneuvers (အမီလိုက်ပြီး ရှေ့ကနေဖြတ်ဝင်ဟန့်တားခြင်း) တွေမှာ မသုံးဘဲ high-speed နဲ့အမီလိုက်လိုက်ဖို့အတွက်ပဲ သုံးတာဖြစ်ပါလိမ့်မယ်။
 
 
8- Lamborghini Aventador 691 horsepower ထွက်တဲ့ mid-mounted V12 engine ကိုသုံးထားတဲ့ all-wheel drive စနစ်သုံး Aventador က ဒီစာရင်းမှာပါဝင်ဖို့ထိုက်တန်ပါတယ်။ Dubai Police တွေအနေနဲ့ ဒီကားကိုသုံးပြီး zero-to-60 ကို 3 seconds အောက်နဲ့မောင်းနိုင်သလို , top speed က 217 miles per hour ဖြစ်ပါတယ်။ တန်ကြေးက US$393,695 လောက်ရှိပါတယ်။
 
 
9- Ferrari FF ၂၀၁၆ မော်ဒယ်ကိုတောင် $295,000 လောက် တန်ကြေးရှိတဲ့ Ferrari FF က ၄ ယောက်စီး grand tourer အမျိုးအစားဖြစ်ပါတယ်။ အခြား Ferrari ရဲ့စပေါ့ကားတွေနဲ့ဖီလာဆန့်ကျင်ပြီး grand tourer အဖြစ်ထုတ်လုပ်ထားပေမယ့်လည်း သူ့ရဲ့ပါဝါကကြောက်စရာကောင်းပါတယ်။ all-wheel drive V12 ကိုသုံးထားသလို Zero-to-60 ကို 3.7 seconds ထဲနဲ့ရောက်နိုင်သလို top speed ကလည်း 208 miles per hour ဖြစ်ပါတယ်။
 
 
10- BMW i8 ခေတ်ဆန်တဲ့ဒီဇိုင်းတွေကိုသာထုတ်လုပ်လေ့ရှိတဲ့ BMW ရဲ့ plug-in hybrid sports car i8 ကစတင် မိတ်ဆက်ထုတ်လုပ်ခဲ့တဲ့ ၂၀၁၄ ကတည်းက Dubai အမြန်ဆုံးရဲတပ်ဖွဲ့ဝင်တွေအဖွဲ့ဝင်ဖြစ်ခဲ့တာပါ။ Mid-mounted three-cylinder engine ကို electric motors ၂ လုံးနဲ့ချိတ်ဆက်ပေးထားပြီး 357 horsepower ထွက်သလို zero-to-60 in 4.2 secondsနဲ့ ရောက်ရှိနိုင်ပါတယ်။ ပြီးတော့ top speed ကလည်း limited အဖြစ်ဆုံး 155 miles per hour သွားနိုင်ပါတယ်။ ဒူဘိုင်းရဲတွေရဲ့အမြန်ဆုံးအခြားစီးတော်ယာဉ် တွေနဲ့နှိုင်း စာရင် i8 က ဆီတစ်ဂါလံ ၇၆ မိုင်နှုန်းသွားနိုင်တော့ ငွေကုန်ကြေးကျလည်းသက်သာပါသေးတယ်။ တန်ကြေးကလည်း $164,295 လောက်ရှိမှာပါ။
 
Source:Drive Magazine Myanmar
 
 
 
Read times
Rate this item
(0 votes)