International



တရုတ်တွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်

တရုတ်တွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက် google

တရုတ်နိုင်ငံတွင် ဓာတ်ဆီနှင့် ဒီဇယ်ဆီလက်လီ ဈေးနှုန်းများတက်မည် ဖြစ်ကြောင်း ဈေးနှုန်းသစ်မှာ အင်္ဂါနေ့တွင် စတင်မည်ဖြစ်ကြောင်း ထိပ်တန်းစီးပွားရေး စီမံကိန်းမူဝါဒဖော်ဆောင်သူတစ်ဦးက ပြောပါတယ်။

 

ထိုသို့ တရုတ်နိုင်ငံတွင် ဓာတ်ဆီနှင့် ဒီဇယ်ဆီလက်လီ ဈေးနှုန်းများတက်ရာတွင် ဓာတ်ဆီတစ်တန်လျှင် ယွမ်ငွေ၁၈၀( ၂၆ဒသမ၄ဒေါ်လာ)နှင့် ဒီဇယ်ဆီ တစ်တန်လျှင် ၁၇၀ယွမ် တက်မည်ဖြစ်ကြောင်း အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မရှင် NDRC က ပြောပါတယ်။

 

လက်ရှိဈေးနှုန်း အနေအထားအရ အကယ်၍ နိုင်ငံတကာရေနံစိမ်းဈေးနှုန်းမှာ တစ်တန်လျှင် ၅၀ယွမ်ထက်ပိုမို ပြောင်းလဲသွားပြီး အလုပ်လုပ်ရက် ၁၀ရက်တာအတွင်း တည်ငြိမ်နေလျှင် တရုတ်တွင် ဓာတ်ဆီနှင့် ဒီဇယ်ဆီလက်လီ ဈေးနှုန်းများလည်း လိုက်လျောညီထွေစွာ အဆင့်ဆင့်ထပ်တက် ဦးမှာဖြစ်ပါတယ်။

 

အမျိုသားဖွံ့ဖြိုးရေးနှင့်ပြန်လည်တည်ဆောက်ရေး ကော်မရှင် NDRC လက်အောက်ရှိ လောင်စာဆီဈေးနှုန်းကြီးကြပ်မှုစင်တာက ကမ္ဘာ့ဈေးကွက်အတွင်း ရေနံစိမ်းဈေးတက်မှုအလိုက် ပြောင်းလဲသတ်မှတ်ပေးခြင်း ဖြစ်ပါတယ်။

 

အဓိကရေနံကုမ္ပဏီကြီးများဖြစ်သည့် China National Petroleum, China Petrochemical နှင့် China National Offshore Oil တို့အား ရေနံပုံမှန်ထောက်ပံ့ပေးရေးနှင့် ဈေးနှုန်းတည်ငြိမ်ရေး ထိမ်းသိမ်းပေးရန် တရုတ်အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မရှင် NDRC က တောင်းဆိုထားပါတယ်။

 

ကမ္ဘာ့ဈေးကွက်အတွင်း ရေနံစိမ်းဈေးတက်မှုအလိုက် ပြောင်းလဲသတ်မှတ် ထိန်းညှိပေးရန် ကြိုးစားနေကြောင်း တရုတ်အမျိုးသားဖွံ့ဖြိုးရေးနှင့် ပြန်လည်တည်ဆောက်ရေးကော်မရှင် NDRC က သိရပါတယ်။

 

Read more: မြင့်တက်နေဆဲ စလစ်ဈေး

Source: myanmar times

Read times
Rate this item
(0 votes)