International



Proton နှင့် Geely တို့ အကျိုးတူပူးပေါင်းမှု မြှင့်တင်

Proton နှင့် Geely တို့ အကျိုးတူပူးပေါင်းမှု မြှင့်တင် google

မလေးရှားနိုင်ငံပိုင် ကားကုမ္ပဏီ Proton သည် လျှပ်စစ်ကားများအတွက် အဓိကရှယ်ယာရှင် တရုတ်ကားကုမ္ပဏီ Geely နှင့် လက်တွဲပူးပေါင်းမှု တိုးမြှင့်သွားမည်ဖြစ်ပြီး တရုတ်နိုင်ငံတွင် ကားထုတ်လုပ်ရေးစက်ရုံတစ်ရုံ တည်ဆောက်သွားရန်လည်း စီစဉ်နေကြောင်း သိရပါတယ်။

 

တရုတ်နိုင်ငံသို့ အလည်အပတ်ရောက်ရှိနေစဉ် မလေးရှားဝန်ကြီးချုပ် မဟာသီယာသည် Geely ရုံးချုပ်တည်ရှိရာ Hangzhou သို့ သွားရောက်ခဲ့ပြီးနောက် တရုတ်ဈေးကွက်အတွက် တရုတ်နိုင်ငံတွင် ကားများတပ်ဆင်ထုတ်လုပ်ရန် ကားကုမ္ပဏီနှစ်ခုအကြား လက်တွဲပူးပေါင်းမှုတိုးချဲ့မည့် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။

 

အသက် ၉၃ နှစ်ရှိ မဟာသီယာသည် ပထမအကြိမ် မလေးရှားဝန်ကြီးချုပ်ရာထူး ထမ်းဆောင်စဉ် နိုင်ငံပိုင် Proton ကားကုမ္ပဏီကို ဦးစီးတည်ထောင်ပေးခဲ့ခြင်းဖြစ်ပြီး Proton သည် လတ်တလောနှစ်များအတွင်း ရုန်းကန်ခဲ့ရသဖြင့် ပြီးခဲ့သောနှစ်က ရှယ်ယာ ၄၉ ဒသမ ၉ ရာခိုင်နှုန်းကို Geely သို့ ရောင်းချခဲ့ရပါတယ်။

 

တစ်ကျော့ပြန်ဝန်ကြီးချုပ်ဖြစ်လာသော မဟာသီယာသည် အစောပိုင်းက နိုင်ငံပိုင်ကားကုမ္ပဏီသစ်တစ်ခု ထပ်မံတည်ထောင်ရန် အဆိုပြုခဲ့သော်လည်း ယခုအခါ Geely နှင့် ပိုမိုလက်တွဲပူးပေါင်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပါတယ်။

 

မလေးရှားအစိုးရအနေဖြင့် မလေးရှားနိုင်ငံ၏ ကားလုပ်ငန်းကို ရေရှည်တွင် လျှပ်စစ်ကားတင်ပို့သူအဖြစ် ဈေးကွက်ပြိုင်ဆိုင်နိုင်ရန် ရည်ရွယ်ထားပြီး ဆွီဒင်ကားကုမ္ပဏီ Volvo ကို ပိုင်ဆိုင်သော Geely သည် လျှပ်စစ်ကားများထုတ်လုပ်သည့် နည်းပညာအပြင် သုတေသန၊ ဖွံ့ဖြိုးရေး၊ အရည်အသွေးထိန်းသိမ်းမှု နည်းလမ်းများကိုလည်း Proton သို့ ပံ့ပိုးသွားမှာ ဖြစ်ပါတယ်။

 

Read more: မော်တော်ယာဉ်အသုံးပြုခွင့်လက်မှတ်စနစ် (YVQC) စတင်ဆောင်ရွက်မည်
Source: Automobile

Read times
Rate this item
(0 votes)