International



ကားမောင်းရင်းအားသွင်းနိုင်မည့် လျှပ်စစ်ကား Sion

ကားမောင်းရင်းအားသွင်းနိုင်မည့် လျှပ်စစ်ကား Sion google

ကားမောင်းနေရင်း အားသွင်းနိုင်မည့် ဆိုလာလျှပ်စစ်ကားကို

ဂျာမနီတွင် စမ်းသပ်နေပြီ ဖြစ်ပါတယ်။

 

မြူးနစ်အခြေစိုက် ဆိုနိုမော်တော်က စီယွန်ဟု အမည်ပေးထားသည့် အဆိုပါရှေ့ပြေးကားကို တည်ဆောက်ခြင်းဖြစ်ပါတယ်။

 

ဥရောပစီးပွားရေးအင်အားကြီးနိုင်ငံ ဂျာမနီက ၂၀၂၀ ခုနှစ်တွင် လျှပ်စစ်ကားပေါင်း တစ်သန်း အသုံးပြုနိုင်ရန် ရည်ရွယ်ထားပါတယ်။

 

ဆိုလာပြားပေါင်း ၃၃၀ ကို ကားခေါင်မိုး၊ ကားခေါင်းနှင့် ဘေးနှစ်ဖက်နှစ်ချပ်တို့တွင် ကပ်ထားပါတယ်။

 

ထို့ကြောင့် ကားသွားနေစဉ်ဖြစ်ဖြစ်၊ ရပ်ထားစဉ်ပဲဖြစ်ဖြစ် ကျလာသောနေရောင်ခြည်ကို ဆိုလာပြားများက ကောင်းကောင်း စုပ်ယူနိုင်မှာ ဖြစ်ပါတယ်။

 

ဆိုလာစွမ်းအင်သုံးကားဖြစ်သော်လည်း သမာရိုးကျနည်းဖြင့်ပါ စွမ်းအင်ကို ရယူနိုင်သည့်အတွက် နေရောင်မရသော မိုးအုံ့သည့်နေ့များတွင်လည်း စွမ်းအင်မရရှိမည်ကို စိတ်ပူစရာမရှိပေ။

 

အဆိုပါ ဆိုလာပြားများကို ဂျာမနီတွင် ၂၀၁၉ ခုနှစ် နောက်ပိုင်းတွင် စတင်မိတ်ဆက်သွားမည်ဟု သိရပါတယ်။

 

လက်ရှိစမ်းသပ်လျက်ရှိသော ရှေ့ပြေးကားအဆင်ပြေပါက ၂၀၁၉ ခုနှစ်တွင် စီးပွားဖြစ် ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

 

ထိုကားအမျိုးအစားသည် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၈၅၄၀ ခန့်ရှိမည်ဖြစ်ပြီး အမှာစာပေါင်း ၆၅၀၀ ခန့် ရရှိထားပြီဟု ကုမ္ပဏီမှ ပြောခဲ့ပါတယ်။

 

Read more: ကားမောင်းလျှင် ထိုင်ခုံခါးပတ် ပတ်ထားသင့်သည့်အချက်များ
Source: Pyi Myanmar

Read times
Rate this item
(0 votes)