Event & Exhibition



အိမ်ပြင်ထွက်စရာမလိုဘဲ BMW ကားအသစ် ၂ စီးကို တဝကြီးကြည့်လို့ရမယ့် The 1 & The 2 Virtual Launch ပွဲကြီး

ဘယ်လို စိန်ခေါ်မှုမျိုးကိုမဆို အေးအေးဆေးဆေး ရင်ဆိုင်ကျော်ဖြတ်နိုင်လေ့ရှိတဲ့ BMW Car Brand ရဲ့ ကားချစ်သူတို့အတွက် သတင်းကောင်းလေး တစ်ခုလာပြီနော် ..။

 

BMW ကားတွေကိုလည်း ကြည့်ချင်တယ်၊ အိမ်ပြင်လည်း မထွက်ချင်ဘူး ဆိုတဲ့သူတွေအတွက် အိမ်မှာနေရင်း BMW Showroom မှာရရှိနိုင်တဲ့ ကားမော်ဒယ်အသစ်တွေ၊ BMW Service စတဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့အရာတွေကို အချိန်မရွေး ဝင်‌ရောက်ကြည့်ရူနိုင်မယ့် BMW Myanmar Digital Showroom ကို သင့်ဆီ အရောက် ခေါ်ဆောင်လာခဲ့ပါပြီ။


မနက်ဖြန်ကျရောက်မယ့် စက်တင်ဘာလ ၂ ရက်နေ့မှာ သင့်ကို စိတ်လှုပ်ရှားမှုတွေနဲ့အတူ BMW Myanmar မှ လူငယ်ဆန်ဆန် ပေါ့ပါးသွက်လက်ပြီး အမိုက်စားကားတွေဖြစ်တဲ့ BMW THE1 နဲ့ BMW THE2 ကားမော်ဒယ်အသစ် (၂) စီးကို မိတ်ဆက်ပေးသွားမှာ ဖြစ်ပါတယ်။

 

BMW ရဲ့ မော်ဒယ်ကားအသစ် (၂) စီးကို BMW Myanmar ရဲ့ Official Facebook နဲ့ Youtube Channel တို့မှာ မိတ်ဆက်ပေးသွားမယ်လို့ သိရပါတယ်။

 

ကဲ......အားလုံးဘဲ အိမ်ပြင်ထွက်စရာမလိုဘဲနဲ့ မော်ဒယ်ကားအသစ် (၂) စီး တဝကြီးကြည့်ရှုရန် BMW Myanmar ရဲ့ Premiere Live အစီအစဉ်မှာ ပြန်လည်စုံတွေ့ကြမယ်နော်.......

 

BMW Myanmar Official Facebook

>>> Click Here <<<

BMW Myanmar Youtube Channel

>>> Click Here <<<

 

By Myanmar Automobile Guide

Read times
Rate this item
(0 votes)