Event & Exhibition



Suzuki Road Show တွင် ကားဟောင်း နှင့် ကားသစ် လဲလှယ်ဝယ်ယူနိုင်မည့် အလဲအထပ်ဝန်ဆောင်မှု သုံးရက်ကြာ ကျင်းပမည်

Suzuki RIXS Auto , Suzuki Road Show ကို သုံးရက်ကြာ ကျင်းပမည်ဖြစ်ပြီး ကားဟောင်းနှင့် ကားသစ် လဲလှယ် ဝယ်ယူနိုင်သလို ၂၀၁၉ မိုဒယ် Suzuki ကားသစ် များကို Pre Order စနစ်ဖြင့် ရောင်းချပေးမည်ဟု သိရသည်။

ရတနာအိမ်ရာ၊ ရတနာလမ်း၊ သာကေတမြို့နယ်တွင် Showroom ဖွင့်လှစ်ထားသော Suzuki RIXS Auto 025 / Myanmar House.com မှ ကြီးမှူးကျင်းပ သည့် “မြန်မာနိုင်ငံရဲ့ အကြီးဆုံး အိမ်ခြံမြေပြပွဲတွင် Suzuki ကား များကို ဝင်ရောက် ပြသရောင်းချ မည်ဖြစ်သည်။

 

ထိုပြပွဲတွင် Suzuki RIXS Auto မှ Diamond Sponser အဖြစ် ပါဝင်ထားပြီး ဒီဇင်ဘာ ၂၁ ရက်မှ ၂၃ ရက်အထိ ပြည်တွင်းထုတ် Suzuki Brand New ကားဝယ်ယူမည့် သူများကို အထူးပရိုမိုးရှင်း အစီအစဉ်ဖြင့် ကား အသုံးအဆောင် ပစ္စည်းများပေးအပ် မည်ဖြစ်ကာ ကားဟောင်းနှလဲလှယ် လိုသူများကိုလည်း ဝန်ဆောင်မှုပေး မည်ဖြစ်ကြောင်း သိရသည်။

 

"Suzuki RIXS Auto a အထူး Promotion မှာ ကားဝယ် ယူမယ့် သူတွေကို ကားအသုံး အဆောင် ပစ္စည်းတွေပေးဖို့ စီစဉ် ထားသလို ဝင်ငွေခွန်ပေးဆောင်မှုနဲ့ ပတ်သက်ပြီးတော့လည်း ဝန်ထမ်း တွေက သေချာရှင်းပြပေးမှာ ဖြစ်ပါတယ်။ နောက်ပြီး ပြည်တွင်းမှာ တပ်ဆင် ထုတ်လုပ်တဲ့ Suzuki ကားတွေ ဖြစ်တဲ့ Suzuki Eritga ၊ Suzuki Ciaz ၊ Suzuki Swift ၊ Suzuki Carry တို့ကို ကားဟောင်း နဲ့ ကားသစ် အလဲအထပ် လုပ်ပေး မယ့် ဝန်ဆောင်မှုလည်း ရှိပါတယ်။

 

ဒီတစ်ခေါက် Road Show မှာ ၂၀၁၉ မိုဒယ် Brand New ကားတွေဖြစ်တဲ့ Suzuki Ciaz ၊ Swift GL ၊ Suzuki GLX တွေကို Pre Order တင်နိုင်မယ့် အခွင့်အရေး လည်း ပေးမှာဖြစ်ပါတယ်”ဟု Suzuki RIXS Auto မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

 

Suzuki ကားများကို ဘဏ် များဖြင့် ချိတ်ဆက်ကာ ၂ဝ ရာခိုင် နှုန်း Down Payment ပေးသွင်း ၍ အရစ်ကျစနစ်ဖြင့်လည်း ရောင်း ချပေးမည်ဖြစ်ပြီး ဝင်ငွေခွန် ၊ ကညန မှတ်ပုံတင်ကြေးနှင့် ရန်ကုန်လိုင်စင် အတွက် အခွန်အခမပါ

Suzuki Swift (GL) ကို ကျပ် ၁၉၉ သိန်း၊

Suzuki Swift (GLX) mayo ၂၂၉ သိန်း၊

Suzuki Ciaz ကို ကျပ် ၂၅၉ သိန်း၊

Suzuki Ertiga ကို ကျပ် ၂၄၄ သိန်းနှင့်

Suzuki Carry ကို ကျပ် ၈၅ သိန်းတို့ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရ သည်။

Source:Automobile

Read:ယခုနှစ်အတွက် မော်တော်ယာဉ် သွင်းကုန်ပါမစ်များကို ဒီဇင်ဘာလ ၂၇ ရက်အထိ လျှောက်ထားခွင့်ပြုမည်

ယခုနှစ်အတွက် မော်တော်ယာဉ် သွင်းကုန်ပါမစ်များကို ဒီဇင်ဘာလ ၂၇ ရက်အထိ လျှောက်ထားခွင့်ပြုမည်

Read times
Rate this item
(1 Vote)