Event & Exhibition



Untied Diamond Motor ကုမ္ပဏီမှ သီတင်းကျွတ် Promotion

Untied Diamond Motor ကုမ္ပဏီမှ သီတင်းကျွတ် Promotion google

Untied Diamond Motor ကုမ္ပဏီမှ ကားအမျိုးအစားလေးမျိုးကို သီတင်းကျွတ် Promotion အစီအစဉ်ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

သီတင်းကျွတ် Promotion အစီအစဉ်အဖြစ် အောက်တိုဘာ ၂၃ ရက်မှ ၂၅ အထိ Nissan Brand New ကားအမျိုးအစားလေးမျိုးကို မူရင်းထက်သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးမယ်လို့ သိရပါတယ်။

 

Promotion အစီအစဉ်တွင် Nissan Sunny 2017 အတွက် Cash Discount ၁၀ သိန်းနှင့် Free Service တစ်သိန်းတန်ကူပွန်၊ Nissan Sunny 2018 အတွက် Cash Discount သုံးသိန်းနှင့် Free Service တစ်သိန်းတန်ကူပွန်နှင့်အတူ ကားအပိုပစ္စည်း ငါးမျိုး၊ Nissan Navara (AT) အတွက် Cash Discount အမေရိကန်ဒေါ်လာ ၃၀၀၀၊ Nissan Altima Cold Stock အတွက် Cash Discount အမေရိကန်ဒေါ်လာ ၇၀၀၀၊ Nissan X-Trail(Red Colour Only) အတွက် Cash Discount အမေရိကန်ဒေါ်လာ ၆၅၀၀ ဈေးလျှော့ရောင်းချပေးမည်ဖြစ်ကြောင်း သိရပါတယ်။

 

ထိုကားအမျိုးအစားလေးမျိုးကို UDM Showroom တွင် ၀ယ်ယူုနိုင်ပြီး Nissan Sunny 2017 ကို မြန်မာငွေ ၂၅၆ သိန်း၊ Nissan Sunny 2018 ကို မြန်မာငွေ ၂၅၆ သိန်း၊ Nissan Navara (AT) ကို အမေရိကန်ဒေါ်လာ ၄၄,၀၀၀၊ Nissan Altima Cold Stock ကို အမေရိကန်ဒေါ်လာ ၅၉,၅၀၀၊ Nissan X-Trail (Red Colour Only) ကို အမေရိကန်ဒေါ်လာ ၅၉,၀၀၀ ဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း၊ လက်ငင်းစနစ်အပြင် အရစ်ကျစနစ်ဖြင့်လည်း ရောင်းချပေးမည်ဖြစ်ကာNissan ကားများအတွက် Warranty သုံးနှစ်၊ သို့မဟုတ် ကီလိုမီတာ တစ်သိန်း အာမခံပေးထားကြောင်း သိရပါတယ်။

 

Read more: Toyota Innova မြန်မာပြည်ဈေးကွက်သို့ ရောက်ရှိ
Source: automobile

Read times
Rate this item
(0 votes)