Event & Exhibition



GAC Motor Myanmar မှ Road Show ကျင်းပမည်

GAC Motor Myanmar မှ Road Show ကျင်းပမည် google

GAC Motor Myanmar မှ GAC ကားများကို မြန်မာပလာဇာတွင် Road Show ကျင်းပရောင်းချသွားမည်ဖြစ်ကြောင်း သိရပါတယ်။

GAC Road Show ကို မြန်မာပလာဇာတွင် စက်တင်ဘာ ၂၈ မှ ၃၀ ရက်အထိ ကျင်းပပြုလုပ်သွားမှာဖြစ်ပြီး GS3, GS4, GS7, Gs8(4WD), GS4, GM8 MPV တို့ကို အထူးဈေးနှုန်းဖြင့် ရောင်းချပေးမှာ ဖြစ်ပါတယ်။

Road Show ကာလအတွင်း GAC ကားများကို အထူးလျှော့ဈေးများဖြင့် ရောင်းချပေးရာတွင် GS3 ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၃၅၈၈၈ မှ ၃၂၈၈၈၊ GS4 ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၄၃၈၈၈မှ ၃၈၈၈၈၊ GS7 ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၅၃၈၈၈ မှ ၄၈၈၈၈၊ GS8(4WD) ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၆၆၈၈၈ မှ ၆၂၈၈၈၊ GA4 ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၃၅၈၈၈ မှ ၂၉၈၈၈၊ GM8 MPV ကို မူရင်းဈေး အမေရိကန်ဒေါ်လာ ၆၉၈၈၈ မှ ၆၄၈၈၈ တို့ဖြင့် ရောင်းချသွားမှာဖြစ်ကြောင်း သိရပါတယ်။

GAC Motor Myanmar မှ GAC ကားများကို ငါးနှစ် သို့မဟုတ် ကီလိုမီတာတစ်သိန်း၊ Free Maintenance Service သုံးနှစ် သို့အဟုတ် ကီလိုမီတာ ခြောက်သောင်း အာမခံပေးထားပါတယ်။

GAC ကားများကို CB Bank ၊ AYA Bank တို့ဖြင့် ချိတ်ဆက်ကာ ၃၀ ရာခိုင်နှုန်း သို့မဟုတ် ၅၀ ရာခိုင်နှုန်း ကနဦးပေးသွင်းပြီး တစ်နှစ်မှ ငါးနှစ်အထိ အရစ်ကျစနစ်ဖြင့်လည်း ၀ယ်ယူနိုင်ကြောင်း သိရပါတယ်။

 

Read more: ကညနရုံးများတွင် ကားအရေအတွက် တိုးမြှင့် စစ်ဆေးပေးမည်
Source: automobile

Read times
Rate this item
(0 votes)