Event & Exhibition



Volvo Car Myanmar မှ အထူးပရိုမိုးရှင်းဖြင့် ကားများရောင်းချမည်

Volvo Car Myanmar မှ အထူးပရိုမိုးရှင်းဖြင့် ကားများရောင်းချမည် google

Volvo Car Myanmar မှ Mid-Year အထူးပရိုမိုးရှင်းအစီအစဉ်ဖြင့် Volvo ကားများ ရောင်းချမည်ဖြစ်ကြောင်း သိရပါတယ်။

 

Mid-Year အထူးပပရိုမိုရှင်းအစီအစဉ်ဖြင့် Volvo ကားအမျိုးအစား ခြောက်မျိုးကို ကားတန်ဖိုး၏ ၃ ရာခိုင်နှုန်း လျှော့ဈေးနှင့်အတူ အမေရိကန်ဒေါ်လာ တစ်ထောင် တန်ဖိုးရှိသည့် Gift Voucher ကိုလည်း လက်ဆောင်ပေးအပ်သွားမှာ ဖြစ်သလို ကားအပိုပစ္စည်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းဆိုင်ရာ ၀န်ဆောင်မှုများကိုလည်း အခမဲ့ ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

 

Volvo Car Myanmar ကနေ XC90, V40, S90, The New XC60, V40 Cross Country, The New XC40 စတဲ့ ကားအမျိုးအစားတွေကို စက်တင်ဘာလအတွင်း ၀ယ်ယူပါက ကားတန်ဖိုး၏ ၃ ရာခိုင်နှုန်း ဈေးလျော့ရောင်းချပေးမှာ ဖြစ်ပါတယ်။

 

အမေရိကန်ဒေါ်လာ တစ်ထောင်တန်ဖိုးရှိတဲ့ Gift Voucher ကိုလည်း လက်ဆောင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

 

Volvo Car Myanmar မှ ဆွီဒင်နိုင်ငံထုတ်ကားများကို ရောင်းချရာတွင် XC90 ကို အမေရိကန်ဒေါ်လာ ၁၄၅,၀၀၀၊ V40 ကို အမေရိကန်ဒေါ်လာ ၅၃,၀၀၀၊ S90 ကို အမေရိကန်ဒေါ်လာ ၁၂၈,၀၀၀၊ The New XC60 ကို အမေရိကန်ဒေါ်လာ ၁၁၅,၀၀၀၊ V40 Cross Country ကို အမေရိကန်ဒေါ်လာ ၇၀,၀၀၀၊ The New XC40 ကို အမေရိကန်ဒေါ်လာ ၈၃,၀၀၀၊ ဖြင့် ရောင်းချပေးနေပြီး ၃ နှစ် သို့မဟုတ် ကီလိုမီတာ ၁ သိန်း အာမခံပေးထားကြောင်း သိရပါတယ်။

 

Read more: Tesla တွင် ပါသော Touch Screen နှင့် ပုံစံတူ Tablet ကို အိန္ဒိယစက်ပြင်ဆရာတစ်ဦးတီထွင်
Source: automobile

Read times
Rate this item
(0 votes)