USA



ကိုယ္ထည္ၾကံ႕ခုိင္မႈအားေကာင္းသည့္ Chevrolet cruze 2017(Zawgyi-Unicode)

ကိုယ္ထည္ၾကံ႕ခုိင္မႈအားေကာင္းသည့္ Chevrolet cruze 2017(Zawgyi-Unicode) google

Chevrolet ၏ဒုတိယမ်ိဳးဆက္ျဖစ္သည့္ All-New Cruze သည္ အရင္ထြက္ရွိခဲ့သည့္

ပထမမ်ိဳးဆက္က ကားမ်ားထက္ ကိုယ္ထည္အခိ်ဳးပုိမိုလွပလာၿပီး Aerodynamic ျဖစ္ေအာင္တည္ေဆာက္ထားေၾကာင္း သိရသည္။

ေလကာမွန္ႏွင့္ ေနာက္ခန္းမွန္တုိ႕ကုိ sport ဆန္ဆန္ခပ္ေျပေျပေလး ျပဳလုပ္ေပးထားၿပီး ေၾကာ့ရွင္းမႈကို ပုိမိုေပၚလြင္ေစရန္ ေဘာနတ္နွင့္ ကိုယ္ထည္တစ္ေလွ်ာက္ လုိင္းေလးမ်ားထည့္သြင္းတည္ေဆာက္ထားပါသည္။

ကိုယ္ထည္အခ်ိဳးအစားက အရင္မုိဒယ္မ်ားထက္ ၂၅ မီလီမီတာ ပိုရွည္ၿပီး ၁၀ မီလီမီတာ ပုိနိမ့္ပါသည္။

ဘီး၀င္ရုိးတန္းႏွစ္ခုၾကား အကြာအေ၀း(wheel-base) အကြာအေ၀းက ၂,၇၀၀ မီလီမီတာရွိၿပီး ဆုိင္းထိန္းစနစ္မ်ားမွာ အလူမီနီယံသတၱဳကို ထည့္သြင္းအသုံးျပဳထားေသာေၾကာင့္ အေလးခ်ိန္ေပါ့ပါးၿပီး အေကာင္းဆုံးထိန္းခ်ဳပ္ေမာင္းႏွင္မႈပုံစံကို ရရွိေစမည္ ျဖစ္ပါသည္။

အတြင္းခန္းမွာ ယာဥ္ေမာင္းႏွင့္ခရီးသည္မ်ား သက္ေသာင့္သက္သာ ေမာင္းႏွင္စီးနင္းႏုိင္ေစရန္ ေရွ႕ခန္း၊ ေနာက္ခန္းႏွစ္ခုစလုံးကို က်ယ္က်ယ္၀န္း၀န္းဖန္တီးေပးထားပါသည္။

 

***သင္စိတ္၀င္စားႏုိ္င္ေသာကားရီမုတ္ကိုေလးၾကိမ္ဆက္တုိက္နွိပ္လွ်င္ ျဖစ္လာမည့္အခ်က္မ်ား***

 

ဒက္ရွ္ဘုတ္ေပၚမွ Instrument Cluster ၏လုိင္းမ်ားက ေရွ႕တံခါးႏွစ္ခ်ပ္ႏွင့္ ေျပေျပျပစ္ျပစ္ ေပါင္းစပ္သြားပါသည္။

ဒက္ရွ္ဘုတ္ဒီဇုိင္းက အျပင္ပိုင္းဒီဇုိင္းနည္းတူ ေတာင့္တင္းခုိင္မာမႈရသကဲ့သို႕ ခံစားရေစပါသည္။

Chevrolet ၏နာမည္ေက်ာ္ MyLink Infotainment စနစ္အတြက္ ခုႏွစ္လက္မအရြယ္ Touch Screen ကိုထည့္သြင္းေပးထားပါသည္။

ထုိမွတစ္ဆင့္ ေဖ်ာ္ေျဖေရး၊ လမ္းျပေျမပုံစနစ္စသည္တုိ႕ကို အလြယ္တကူအသုံးျပဳႏုိင္ၿပီး Apple CarPlay ႏွင့္ အဆင္ေျပေျပခ်ိတ္ဆက္အသုံးျပဳႏုိင္မည္ ျဖစ္ပါသည္။

2

၂၀၁၇ မုိဒယ္ All-New Cruze မွာမ်ိဳးဆက္သစ္နည္းပညာႏွင့္ တည္ေဆာက္ထားသည့္ 1.4L Turbocharged အင္ဂ်င္ကို Auto Cylinder Block ႏွင့္ Head မ်ားကို အလူမီနီယံႏွင့္ တည္ေဆာက္ထားေသာေၾကာင့္ ယာဥ္အေလးခ်ိန္ကို ပုိၿပီးေပါ့ပါးသြားေစပါသည္။

အင္ဂ်င္၏ စြမ္းေဆာင္ရည္က ျမင္းေကာင္ေရ ၁၅၃ ေကာင္အားရွိၿပီး ယခင္မုိဒယ္မ်ားထက္ပိုၿပီး ေပါ့ပါးေသာေၾကာင့္ စြမ္းေဆာင္ရည္လည္း ပိုၿပီး ေကာင္းမြန္ေစပါသည္။

စီးနင္းသူမ်ား၏ လုံျခဳံေရးအတြက္ ကုိယ္ထည္ကိုၾကံ႕ခုိင္မႈအားေကာင္းသည့္ Steel ကိုအသုံးျပဳထားၿပီး မေတာ္တဆမႈ တစ္ခုခုျဖစ္သည့္အခါ ခရီးသည္မ်ားကို ကာကြယ္မႈ အျပည့္ေပးႏုိ္င္ေစရန္ တည္ေဆာက္ထားပါသည္။

ထုိင္ခုံမ်ားတြင္ 3-Point Safety Belts မ်ားကုိတပ္ဆင္ေပးထားၿပီး ယင္းခါးပတ္မ်ားက လိုအပ္ခ်ိန္တြင္ အလုိအေလ်ာက္တင္းသြားၿပီး စီးနင္းသူမ်ားကို ထိခိုက္မႈနည္းပါးေအာင္ ကာကြယ္ေပးထားပါသည္။

ထုိ႕ျပင္ ေခတ္မီလုံျခဳံေရးစနစ္မ်ားျဖစ္သည့္ Traction Control, Anti-lock Braking System, Electronic Stability Control, Rollover Mitigation ႏွင့္ Tyre Pressure Monitoring စနစ္မ်ားကိုလည္း အသုံးျပဳထားပါသည္။

၂၀၁၇ မုိဒယ္ Chevrolet All-New Cruze ၏ ေစ်းႏႈန္းမွာ အေမရိကန္ေဒၚလာ ၃၆၀၀၀ ၀န္းက်င္ျဖစ္ၿပီး ၀န္ေဆာင္မႈအေနျဖင့္ သုံးႏွစ္ သို႕မဟုတ္ ကီလုိတစ္သိန္းအာမခံႏွင့္ေရာင္းခ်ေပးလွ်က္ရွိေၾကာငး္ သိရသည္။

Source:automobile journal


(Unicode)

ကိုယ်ထည်ကြံ့ခိုင်မှုအားကောင်းသည့် Chevrolet cruze 2017(Zawgyi-Unicode)

Chevrolet ၏ဒုတိယမျိုးဆက်ဖြစ်သည့် All-New Cruze သည် အရင်ထွက်ရှိခဲ့သည့် ပထမမျိုးဆက်က ကားများထက် ကိုယ်ထည်အချိုးပိုမိုလှပလာပြီး Aerodynamic ဖြစ်အောင်တည်ဆောက်ထားကြောင်း သိရသည်။

လေကာမှန်နှင့် နောက်ခန်းမှန်တို့ကို sport ဆန်ဆန်ခပ်ပြေပြေလေး ပြုလုပ်ပေးထားပြီး ကြော့ရှင်းမှုကို ပိုမိုပေါ်လွင်စေရန် ဘောနတ်နှင့် ကိုယ်ထည်တစ်လျှောက် လိုင်းလေးများထည့်သွင်းတည်ဆောက်ထားပါသည်။

ကိုယ်ထည်အချိုးအစားက အရင်မိုဒယ်များထက် ၂၅ မီလီမီတာ ပိုရှည်ပြီး ၁၀ မီလီမီတာ ပိုနိမ့်ပါသည်။

 

***သင်စိတ်ဝင်စားနို်င်သောကားရီမုတ်ကိုလေးကြိမ်ဆက်တိုက်နှိပ်လျှင် ဖြစ်လာမည့်အချက်များ***

 

ဘီးဝင်ရိုးတန်းနှစ်ခုကြား အကွာအဝေး(wheel-base) အကွာအဝေးက ၂,၇၀၀ မီလီမီတာရှိပြီး ဆိုင်းထိန်းစနစ်များမှာ အလူမီနီယံသတ္တုကို ထည့်သွင်းအသုံးပြုထားသောကြောင့် အလေးချိန်ပေါ့ပါးပြီး အကောင်းဆုံးထိန်းချုပ်မောင်းနှင်မှုပုံစံကို ရရှိစေမည် ဖြစ်ပါသည်။

အတွင်းခန်းမှာ ယာဉ်မောင်းနှင့်ခရီးသည်များ သက်သောင့်သက်သာ မောင်းနှင်စီးနင်းနိုင်စေရန် ရှေ့ခန်း၊ နောက်ခန်းနှစ်ခုစလုံးကို ကျယ်ကျယ်ဝန်းဝန်းဖန်တီးပေးထားပါသည်။

ဒက်ရှ်ဘုတ်ပေါ်မှ Instrument Cluster ၏လိုင်းများက ရှေ့တံခါးနှစ်ချပ်နှင့် ပြေပြေပြစ်ပြစ် ပေါင်းစပ်သွားပါသည်။

ဒက်ရှ်ဘုတ်ဒီဇိုင်းက အပြင်ပိုင်းဒီဇိုင်းနည်းတူ တောင့်တင်းခိုင်မာမှုရသကဲ့သို့ ခံစားရစေပါသည်။

Chevrolet ၏နာမည်ကျော် MyLink Infotainment စနစ်အတွက် ခုနှစ်လက်မအရွယ် Touch Screen ကိုထည့်သွင်းပေးထားပါသည်။

ထိုမှတစ်ဆင့် ဖျော်ဖြေရေး၊ လမ်းပြမြေပုံစနစ်စသည်တို့ကို အလွယ်တကူအသုံးပြုနိုင်ပြီး Apple CarPlay နှင့် အဆင်ပြေပြေချိတ်ဆက်အသုံးပြုနိုင်မည် ဖြစ်ပါသည်။

၂၀၁၇ မိုဒယ် All-New Cruze မှာမျိုးဆက်သစ်နည်းပညာနှင့် တည်ဆောက်ထားသည့် 1.4L Turbocharged အင်ဂျင်ကို Auto Cylinder Block နှင့် Head များကို အလူမီနီယံနှင့် တည်ဆောက်ထားသောကြောင့် ယာဉ်အလေးချိန်ကို ပိုပြီးပေါ့ပါးသွားစေပါသည်။

အင်ဂျင်၏ စွမ်းဆောင်ရည်က မြင်းကောင်ရေ ၁၅၃ ကောင်အားရှိပြီး ယခင်မိုဒယ်များထက်ပိုပြီး ပေါ့ပါးသောကြောင့် စွမ်းဆောင်ရည်လည်း ပိုပြီး ကောင်းမွန်စေပါသည်။

စီးနင်းသူများ၏ လုံခြုံရေးအတွက် ကိုယ်ထည်ကိုကြံ့ခိုင်မှုအားကောင်းသည့် Steel ကိုအသုံးပြုထားပြီး မတော်တဆမှု တစ်ခုခုဖြစ်သည့်အခါ ခရီးသည်များကို ကာကွယ်မှု အပြည့်ပေးနို်င်စေရန် တည်ဆောက်ထားပါသည်။

ထိုင်ခုံများတွင် 3-Point Safety Belts များကိုတပ်ဆင်ပေးထားပြီး ယင်းခါးပတ်များက လိုအပ်ချိန်တွင် အလိုအလျောက်တင်းသွားပြီး စီးနင်းသူများကို ထိခိုက်မှုနည်းပါးအောင် ကာကွယ်ပေးထားပါသည်။

ထို့ပြင် ခေတ်မီလုံခြုံရေးစနစ်များဖြစ်သည့် Traction Control, Anti-lock Braking System, Electronic Stability Control, Rollover Mitigation နှင့် Tyre Pressure Monitoring စနစ်များကိုလည်း အသုံးပြုထားပါသည်။

၂၀၁၇ မိုဒယ် Chevrolet All-New Cruze ၏ စျေးနှုန်းမှာ အမေရိကန်ဒေါ်လာ ၃၆၀၀၀ ၀န်းကျင်ဖြစ်ပြီး ၀န်ဆောင်မှုအနေဖြင့် သုံးနှစ် သို့မဟုတ် ကီလိုတစ်သိန်းအာမခံနှင့်ရောင်းချပေးလျှက်ရှိကြောငး် သိရသည်။

Source:automobile journal

Read times
Rate this item
(0 votes)