USA



Ford v Ferrari ဆိုတာထက် Operation Vs Management ကိုခံစားလိုသူတွေအတွက်

Ford v Ferrari ဆိုတာထက် Operation Vs Management ကိုခံစားလိုသူတွေအတွက် google

တက်ကျိုးရင်လက်ထိုးလှော်မယ့်အစားထဲပါ သင်ပါနေပြီလား……..

 

အောင်မြင်မှုအတွက် စွန့်စားဖို့အသင့်ဖြစ်နေပြီလား………

 

စကားလုံးအလှအပတွေထက် တည့်တိုးအိုးပေါက်နဲ့ လိုရင်းကိုခပ်မြန်မြန်ပြောတတ်သူလား…..

 

ဒါတွေနဲ့ကိုက်ညီနေပြီဆိုရင်တော့ Ford v Ferrari မဖြစ်မနေကြည့်သင့်ပြီပေါ့။


ဇာတ်လမ်းသဘောက Ford v Ferrari ဆိုတာထက် ……. Operation v Management ပိုင်းကိုလည်းသွားတယ်လို့ ကျွန်တော်ထင်တယ်။ ဇတ်လမ်းအများစုမှာ Ford အနေနဲ့ Ferrari ကို ဘယ်လိုပြိုင်မလဲဆိုတာထက် ကုမ္ပဏီကြီးတွေမှာ ရှိတတ်တဲ့သဘောတရားကို ခပ်ပါးပါးစီလှစ်ပြ ထားတယ်။


အမြင်သာဆုံးတွေကတော့ …


အစီရင်ခံစာတင်တယ်။ အလွှာဘယ်နှစ်လွှာ၊ လက်ဘယ်နှစ်ယောက်ပြောင်းတယ်၊ အထဲမှာဘာတွေ ပြောင်းလဲသွားမလဲ။ (Matt Damon as Carroll Shelby)


ဒီကုမ္ပဏီကို ဦးဆောင်နေတာတစ်ယောက်ပဲရှိတယ်၊ အဲဒီသူကိုပဲ အစီရင်ခံရမယ်။ (Henry Ford II)


ကိန်းကြီးခန်းကြီးတွေနဲ့ အဆင်မပြေပဲ အဆင့်ဆင့်ခံနေရရင် လုပ်ရကိုင်ရတာ စိတ်ချမ်းသာမှာမဟုတ် ဘူးလို့ တည့်တိုးအိုးပေါက်ပြောတတ်တဲ့ (Christian Bale as Ken Miles)


Senior Management level ဆိုတာက မောင်းနေတဲ့ကားရဲ့ အင်ဂျင်ရုန်းအား (RPM) ကိုတောင် ထိန်းချုပ်ထားတယ်။ ကျွန်တော့်ဆုံးဖြတ်သာအတည်ပါဆိုတဲ့ [Josh Lucas (Senior executive vice president)]


Operation နဲ့ Management မှာဆိုရင် Management ပိုင်းကို စိတ်ချမ်းသာအောင် ဘယ်လိုထား ရမလဲဆိုတာ အရင်းအနှီးကြီးစွာဖြင့်သက်သေပြခဲ့တဲ့ (Christian Bale as Ken Miles)


ဇတ်လမ်းလားတော့ မမေးနဲ့ ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက်နေ့မှာကျင်းပမယ့် အော်စကာဆုပေးပွဲ အတွက် ဆန်ခါတင်စာရင်း မှာ Ford v Ferrari က ၄ ဆုတောင်လျာထားခြင်းခံထားရသလို Box office ကလည်း ၁၉၃ သန်းကျော်နေပါပြီဆိုတော့ ……


ဒါ့အပြင် ကျွန်တော်တို့ မြန်မာပြည်ရဲ့ပြည်တွင်းက Ford အနေနဲ့ကလည်း သူတို့ရဲ့ RSVP ကို ဖုန်းဆက်သွယ်လာမယ့် ပထမဆုံး ၅ ဦး ကို ကန်သာယာ JCGV မှာပြသမယ့် Ford Vs Ferrari အတွက် လက်မှတ်တွေ မေတ္တာနဲ့ဝေပေးသွားခဲ့တယ်ဆိုမှတော့ ……


ဇတ်လမ်းအကျဉ်းကတော့


၁၉၆၃ခုနှစ်မှာ ငွေကြေးအခက်အခဲဖြစ်နေတဲ့ Itilyက ကားထုတ်လုပ်တဲ့ Ferrari Companyကို USက Ford Motor Companyဟာ ဝယ်ဖို့ကြိုးစားတယ်။ ဒါပေမဲ့ နောက်ထပ် Itilyက ကားထုတ်တဲ့ Fiat Companyကနေ ပိုကောင်းတဲ့ အခွင့်အလမ်းနဲ့ Ferrari Companyကို ဆက်လက် ပိုင်ဆိုင်ခွင့်ပါရတဲ့ အခွင့်အရေးကမ်းလှမ်းလာတဲ့အတွက် Fordဟာ အငြင်းခံလိုက်ရပါတယ်။ လူကြီပိုင်းချင်းပါ တင်စီးခံ လိုက်တယ်ပေါ့။


Ferrariကို အနိုင်ယူချင်တဲ့ Fordဟာ ပြင်သစ်မှာ 24နာရီကြာ ကားမောင်းယှဉ်ပြိုင်ရမယ့် 24 Hours of Le Mansကား ပြိုင်ပွဲမှာ ဝင်ပြိုင်ဖို့ ကြိုးစားပါတော့တယ်။ ၁၉၆၀ ကနေ ၁၉၆၅ အထိ ဆက်တိုက် အနိုင်ရထားတဲ့ Ferrariကို ယှဉ်ပြိုင်ဖို့အတွက် ကမ္ဘာ့အမြန်ဆုံး ပြိုင်ကားကို ထုတ်လုပ်ဖို့လိုလာပါတယ်။


၁၉၅၉ခုနှစ Le Mansကားပြိုင်ပွဲမှာ အနိုင်ရဖူးတဲ့ Shelby American Company ပိုင်ရှင် Carroll Shelbyနဲ့ အကြောက်အလန့်ကင်းတဲ့ Britishကားပြိုင်သမား Ken Miles တို့ရဲ့ အကူအညီနဲ့ ကမ္ဘာ့ အမြန်ဆုံး ပြိုင်ကားကို ထုတ်လုပ်ယှဉ်ပြိုင်ကြတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်..


Matt Damon ရဲ့ဖြတ်ထိုးဉာဏ်၊ ပါးနပ်မှုနဲ့အတူ Ken Miles ရဲ့ ကြိုးစားမှု၊ စိတ်အားထက်သန်မှုတွေ အပြင် ကိန်းကြီးခန်းကြီးနိုင်လှတဲ့ ကုမ္ပဏီအချို့ရဲ့လုပ်ဆောင်တာတွေကို မြင်တွေ့ရမှာဖြစ်လို့ လက်တွေ့ဘဝကို ထင်ဟပ်ပြစေမယ့်ရုပ်ရှင်ကားကောင်းလို့ ညွှန်းဆိုချင်ပါတယ်။ ဖျော်ဖြေရေးဆိုတာ ထက်ကိုမျှော်လင့်နေသူတွေအတွက်တော့ လက်လွှတ်မခံသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ခုပဲဖြစ် ပါတယ်။


နောက်တစ်ပတ်မှာတော့ ဒီဇာတ်ကားရဲ့ အဓိကသရုပ်ဆောင်အဖြစ်အသုံးတော်ခံခဲ့တဲ့ Ford GT40 အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒီကားက ၁၉၆၇ ကနေ ၁၉၆၉ခုနှစ် ၃ နှစ်ဆက်တိုက် 24 Hours Le Mans မှာအနိုင်ရခဲ့တယ်ဆိုတာ အမြည်းပြောထားခဲ့ပါရစေ …….

 

Ford_vs_Ferrari.jpg

 

မင္းခန္႔


Myanmar Automobile Equipment Directory


Zawgyi


Ford v Ferrari ဆိုတာထက္ Operation Vs Management ကိုခံစားလိုသူေတြအတြက္


တက္က်ိဳးရင္လက္ထိုးေလွာ္မယ့္အစားထဲပါ သင္ပါေနၿပီလား……..


ေအာင္ျမင္မႈအတြက္ စြန္႔စားဖို႔အသင့္ျဖစ္ေနၿပီလား………


စကားလံုးအလွအပေတြထက္ တည့္တိုးအိုးေပါက္နဲ႔ လိုရင္းကိုခပ္ျမန္ျမန္ေျပာတတ္သူလား…..


ဒါေတြနဲ႔ကိုက္ညီေနၿပီဆိုရင္ေတာ့ Ford v Ferrari မျဖစ္မေနၾကည့္သင့္ၿပီေပါ့။


ဇာတ္လမ္းသေဘာက Ford v Ferrari ဆိုတာထက္ ……. Operation v Management ပိုင္းကိုလည္းသြားတယ္လို႔ ကၽြန္ေတာ္ထင္တယ္။ ဇတ္လမ္းအမ်ားစုမွာ Ford အေနနဲ႔ Ferrari ကို ဘယ္လိုၿပိဳင္မလဲဆိုတာထက္ ကုမၸဏီႀကီးေတြမွာ ရွိတတ္တဲ့သေဘာတရားကို ခပ္ပါးပါးစီလွစ္ျပ ထားတယ္။


အျမင္သာဆံုးေတြကေတာ့ …


အစီရင္ခံစာတင္တယ္။ အလႊာဘယ္ႏွစ္လႊာ၊ လက္ဘယ္ႏွစ္ေယာက္ေျပာင္းတယ္၊ အထဲမွာဘာေတြ ေျပာင္းလဲသြားမလဲ။ (Matt Damon as Carroll Shelby)


ဒီကုမၸဏီကို ဦးေဆာင္ေနတာတစ္ေယာက္ပဲရွိတယ္၊ အဲဒီသူကိုပဲ အစီရင္ခံရမယ္။ (Henry Ford II)


ကိန္းႀကီးခန္းႀကီးေတြနဲ႔ အဆင္မေျပပဲ အဆင့္ဆင့္ခံေနရရင္ လုပ္ရကိုင္ရတာ စိတ္ခ်မ္းသာမွာမဟုတ္ ဘူးလို႔ တည့္တိုးအိုးေပါက္ေျပာတတ္တဲ့ (Christian Bale as Ken Miles)


Senior Management level ဆိုတာက ေမာင္းေနတဲ့ကားရဲ႕ အင္ဂ်င္႐ုန္းအား (RPM) ကိုေတာင္ ထိန္းခ်ဳပ္ထားတယ္။ ကၽြန္ေတာ့္ဆံုးျဖတ္သာအတည္ပါဆိုတဲ့ [Josh Lucas (Senior executive vice president)]


Operation နဲ႔ Management မွာဆိုရင္ Management ပိုင္းကို စိတ္ခ်မ္းသာေအာင္ ဘယ္လိုထား ရမလဲဆိုတာ အရင္းအႏွီးႀကီးစြာျဖင့္သက္ေသျပခဲ့တဲ့ (Christian Bale as Ken Miles)


ဇတ္လမ္းလားေတာ့ မေမးနဲ႔ ၂၀၂၀ခုႏွစ္ ေဖေဖာ္ဝါရီလ ၁၀ ရက္ေန႔မွာက်င္းပမယ့္ ေအာ္စကာဆုေပးပဲြ အတြက္ ဆန္ခါတင္စာရင္း မွာ Ford v Ferrari က ၄ ဆုေတာင္လ်ာထားျခင္းခံထားရသလို Box office ကလည္း ၁၉၃ သန္းေက်ာ္ေနပါၿပီဆိုေတာ့ ……


ဒါ့အျပင္ ကၽြန္ေတာ္တို႔ ျမန္မာျပည္ရဲ႕ျပည္တြင္းက Ford အေနနဲ႔ကလည္း သူတို႔ရဲ႕ RSVP ကို ဖုန္းဆက္သြယ္လာမယ့္ ပထမဆံုး ၅ ဦး ကို ကန္သာယာ JCGV မွာျပသမယ့္ Ford Vs Ferrari အတြက္ လက္မွတ္ေတြ ေမတၱာနဲ႔ေ၀ေပးသြားခဲ့တယ္ဆိုမွေတာ့ ……


ဇတ္လမ္းအက်ဥ္းကေတာ့


၁၉၆၃ခုႏွစ္မွာ ေငြေၾကးအခက္အခဲျဖစ္ေနတဲ့ Itilyက ကားထုတ္လုပ္တဲ့ Ferrari Companyကို USက Ford Motor Companyဟာ ဝယ္ဖို႔ႀကိဳးစားတယ္။ ဒါေပမဲ့ ေနာက္ထပ္ Itilyက ကားထုတ္တဲ့ Fiat Companyကေန ပိုေကာင္းတဲ့ အခြင့္အလမ္းနဲ႔ Ferrari Companyကို ဆက္လက္ ပိုင္ဆိုင္ခြင့္ပါရတဲ့ အခြင့္အေရးကမ္းလွမ္းလာတဲ့အတြက္ Fordဟာ အျငင္းခံလိုက္ရပါတယ္။ လူႀကီပိုင္းခ်င္းပါ တင္စီးခံ လိုက္တယ္ေပါ့။


Ferrariကို အႏိုင္ယူခ်င္တဲ့ Fordဟာ ျပင္သစ္မွာ 24နာရီၾကာ ကားေမာင္းယွဥ္ၿပိဳင္ရမယ့္ 24 Hours of Le Mansကား ၿပိဳင္ပြဲမွာ ဝင္ၿပိဳင္ဖို႔ ႀကိဳးစားပါေတာ့တယ္။ ၁၉၆၀ ကေန ၁၉၆၅ အထိ ဆက္တိုက္ အႏိုင္ရထားတဲ့ Ferrariကို ယွဥ္ၿပိဳင္ဖို႔အတြက္ ကမာၻ႔အျမန္ဆုံး ၿပိဳင္ကားကို ထုတ္လုပ္ဖို႔လိုလာပါတယ္။


၁၉၅၉ခုႏွစ Le Mansကားၿပိဳင္ပြဲမွာ အႏိုင္ရဖူးတဲ့ Shelby American Company ပိုင္ရွင္ Carroll Shelbyနဲ႔ အေၾကာက္အလန႔္ကင္းတဲ့ Britishကားၿပိဳင္သမား Ken Miles တို႔ရဲ႕ အကူအညီနဲ႔ ကမာၻ႔ အျမန္ဆုံး ၿပိဳင္ကားကို ထုတ္လုပ္ယွဥ္ၿပိဳင္ၾကတာကို ျမင္ေတြ႕ရမွာ ျဖစ္ပါတယ္..


Matt Damon ရဲ႕ျဖတ္ထိုးဉာဏ္၊ ပါးနပ္မႈနဲ႔အတူ Ken Miles ရဲ႕ ႀကိဳးစားမႈ၊ စိတ္အားထက္သန္မႈေတြ အျပင္ ကိန္းႀကီးခန္းႀကီးႏိုင္လွတဲ့ ကုမၸဏီအခ်ိဳ႕ရဲ႕လုပ္ေဆာင္တာေတြကို ျမင္ေတြ႕ရမွာျဖစ္လို႔ လက္ေတြ႕ဘ၀ကို ထင္ဟပ္ျပေစမယ့္႐ုပ္ရွင္ကားေကာင္းလို႔ ၫႊန္းဆိုခ်င္ပါတယ္။ ေဖ်ာ္ေျဖေရးဆိုတာ ထက္ကိုေမွ်ာ္လင့္ေနသူေတြအတြက္ေတာ့ လက္လႊတ္မခံသင့္တဲ့ ႐ုပ္ရွင္ကားေကာင္းတစ္ခုပဲျဖစ္ ပါတယ္။


ေနာက္တစ္ပတ္မွာေတာ့ ဒီဇာတ္ကားရဲ႕ အဓိကသ႐ုပ္ေဆာင္အျဖစ္အသံုးေတာ္ခံခဲ့တဲ့ Ford GT40 အေၾကာင္းကို တင္ဆက္ေပးသြားမွာျဖစ္ပါတယ္။ ဒီကားက ၁၉၆၇ ကေန ၁၉၆၉ခုႏွစ္ ၃ ႏွစ္ဆက္တိုက္ 24 Hours Le Mans မွာအႏိုင္ရခဲ့တယ္ဆိုတာ အျမည္းေျပာထားခဲ့ပါရေစ …….


မင္းခန္႔


Myanmar Automobile Equipment Directory

 

 

Read times
Rate this item
(1 Vote)