Korea



ကျပ်သိန်း ၁၈၀ ၀န်းကျင်ဖြင့် ရွေးချယ်သင့်သည့် Hyundai Grand i10

ကျပ်သိန်း ၁၈၀ ၀န်းကျင်ဖြင့် ရွေးချယ်သင့်သည့် Hyundai Grand i10 google

တောင်ကိုရီးယားရဲ့ အကြီးဆုံးကားထုတ်လုပ်ရေးကုမ်္ပဏီ Hyundai က ထုတ်လုပ်ထားတဲ့ Hatchback ကားအမျိုးအစား Grand i10ကလည်း မြန်မာပြည်ကားဈေးကွက်မှာ ရင်းနှီးပြီးသားဖြစ်ပါတယ်။

 

သေးငယ်ပေါ့ပါးပြီး ဆီစားနှုန်းသက်သာသလို ဈေးနှုန်းသင့်တင့်တဲ့အတွက်လည်း ရွေးချယ်သင့်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ Grand i10 ကို Hyundai Atos နေရာမှာ အစားထိုးထုတ်လုပ်ခဲ့တာဖြစ်ပြီး ပထမမျိုးဆက်ကို ၂၀၀၇ မိုဒယ်ကနေ ၂၀၁၃ မိုဒယ်အထိ၊ ဒုတိယမျိုးဆက်ကို ၂၀၁၃ မိုဒယ်ကနေ လက်ရှိအချိန်အထိ ထုတ်လုပ်ထားပါတယ်။ Grand i10 ကို Hatchback ၊ Sedan ပုံစံ နှစ်မျိုးထုတ်လုပ်ထားပြီး မြန်မာနိုင်ငံမှာတော့ SKD စနစ်နဲ့ Sedan ကို ထုတ်လုပ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

 

Hyundai Grand i10 မှာ ဓာတ်ဆီလောင်စာသုံး Kappa 1.25 Litre ၊ 4 Cylinder အင်ဂျင်ကို တပ်ဆင်ထားပါတယ်။ 1.25Litre အင်ဂျင်က မြို့တွင်းတင်မက ခရီးဝေးတွေမှာ ပိုပြီးသက်သောင့်သက်သာနဲ့ အသုံးပြုမောင်းနှင်နိုင်မှာဖြစ်ပါတယ်။ ဂီယာကို 4 Speed Automotic ဂီယာ တပ်ဆင် အသုံးပြုထားပါတယ်။

 

အတွင်းခန်းနှင့် အပြင်ပိုင်းအပြင်အဆင်

 

ရှေ့ Grille ကို Hexagonal Grille(ဆဌဂံ)ပုံဖြစ်ပြီး Headlamps ရှေ့ မီးလုံးတွေကို ဘေးနှစ်ဖက်ဆီ ပြန့်ကားအောင် ပြုလုပ်ပေးထားလို့ ညဘက်မှာ ကျယ်ဝန်းတဲ့မြင်ကွင်းကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ဒါ့ပြင် Daytime Running မီးတွေကိုလည်း တပ်ဆင်ထားပါတယ်။ ရှေ့မြင်ကွင်းကို ကျယ်ပြန့် ရှင်းလင်းစွာမြင်နိုင်ဖို့ Windscreen ရဲ့ Pillar ကို Slim ပုံစံ ပြုလုပ်ပေး ထားပါတယ်။ Hyundai Grand i10 မိုဒယ်အားလုံးမှာ Electric front Windows ၊ Remote Central Locking ၊ A Tirp Computer နဲ့ USB Connection စနစ်တွေပါရှိလို့ အသုံးပြုသူတွေအတွက် စိတ်ကျေနပ်မှုရရှိ စေမှာ ဖြစ်ပါတယ်။

 

ဈေးနှုန်း

 

Hyundai Grand i10 Hatchback ၂၀၁၅၊ ၂၀၁၆ မိုဒယ်မှာ နယ်လိုင်စင် ကားများပြီး ကျပ်သိန်း ၁၆၀ ကနေ ၁၇၀ ကြား ရှိပါတယ်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)