Korea



ကျပ်သိန်း ၁၈၀ ၀န်းကျင်ဖြင့် ရွေးချယ်သင့်သည့် KIA Picanto

ကျပ်သိန်း ၁၈၀ ၀န်းကျင်ဖြင့် ရွေးချယ်သင့်သည့် KIA Picanto google

KIA Picanto က City ကားဖြစ်ပြီး KIA Morning လို့လည်း ခေါ်ကြပါတယ်။ ဒီကားကို ၂၀၀၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး တောင်ကိုရီးယားအပြင် ဟောင်ကောင်နဲ့ ထိုင်ဝမ်တို့မှာလည်း တပ်ဆင်ထုတ်လုပ်ပါတယ်။

 

၂၀၀၄ မိုဒယ်ကနေ ၂၀၁၁ မိုဒယ်အထိကို ပထမမျိုးဆက်၊ ၂၀၁၁ မိုဒယ်ကနေ ၂၀၁၇ မိုဒယ်အထိကို ဒုတိယမျိုးဆက်နဲ့ ၂၀၁၇ မိုဒယ်နောက်ပိုင်းကို တတိယမျိုးဆက်အဖြစ် ထုတ်လုပ်ထားပါတယ်။ Picanto ကို Hatchback ပုံစံနဲ့သာ ထုတ်လုပ်ထားပြီး သူနဲ့ Platform တူ ပြိုင်ဘက်ကိုပြပါဆိုရင်တော့ Hyundai Grand i10 ကို ညွှန်းရမှာ ဖြစ်ပါတယ်။

 

အတွင်းခန်းနှင့် အပြင်ပိုင်းအပြင်အဆင်

 

ကိုယ်ထည်အချိုး သေးသေးကျစ်ကျစ်နဲ့ အရမ်းလန်းတဲ့အထဲမှာမပါပေမဲ့ ကားဘီးအလွိုင်းနဲ့ အတွင်းခန်းပုံစံတွေကတော့ မိုဒယ်မြင့်ကားတွေလိုပဲ ဆန်းသစ် ထားတာ တွေ့နိုင်ပါတယ်။ အတွင်းခန်းမှာတော့ လူငါးယောက်အထိ လိုက်ပါစီးနင်းနိုင်ပြီး ဒက်ရှ်ဘုတ်ဒီဇိုင်းကို အမိုးခုံးပုံစံပြုလုပ်ထားသလို ဒိုင်ခွက်အစုအဝေးကို ကားမောင်းသူ မြင်သာထင်သာရှိအောင် အထောက်အပံ့ပေးထားပါတယ်။ Push-start Button ၊ မှန်ချိုးမှန်ခေါက်၊ Driver Control Door-Lock ၊ Steering Volume Control ၊ Sunroof စနစ်တွေကို ထည့်သွင်းပေးထားပြီး Full Auto Aircon စနစ်ကိုလည်း အသုံးပြုနိုင်ပါတယ်။

 

အင်ဂျင်အမျိုးအစား

 

Pianto ဟာ ရှေ့ဘီးယက်စနစ်သုံး ကားအမျိုးအစားဖြစ်ပြီး အင်ဂျင် အမျိုးအစားနှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ ဆလင်ဒါသုံးလုံးထိုး 1.0Litre ဓာတ်ဆီအင်ဂျင်နဲ့ ဆလင်ဒါလေးလုံးထိုး 1.25Litre ဓာတ်ဆီအင်ဂျင်တို့ ဖြစ်ပြီး ဂီယာကိုလည်း 5 Speed Manual နဲ့ 4 Speed Automatic နှစ်မျိုး ထုတ်လုပ်ထားပါတယ်။ ပျမ်းမျှဆီစားနှုန်းကတော့ မြို့တွင်းမှာဆိုရင် တစ် ဂါလန် ၃၉ မိုင်ဝန်းကျင်နဲ့ မြို့ပြင်မှာ တစ်ဂါလန် မိုင် ငါးဆယ်ဝန်းကျင် မောင်းနှင်နိုင်ပါတယ်။ အင်ဂျင်အရွယ်အစား သေးငယ်ပေမဲ့ ဆီစားနှုန်း သက်သာမှု၊ Space ကျဉ်းကျဉ်းနဲ့ မောင်းနှင်နိုင်မှုတို့က မြို့တွင်းလမ်းမ တွေအတွက် သင့်တော်တယ်လို့ ဆိုရမှာပါ။

 

ဈေးနှုန်း

 

KIA Picanto ၂၀၀၅၊ ၂၀၀၆ မိုဒယ်ကို ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသား ကား ၀ယ်ယူမယ်ဆိုရင် ကျပ်သိန်း ၁၈၀ နဲ့ ၂၂၀ ကြား ရှိပါတယ်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)