လာမည့်နှစ်တွင် တင်သွင်းခွင့်ပြုမည့် မိုဒယ်သတ်မှတ်ချက်များမှာ ထူးထူးခြားခြား ပြောင်းလဲသွားခြင်းမရှိသောကြောင့် ကားသစ်ဈေးကွက်မှာ ပိုမိုအားကောင်းလာဖွယ်ရှိနေသည်။
Nissan President ကို Nissan ရဲ့ ထိပ်တန်းမိုဒယ်တစ်ခုဖြစ်တဲ့ Cedric Special နေရာမှာ အစားထိုးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် President က Nissan ရဲ့ အကောင်းဆုံး Limousine Model ဖြစ်ပြီး နောက်ဆုံးထုတ်ထားတဲ့ကားက ၂ဝဝ၃၊၂ဝဝ၈ ရုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂ဝဝ၃၊ ၂ဝဝ၆ မိုဒယ်တွေကို တင်သွင်းစီးနင်းကြပါတယ်။ ၂ဝဝ၃ ရုပ်ပြောင်းမိုဒယ်က ဂျပန်မှာ အထူးဈေးမြင့်တဲ့ Luxury Model လည်း ဖြစ်ပါတယ်။ President ကို Sovereign အနေနဲ့ ထုတ်လုပ်ထားပြီး ထူးခြားမှုကတော့ Fully Loaded ပုံစံဖြစ်တဲ့အတွက် ပါဝင်မှုများစွာကို Standard ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။
Toyota Celsior ၂ဝဝ၃ မိုဒယ်က ၂ဝဝဝ ပြည့်နှစ်မှာစထုတ်ခဲ့တဲ့ မျိုးဆက်ကားရဲ့ Facelift မိုဒယ်ဖြစ်ပြီး ၂ဝဝ၅ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ်အထိ အဲဒီဒီဇိုင်းနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ North America Auto Show မှာ စတင်ပွဲထုတ်ခဲ့ပြီး မျိုးဆက်သုံးဆက်မြောက်ဖြစ်တဲ့ Toyota Celsior ၂ဝဝ၃-၂ဝဝ၆ မိုဒယ်ကို Lexus LS 430 လို့လည်း ခေါ်တွင်ပါတယ်။
ဇန်နဝါရီ ၁ ရက်မှစ၍ ကနဦးမှတ် ပုံတင်ပြုလုပ်ရာတွင် ယာဉ်ပိုင်ရှင်၏မှတ်ပုံတင်မူရင်းပါမှသာ ဆောင် ရွက်ပေးမည်ဖြစ်ကြောင်း သိရသည်။
မော်တော်ယာဉ်အမည်ပေါက်ပြောင်းလဲခြင်းအတွက် ငါးသောင်း၊ တစ်သိန်းစသော သတ်မှတ်နှုန်းထားတစ်ခုအနေနဲ့ ကောက်ခံရန် ကညနမှ ညှိနှိုင်းခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း ကညန ရန်ကုန်တိုင်းညွှန်မှူး ဦးလျန်ကျင့်မန်၏ ပြောကြားချက်အရ သိရပါတယ်။
YBS ယာဉ်ပေါ်တွင် စည်းကမ်းထိန်း သိမ်းရန်တပ်ဆင်ထားသည့် Telematics စနစ် GPS စက်များကို ယာဉ်မောင်းအချို့ က နည်းလမ်းမျိုးစုံဖြင့် ဖျက်ဆီးခြင်းများ ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ မန်နေဂျင်း ဒါရိုက်တာ ဦးညီညီမော်က ပြောကြားသည်။
သတ်မှတ် ရာဖြတ်တန်ဖိုးအောက် လျော့နည်းသည့်နှုန်းထားဖြင့် အမည် ပြောင်းခွန်ပေးဆောင်ခြင်း ကိုခွင့်ပြုပေးတော့မည် မဟုတ်ကြောင်း ပြည်တွင်းအခွန်များစီးဌာနမှ သိရသည်။
နှစ်တစ်နှစ်၏ အကူးအပြောင်းကာလများတွင် အသစ်ထွက်ရှိမည့် ပေါ်လစီအပေါ် စောင့်ကြည့်မှုများရှိသလို လုပ်သက် ၂၅ နှင့်အထက် အစိုးရဝန်ထမ်းများကို အခွန်သက်သာခွင့်ဖြင့် ကားတင်သွင်းခွင့် ပေးမပေးကိုလည်း စောင့်ကြည့်နေ၍ အဝယ်အေးသွားသည်။
၂ဝ၂ဝ ပြည့်နှစ် ဇန်နဝါရီလအတွင်း ရန်ကုန်တိုင်းအတွင်းရှိ တက္ကသိုလ် လေးခုနှင့်ချိတ်ဆက်ကာ ယာဉ်လိုင်းသစ် ပြေးဆွဲမည်ဖြစ်ကြောင်း Omni Focus ကုမ္ပဏီလီမိတက်မှ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းတောက်ဝင်း၏ ပြောဆိုချက်အရ သိရသည်။