Japan



ခံညားလွပေသာ Kodo Desgin အယူအဆႏွင့္ Sporty ဆန္ဆန္ဖန္တီးထားေသာ MAZDA CX – 9 2017 အေၾကာင္း (Zawgyi- Unicode)

ခံညားလွပေသာ Kodo Desgin အယူအဆႏွင့္ Sporty ဆန္ဆန္ဖန္တီးထားေသာ MAZDA CX – 9  2017 အေၾကာင္း (Zawgyi- Unicode) google

Mazda CX-9 သည္ ခုႏွစ္ေယာက္စီး Mid- Size ကားတစ္စီးျဖစ္ၿပီး ၂၀၀၆ ခုႏွစ္က ဂ်ပန္ႏုိင္ငံတြင္

စတင္ထုတ္လုပ္ခဲ့ျခင္း ျဖစ္ပါသည္။

၂၀၁၆ ခုႏွစ္တြင္ ဒုတိယ မ်ိဳးဆက္ျဖစ္ေသာ Mazda CX-9 ကို ထုတ္လုပ္ခဲ့ပါသည္။

***သင္စိတ္ဝင္စားႏိုင္ေသာျမန္မာျပည္တြင္လူႀကိဳက္မ်ားေသာHilux ေလးခ်ိတ္အေၾကာင္း(Hilux Vigo)***

၂၀၁၇ မုိဒယ္ Mazda CX-9 ကို ခံညားလွပေသာ Kodo Desgin အယူအဆႏွင့္ Sporty ဆန္ဆန္ဖန္တီးထားပါသည္။

ခရုိမီယမ္ Grille ႏွင့္ မီးခြက္မ်ားကုိ ေနာက္ဆံုးေပၚ SUV ကားမ်ားတြင္ ျမင္ေတြ႕ရေလ့ရွိသည့္ ပံုစံအတိုင္း တစ္ဆက္တည္း တည္ေဆာက္ထားပါသည္။

ေရွ႕မီးခြက္မ်ားက Adaptive LED Headlight ျဖစ္သြားသည့္အတြက္ ကား၏ လားရာအတိုင္း မီးအလင္းေရာင္ကို ျမင္ကြင္းက်ယ္ျပဳလုပ္ေပးသြားမည္ျဖစ္ပါသည္။

ယခင္မိုဒယ္မ်ားထက္ Ground Clearence ကို ပိုုျမႇင့္ထားၿပီး လက္မႏွစ္ဆယ္ အလိြဳင္းဘီးမ်ား တပ္ဆင္ထားေသာေၾကာင့္ ၾကမ္းတမ္းေသာ လမ္းမ်က္ႏွာျပင္မ်ားတြင္လည္း ေကာင္းစြာ ေမာင္းႏွင္ အသံုးျပဳႏုိင္မည္ျဖစ္ပါသည္။

ကိုယ္ထည္အေရာင္မ်ားကုိ အေရာင္ခုနစ္မ်ိဳးအထိ ေရြးခ်ယ္ရရွိႏိုင္ပါသည္။

အတြင္းခန္းတြင္ ထိုင္ခံုသံုးတန္း ပါဝင္ၿပီး Convenient Leather Seat ထုိင္ခံုမ်ားကို အသံုးျပဳထားပါသည္။

Driver ထုိင္ခံုမ်ားကို Memory ႏွင့္ မွတ္သားထားႏိုင္ပါသည္။

ထို႔အျပင္ Adaptive Cruise Control စနစ္လည္း ပါဝင္လာေသာေၾကာင့္ Highway လမ္းမ်ားတြင္ သက္သက္သာသာ ေမာင္းႏွင္ႏုိင္မည္ျဖစ္ပါသည္။

ေဖ်ာ္ေျဖေရးအတြက္ ခုနစ္လက္မ Touch Screen၊ Heads-up Display ႏွင့္ Bose Premium အသံစနစ္သံုး စပီကာ ၁၂ လံုး ထည့္သြင္းထားပါသည္။

Mazda CX-9 ၏ Cargo Space က 14.4 ကုဗေပ အက်ယ္ရွိၿပီး တတိယခံုကို ေခါက္သိမ္းလိုက္ပါက 38.2 ကုဗေပ အက်ယ္ကုိ ရရွိမည္ျဖစ္ပါသည္။

ျမန္မာႏုိင္ငံေစ်းကြက္တြင္ ေရာင္းခ်သြားမည့္ All New CX-9 တြင္ Skyactiv G Technology သံုး 2.5L Dynamic Turbo ဓာတ္ဆီအင္ဂ်င္ကို အသံုးျပဳထားပါသည္။

i-Activ AWD စနစ္ျဖစ္ၿပီး 6-Speed Automatic Transmission ဂီယာကို အသံုးျပဳထားပါသည္။

CX-9 တြင္ လံုၿခံဳေရးစနစ္မ်ားအေနျဖင့္ Anti-lock Brake၊ Stability & Traction Control၊ Fully Airbag  မ်ားပါဝင္ပါသည္။

ထို႔အျပင္ Lane-Keep Assist၊ Electronic Parking Brake၊ Blindspot Monitor၊ Front & Rear Sensor ႏွင့္ Original Wide View Rear Camera မ်ား တပ္ဆင္ေပးထားပါသည္။

၂၀၁၇ မိုဒယ္ Mazda CX-9 ၏ ေစ်းႏႈန္းသည္ အေမရိကန္ေဒၚလာ ၈၂၉၉၉ ေဒၚလာျဖစ္ၿပီး ရန္ကုန္ႏွင့္ မႏၱေလးၿမိဳ႕မ်ားတြင္ရွိေသာ Mazda Myanmar အေရာင္းျပခန္းမ်ားတြင္ ဝယ္ယူရရွိႏုိင္ပါသည္။

ဝန္ေဆာင္မႈမ်ားအေနျဖင့္ သံုးႏွစ္၊ သို႔မဟုတ္ ကီလိုတစ္သိန္း အာမခံေပးထားပါသည္။

Source:automobile


(Unicode)

ခံညားလှပသော Kodo Desgin အယူအဆနှင့် Sporty ဆန်ဆန်ဖန်တီးထားသော MAZDA CX – 9  2017 အကြောင်း (Zawgyi- Unicode)

Mazda CX-9 သည် ခုနှစ်ယောက်စီး Mid- Size ကားတစ်စီးဖြစ်ပြီး ၂၀၀၆ ခုနှစ်က ဂျပန်နိုင်ငံတွင် စတင်ထုတ်လုပ်ခဲ့ခြင်း ဖြစ်ပါသည်။

၂၀၁၆ ခုနှစ်တွင် ဒုတိယ မျိုးဆက်ဖြစ်သော Mazda CX-9 ကို ထုတ်လုပ်ခဲ့ပါသည်။

***သင်စိတ်ဝင်စားနိုင်သောမြန်မာပြည်တွင်လူကြိုက်များသောHilux လေးချိတ်အကြောင်း(Hilux Vigo)***

၂၀၁၇ မိုဒယ် Mazda CX-9 ကို ခံညားလှပသော Kodo Desgin အယူအဆနှင့် Sporty ဆန်ဆန်ဖန်တီးထားပါသည်။

ခရိုမီယမ် Grille နှင့် မီးခွက်များကို နောက်ဆုံးပေါ် SUV ကားများတွင် မြင်တွေ့ရလေ့ရှိသည့် ပုံစံအတိုင်း တစ်ဆက်တည်း တည်ဆောက်ထားပါသည်။

ရှေ့မီးခွက်များက Adaptive LED Headlight ဖြစ်သွားသည့်အတွက် ကား၏ လားရာအတိုင်း မီးအလင်းရောင်ကို မြင်ကွင်းကျယ်ပြုလုပ်ပေးသွားမည်ဖြစ်ပါသည်။

ယခင်မိုဒယ်များထက် Ground Clearence ကို ပိုုမြှင့်ထားပြီး လက်မနှစ်ဆယ် အလွိုင်းဘီးများ တပ်ဆင်ထားသောကြောင့် ကြမ်းတမ်းသော လမ်းမျက်နှာပြင်များတွင်လည်း ကောင်းစွာ မောင်းနှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။

ကိုယ်ထည်အရောင်များကို အရောင်ခုနစ်မျိုးအထိ ရွေးချယ်ရရှိနိုင်ပါသည်။

အတွင်းခန်းတွင် ထိုင်ခုံသုံးတန်း ပါဝင်ပြီး Convenient Leather Seat ထိုင်ခုံများကို အသုံးပြုထားပါသည်။

Driver ထိုင်ခုံများကို Memory နှင့် မှတ်သားထားနိုင်ပါသည်။

ထို့အပြင် Adaptive Cruise Control စနစ်လည်း ပါဝင်လာသောကြောင့် Highway လမ်းများတွင် သက်သက်သာသာ မောင်းနှင်နိုင်မည်ဖြစ်ပါသည်။

ဖျော်ဖြေရေးအတွက် ခုနစ်လက်မ Touch Screen၊ Heads-up Display နှင့် Bose Premium အသံစနစ်သုံး စပီကာ ၁၂ လုံး ထည့်သွင်းထားပါသည်။

Mazda CX-9 ၏ Cargo Space က 14.4 ကုဗပေ အကျယ်ရှိပြီး တတိယခုံကို ခေါက်သိမ်းလိုက်ပါက 38.2 ကုဗပေ အကျယ်ကို ရရှိမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံစျေးကွက်တွင် ရောင်းချသွားမည့် All New CX-9 တွင် Skyactiv G Technology သုံး 2.5L Dynamic Turbo ဓာတ်ဆီအင်ဂျင်ကို အသုံးပြုထားပါသည်။

i-Activ AWD စနစ်ဖြစ်ပြီး 6-Speed Automatic Transmission ဂီယာကို အသုံးပြုထားပါသည်။

CX-9 တွင် လုံခြုံရေးစနစ်များအနေဖြင့် Anti-lock Brake၊ Stability & Traction Control၊ Fully Airbag  များပါဝင်ပါသည်။

ထို့အပြင် Lane-Keep Assist၊ Electronic Parking Brake၊ Blindspot Monitor၊ Front & Rear Sensor နှင့် Original Wide View Rear Camera များ တပ်ဆင်ပေးထားပါသည်။

၂၀၁၇ မိုဒယ် Mazda CX-9 ၏ စျေးနှုန်းသည် အမေရိကန်ဒေါ်လာ ၈၂၉၉၉ ဒေါ်လာဖြစ်ပြီး ရန်ကုန်နှင့် မန္တလေးမြို့များတွင်ရှိသော Mazda Myanmar အရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်ပါသည်။

ဝန်ဆောင်မှုများအနေဖြင့် သုံးနှစ်၊ သို့မဟုတ် ကီလိုတစ်သိန်း အာမခံပေးထားပါသည်။

Source:automobile

Read times
Rate this item
(0 votes)