Japan



ယာဥ္မေတာ္တဆနည္းပညာအတြက္ Mazda ၏နည္းပညာ(Zawgyi-Unicode)

ယာဥ္မေတာ္တဆနည္းပညာအတြက္ Mazda ၏နည္းပညာ(Zawgyi-Unicode) google

ယာဥ္မေတာ္တဆမႈကို ကာကြယ္ေရးအတြက္ ထုတ္လုပ္ထားေသာ လံုၿခံဳေရးစနစ္မ်ားထဲမွ

မာဇဒါရဲ႕နည္းပညာတစ္ခုျဖစ္ေသာ RVM ေခၚ Rear Vehicle Monitoring System သည္လည္း အသံုးဝင္ေသာ နည္းပညာတစ္ခုျဖစ္ေၾကာင္း သိရသည္။

ထိုစနစ္၏လုပ္ေဆာင္ပံုမ်ားသည္ ကားေနာက္ ဘန္ဘာတြင္ တပ္ဆင္ထားေသာ ဘယ္ညာတစ္ဖက္စီမွ အာရံုခံေရဒါစနစ္မ်ားမွ အကြာအေဝးကို တြက္ခ်က္ေဆာင္ရြက္ျခင္းျဖစ္သည္။

ေနာက္ဘက္မွ မိမိကားအနီးကို အျခားနီးကပ္ေသာ လမ္းပိုင္းမွ ခ်ဥ္းကပ္လာသည့္ ကားမ်ား၏အကြာအေဝးကို တိုင္းတာတြက္ခ်က္ေနမည္ျဖစ္ေၾကာင္း သိရသည္။

တြက္ခ်က္ရရွိေသာ အခ်က္အလက္မ်ားကို အေျခခံၿပီး ယာဥ္မေတာ္တဆမႈမ်ား ျဖစ္ႏုိင္ေသာ အကြာအေဝးတြင္းကို တစ္ဖက္ယာဥ္ေၾကာမွ ကားဝင္ေရာက္လာပါက ဝင္ေရာက္လာမည့္ဘက္ ေနာက္ၾကည့္မွ အခ်က္ျပမီးမွ အခ်က္ျပမည္ျဖစ္သည္။

အခ်က္ျပခ်က္မွာ ေမာင္းႏွင္ေနေသာယာဥ္ေမာင္းျမင္သာႏိုင္ေသာ အတြင္းဘက္မွန္ျမင္ကြင္း ကေန တဆင့္ျမင္ေတြ႔ရမည္ျဖစ္သည္။

ကားတစ္စီး၏ ျမင္ႏိုင္စြမ္းနည္းေသာ ဧရိယာ(Blind Spot Area)ကို ဝင္ေရာက္လာေသာ ကားမ်ားကို သတိေပးအခ်က္ျပမွာ ျဖစ္သည့္ကား၏ ယာဥ္မေတာ္တဆျဖစ္မႈကို ေလ်ာ့ခ်ေပးမည့္ (Helping Prevent Accident)နည္းပညာတစ္ခုျဖစ္ေၾကာင္း သိရသည္။

ထုိစနစ္ကို Mazda မွ ထုတ္လုပ္ေသာ All-new Mazda6 မ်ားမွာ ပါဝင္လာၿပီး ကား၏ေမာင္းႏွင္မႈ အနည္းဆံုးျမန္ႏႈန္း ၁၅ကီလုိမီတာအထက္တြင္ စတင္လုပ္ေဆာင္မည္ျဖစ္သည္။

ယင္းစနစ္က ညဘက္ အလင္းအားနည္းခ်ိန္၊ႏွင္းက်ခ်ိန္၊မိုးသည္းထန္ခ်ိန္မ်ားတြင္ အသံုးဝင္မည့္ နည္းပညာတစ္ခုလည္းျဖစ္သည္။

Source:7daycars

(Unicode)


ယာဉ်မတော်တဆနည်းပညာအတွက် Mazda ၏နည်းပညာ(Zawgyi-Unicode)

ယာဉ်မတော်တဆမှုကို ကာကွယ်ရေးအတွက် ထုတ်လုပ်ထားသော လုံခြုံရေးစနစ်များထဲမှ မာဇဒါရဲ့နည်းပညာတစ်ခုဖြစ်သော RVM ခေါ် Rear Vehicle Monitoring System သည်လည်း အသုံးဝင်သော နည်းပညာတစ်ခုဖြစ်ကြောင်း သိရသည်။

ထိုစနစ်၏လုပ်ဆောင်ပုံများသည် ကားနောက် ဘန်ဘာတွင် တပ်ဆင်ထားသော ဘယ်ညာတစ်ဖက်စီမှ အာရုံခံရေဒါစနစ်များမှ အကွာအဝေးကို တွက်ချက်ဆောင်ရွက်ခြင်းဖြစ်သည်။

နောက်ဘက်မှ မိမိကားအနီးကို အခြားနီးကပ်သော လမ်းပိုင်းမှ ချဉ်းကပ်လာသည့် ကားများ၏အကွာအဝေးကို တိုင်းတာတွက်ချက်နေမည်ဖြစ်ကြောင်း သိရသည်။

တွက်ချက်ရရှိသော အချက်အလက်များကို အခြေခံပြီး ယာဉ်မတော်တဆမှုများ ဖြစ်နိုင်သော အကွာအဝေးတွင်းကို တစ်ဖက်ယာဉ်ကြောမှ ကားဝင်ရောက်လာပါက ဝင်ရောက်လာမည့်ဘက် နောက်ကြည့်မှ အချက်ပြမီးမှ အချက်ပြမည်ဖြစ်သည်။

အချက်ပြချက်မှာ မောင်းနှင်နေသောယာဉ်မောင်းမြင်သာနိုင်သော အတွင်းဘက်မှန်မြင်ကွင်း ကနေ တဆင့်မြင်တွေ့ရမည်ဖြစ်သည်။

ကားတစ်စီး၏ မြင်နိုင်စွမ်းနည်းသော ဧရိယာ(Blind Spot Area)ကို ဝင်ရောက်လာသော ကားများကို သတိပေးအချက်ပြမှာ ဖြစ်သည့်ကား၏ ယာဉ်မတော်တဆဖြစ်မှုကို လျော့ချပေးမည့် (Helping Prevent Accident)နည်းပညာတစ်ခုဖြစ်ကြောင်း သိရသည်။

ထိုစနစ်ကို Mazda မှ ထုတ်လုပ်သော All-new Mazda6 များမှာ ပါဝင်လာပြီး ကား၏မောင်းနှင်မှု အနည်းဆုံးမြန်နှုန်း ၁၅ကီလိုမီတာအထက်တွင် စတင်လုပ်ဆောင်မည်ဖြစ်သည်။

ယင်းစနစ်က ညဘက် အလင်းအားနည်းချိန်၊နှင်းကျချိန်၊မိုးသည်းထန်ချိန်များတွင် အသုံးဝင်မည့် နည်းပညာတစ်ခုလည်းဖြစ်သည်။

Source:7daycars

Read times
Rate this item
(0 votes)