Japan



ကုန္က်စရိတ္ႏွင့္ ပတ္၀န္းက်င္ထိခိုက္မႈသက္သာေစသည့္ Honda Clarity 2017(Zawgyi-Unicode)

ကုန္က်စရိတ္ႏွင့္ ပတ္၀န္းက်င္ထိခိုက္မႈသက္သာေစသည့္ Honda Clarity 2017(Zawgyi-Unicode) google

၂၀၀၈ခုႏွစ္ကေန ၂၀၁၄ခုႏွစ္အထိ Honda FCX Clarityဆို၍ထုတ္လုပ္ခဲ့ေသာ

ေမာ္ဒယ္ကို ၂၀၁၆ခုႏွစ္မွစတင္ၿပီး Honda Clarity Fuel Cellဟူ၍ ေျပာင္းလဲထုတ္လုပ္ခဲ့ပါသည္။

စတင္ထုတ္လုပ္ခ်ိန္မွစ၍ Fuel Cellကားအျဖစ္ထုတ္လုပ္ခဲ့ျခင္းျဖစ္ၿပီး 4-Door Sedanကိုယ္ထည္အမ်ိဳးအစား ကားတစ္စီးျဖစ္ပါသည္။

လွ်ပ္စစ္ကားမ်ား၏ထံုးစံအတိုင္း အင္ဂ်င္အရြယ္အစားသတ္မွတ္ခ်က္ႏွင့္ သတ္မွတ္ထားျခင္းမ်ိဳးမဟုတ္ဘဲ Fuel Cell Power အေနျဖင့္ သတ္မွတ္ထားျခင္းျဖစ္ပါသည္။

 

***သင္စိတ္၀င္စားႏုိင္ေသာHonda Insight ႏွင့္ပတ္သက္၍ သိသင့္သည့္အခ်က္မ်ား***

 

Honda FCX Clarity ကို 100KW(ျမင္းေကာင္ေရ ၁၃၀အား) ျဖစ္ၿပီး 2016ခုႏွစ္တြင္ စတင္ထုတ္လုပ္ေသာ Honda Clarity ကို130KW(ျမင္းေကာင္ေရ၁၇၀အား)ျဖင့္ အဆင့္ျမင့္ထုတ္လုပ္ထားျခင္းျဖစ္ေၾကာင္းေတြရပါသည္။

သြားလာႏိုင္ေသာ ခရီးအကြာအေဝးအေနျဖင့္ ၃၆၆မိုင္(၅၈၉ကီလိုမီတာ)အကြာအေဝးအထိ တစ္ႀကိမ္ အားသြင္းၿပီးတိုင္း သြားလာႏိုင္မည္ျဖစ္ပါသည္။

ဂီယာစနစ္ကိုေတာ့ Single Speed, Direct Drive စနစ္ျဖင့္ တပ္ဆင္ထုတ္လုပ္ထားတာျဖစ္ပါသည္။

2016 Honda Clarity ကို Fuel Cell ႏွင့္ Electric Plug-in Hybrid ဟူ၍ ႏွစ္မ်ိဳးထုတ္လုပ္ထားပါသည္။

၂၁၀၆ Honda Clarity ၏ အဓိက အားသာခ်က္မွာ အရင္ကထုတ္လုပ္ခဲ့သည့္ Honda FCX ထက္ပိုၿပီး ခရီး မိုင္ေ၀းေ၀းပုိသြားနုိင္သည္ႏွင့္ ကားနည္းပညာပုိင္း ပိုျမင့္လာျခင္း တုိ႕ျဖစ္ပါသည္။

2014 Honda FCX ကခရီးမုိင္ ၂၃၁ မုိင္သာသြားလုိ႕ရႏုိင္ၿပီး ၂၀၁၆ Honda Clarity ကေတာ့ ခရီးမုိင္ ၃၆၆ မိုင္ အထိသြားလာလို႕ရႏိုင္ပါသည္။

ထုိ႕ျပင္ အတြင္းခန္းအျပင္အဆင္မ်ားကလည္း ေခတ္ေပၚကားတစ္စီးႏွင့္ ပိုၿပီးတူလာသည္ကို ေတြ႕ရပါသည္။

ထုိင္ခုံ၊ အဲကြန္း၊ Dashboard၊ တံခါးအဖြင့္အပိတ္စနစ္၊ မီဒီယာပိုင္းစသည့္ အတြင္းပုိင္းအျပင္အဆင္မ်ားအားလုံးကဆန္းသစ္သည့္ ဒီဇုိင္းမ်ားႏွင့္ ေတြ႕ရၿပီး လွ်ပ္စစ္ဇိမ္ခံကားတစ္စီး အျဖစ္ေတြ႕ရပါသည္။

လွ်ပ္စစ္ကားမ်ားတြင္ အျမဲၾကဳံေတြ႕ရတတ္သည့္ အဲကြန္းႏွင့္ လွ်ပ္စစ္အင္ဂ်င္လုိက္ေလ်ာ ညီေထြ မျဖစ္ျခင္းမ်ားကို သင္ခန္းစာယူၿပီး ၂၀၁၆ Honda Clarity ကိုေျပာင္းလဲျပင္ဆင္မႈမ်ားႏွင့္ ထုတ္လုပ္လာတာ ေတြ႕ရပါသည္။

ေမာင္းႏွင္မႈ အပိုင္းတြင္ ၃၆၆ မုိင္အထိေမာင္းႏွင္ႏုိ္င္သည့္ ခရီးမုိင္အကြာအေ၀းမွာ လုိအပ္သကဲ့သုိ႕ အလုိအေလ်ာက္ ခ်ိန္ညွိေပးမည့္ five drive စနစ္မ်ားေပါင္းစပ္ထုတ္လုပ္ထားပါသည္။

Plug-in Hybrid ကိုေတာ့ဟုိက္ဒရုိဂ်င္ဓာတ္ေငြ႕သုံး Fuel Cell ေလာင္စာအျပင္ ဘက္ထရီအပိုပါ၀င္ၿပီး ပုံမွန္ဟိုက္ဘရစ္ကားမ်ားကို လုိအပ္ခ်ိန္တြင္ ဟုိက္ဘရစ္ေမာ္တာႏွင့္ ေျပာင္းလဲေမာင္းႏွင္ႏုိင္မည္ ျဖစ္ပါသည္။

နည္းပညာပိုင္းတြင္ ေခတ္ေပၚလွ်ပ္စစ္ကားတစ္စီးျဖစ္သည့္အတြက္ ေနာက္ဆုံးေပၚ လုံျခဳံေရးနည္းပညာ၊ ထိန္းခ်ဳပ္မႈ နည္းပညာ၊ အခ်က္ျပ၊ အခ်က္ေပးနညး္ပညာမ်ားအျပင္ စမတ္ဖုန္းမ်ားႏွင့္ ခ်ိတ္ဆက္လုပ္ေဆာင္ႏုိင္မည့္ Honda Link နည္းပညာကို ပါေပါင္းစပ္ထုတ္လုပ္လာသည္ကို ေတြ႕ရပါသည္။

ေလာင္စာဆီသုံးစြဲမႈလုံး၀မရွိဘဲ Hydrogen ဓာတ္ေငြ႕သုံးၾကာရွည္ခံ Fuel Cell မ်ားကိုသာ တပ္ဆင္ထုတ္လုပ္ထားျခင္းျဖစ္ေသာေၾကာင့္ ကုန္က်စရိတ္ႏွင့္ ပတ္၀န္းက်င္ထိခုိက္မႈ သက္သာေစသည့္ Honda Clarity 2017 ေရာင္းေစ်းမွာ အေမရိကန္ႏုိင္ငံတြင္ တစ္လကို ၂၆၉ ေဒၚလာျဖင့္ ၃၆ လအရစ္က်စနစ္ျဖင့္ ေရာင္းခ်ေပးေနသည္ဟု သိရသည္။

Source:7daycars


(Unicode)

ကုန်ကျစရိတ်နှင့် ပတ်ဝန်းကျင်ထိခိုက်မှုသက်သာစေသည့် Honda Clarity 2017(Zawgyi-Unicode)

၂၀၀၈ခုနှစ်ကနေ ၂၀၁၄ခုနှစ်အထိ Honda FCX Clarityဆို၍ထုတ်လုပ်ခဲ့သော မော်ဒယ်ကို ၂၀၁၆ခုနှစ်မှစတင်ပြီး Honda Clarity Fuel Cellဟူ၍ ပြောင်းလဲထုတ်လုပ်ခဲ့ပါသည်။

စတင်ထုတ်လုပ်ချိန်မှစ၍ Fuel Cellကားအဖြစ်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး 4-Door Sedanကိုယ်ထည်အမျိုးအစား ကားတစ်စီးဖြစ်ပါသည်။

လျှပ်စစ်ကားများ၏ထုံးစံအတိုင်း အင်ဂျင်အရွယ်အစားသတ်မှတ်ချက်နှင့် သတ်မှတ်ထားခြင်းမျိုးမဟုတ်ဘဲ Fuel Cell Power အနေဖြင့် သတ်မှတ်ထားခြင်းဖြစ်ပါသည်။

Honda FCX Clarity ကို 100KW(မြင်းကောင်ရေ ၁၃၀အား) ဖြစ်ပြီး 2016ခုနှစ်တွင် စတင်ထုတ်လုပ်သော Honda Clarity ကို130KW(မြင်းကောင်ရေ၁၇၀အား)ဖြင့် အဆင့်မြင့်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းတွေရပါသည်။

သွားလာနိုင်သော ခရီးအကွာအဝေးအနေဖြင့် ၃၆၆မိုင်(၅၈၉ကီလိုမီတာ)အကွာအဝေးအထိ တစ်ကြိမ် အားသွင်းပြီးတိုင်း သွားလာနိုင်မည်ဖြစ်ပါသည်။

ဂီယာစနစ်ကိုတော့ Single Speed, Direct Drive စနစ်ဖြင့် တပ်ဆင်ထုတ်လုပ်ထားတာဖြစ်ပါသည်။

 

***သင်စိတ်ဝင်စားနိုင်သောHonda Insight နှင့်ပတ်သက်၍ သိသင့်သည့်အချက်များ***

 

2016 Honda Clarity ကို Fuel Cell နှင့် Electric Plug-in Hybrid ဟူ၍ နှစ်မျိုးထုတ်လုပ်ထားပါသည်။

၂၁၀၆ Honda Clarity ၏ အဓိက အားသာချက်မှာ အရင်ကထုတ်လုပ်ခဲ့သည့် Honda FCX ထက်ပိုပြီး ခရီး မိုင်ဝေးဝေးပိုသွားနိုင်သည်နှင့် ကားနည်းပညာပိုင်း ပိုမြင့်လာခြင်း တို့ဖြစ်ပါသည်။

2014 Honda FCX ကခရီးမိုင် ၂၃၁ မိုင်သာသွားလို့ရနိုင်ပြီး ၂၀၁၆ Honda Clarity ကတော့ ခရီးမိုင် ၃၆၆ မိုင် အထိသွားလာလို့ရနိုင်ပါသည်။

ထို့ပြင် အတွင်းခန်းအပြင်အဆင်များကလည်း ခေတ်ပေါ်ကားတစ်စီးနှင့် ပိုပြီးတူလာသည်ကို တွေ့ရပါသည်။

ထိုင်ခုံ၊ အဲကွန်း၊ Dashboard၊ တံခါးအဖွင့်အပိတ်စနစ်၊ မီဒီယာပိုင်းစသည့် အတွင်းပိုင်းအပြင်အဆင်များအားလုံးကဆန်းသစ်သည့် ဒီဇိုင်းများနှင့် တွေ့ရပြီး လျှပ်စစ်ဇိမ်ခံကားတစ်စီး အဖြစ်တွေ့ရပါသည်။

လျှပ်စစ်ကားများတွင် အမြဲကြုံတွေ့ရတတ်သည့် အဲကွန်းနှင့် လျှပ်စစ်အင်ဂျင်လိုက်လျော ညီထွေ မဖြစ်ခြင်းများကို သင်ခန်းစာယူပြီး ၂၀၁၆ Honda Clarity ကိုပြောင်းလဲပြင်ဆင်မှုများနှင့် ထုတ်လုပ်လာတာ တွေ့ရပါသည်။

မောင်းနှင်မှု အပိုင်းတွင် ၃၆၆ မိုင်အထိမောင်းနှင်နို်င်သည့် ခရီးမိုင်အကွာအဝေးမှာ လိုအပ်သကဲ့သို့ အလိုအလျောက် ချိန်ညှိပေးမည့် five drive စနစ်များပေါင်းစပ်ထုတ်လုပ်ထားပါသည်။

Plug-in Hybrid ကိုတော့ဟိုက်ဒရိုဂျင်ဓာတ်ငွေ့သုံး Fuel Cell လောင်စာအပြင် ဘက်ထရီအပိုပါ၀င်ပြီး ပုံမှန်ဟိုက်ဘရစ်ကားများကို လိုအပ်ချိန်တွင် ဟိုက်ဘရစ်မော်တာနှင့် ပြောင်းလဲမောင်းနှင်နိုင်မည် ဖြစ်ပါသည်။

နည်းပညာပိုင်းတွင် ခေတ်ပေါ်လျှပ်စစ်ကားတစ်စီးဖြစ်သည့်အတွက် နောက်ဆုံးပေါ် လုံခြုံရေးနည်းပညာ၊ ထိန်းချုပ်မှု နည်းပညာ၊ အချက်ပြ၊ အချက်ပေးနညး်ပညာများအပြင် စမတ်ဖုန်းများနှင့် ချိတ်ဆက်လုပ်ဆောင်နိုင်မည့် Honda Link နည်းပညာကို ပါပေါင်းစပ်ထုတ်လုပ်လာသည်ကို တွေ့ရပါသည်။

လောင်စာဆီသုံးစွဲမှုလုံးဝမရှိဘဲ Hydrogen ဓာတ်ငွေ့သုံးကြာရှည်ခံ Fuel Cell များကိုသာ တပ်ဆင်ထုတ်လုပ်ထားခြင်းဖြစ်သောကြောင့် ကုန်ကျစရိတ်နှင့် ပတ်ဝန်းကျင်ထိခိုက်မှု သက်သာစေသည့် Honda Clarity 2017 ရောင်းစျေးမှာ အမေရိကန်နိုင်ငံတွင် တစ်လကို ၂၆၉ ဒေါ်လာဖြင့် ၃၆ လအရစ်ကျစနစ်ဖြင့် ရောင်းချပေးနေသည်ဟု သိရသည်။

Source:7daycars

Read times
Rate this item
(0 votes)