Japan



နည္းပညာႏွင့္ဒီဇုိင္းပုိင္းေၿပာင္းလဲဆန္းသစ္ထားသည့္ ၂၀၁၈ ေမာ္ဒယ္လ္သစ္ RLX ကို Acura မိတ္ဆက္(Zawgyi-Unicode)

နည္းပညာႏွင့္ဒီဇုိင္းပုိင္းေၿပာင္းလဲဆန္းသစ္ထားသည့္ ၂၀၁၈ ေမာ္ဒယ္လ္သစ္ RLX ကို Acura မိတ္ဆက္(Zawgyi-Unicode) google

Acura သည္ဒီဇိုင္းပိုင္းအတန္အသင့္ျပင္ဆင္မြမ္းမံထားၿပီးနည္းပညာသစ္မ်ားေပါင္းစပ္ထားသည့္ ၂၀၁၈ ေမာ္ဒယ္လ္သစ္ RLX ဆီဒင္ကိုမိတ္ဆက္လုိက္ပါသည္။

ကား၏တည္ေဆာက္မႈအပိုင္းတြင္လည္းပိုမိုအားေကာင္းႀကံ႕ခိုင္ၿပီးေပါ့ပါးသည့္သတၱဳပစၥည္းမ်ားအစားထိုး အသံုးျပဳထားေၾကာင္း Honda လက္ေအာက္ခံဇိမ္ခံကားကုမၸဏီကေျပာပါသည္။

Acura၏နာမည္အႀကီးဆံုးဆီဒင္သည္ Chrome Beakဒီဇိုင္းအင္ဂ်င္ေလဝင္ေပါက္ဒီဇိုင္းအစား Precisionဆို Concept နမူနာေမာ္ဒယ္လ္တြင္သံုးထားသည့္ Diamond Pentagon ဒီဇိုင္းကိုေျပာင္းလဲအသံုးျပဳထားပါသည္။ ဒီအင္ဂ်င္ေလဝင္ေပါက္ဒီဇိုင္းသစ္ကို TLXဆီဒင္ႏွင့္ MDX အမ်ိဳးအစား SUV ေမာ္ဒယ္လ္သစ္မ်ားပါထည့္သြင္း တပ္ဆင္သြားမည္ျဖစ္ပါသည္။

 

***သင္စိတ္၀င္စားႏိုင္ေသာအင္ဂ်င္အေအးခံရည္***

ကားအမိုးကလည္းပိုေခတ္မီဆြဲေဆာင္မႈရွိလာၿပီး LED ေနာက္မီးမ်ားကလည္း Sport Typeပိုဆန္သည့္ဘက္ကို ယိမ္းလာပါသည္။

ဒီဇိုင္းပိုင္းဆန္းသစ္မႈမ်ားအျပင္ RLX အသစ္မွာလံုၿခံဳေရးအေထာက္အပံ့နည္းပညာသစ္မ်ား၊ ယာဉ္ေၾကာပိတ္ဆို႔ခ်ိန္ကူညီေပးသည့္စနစ္မ်ားပါဝင္လာပါသည္။

Acura သည္ RLXကိုအေျခခံဗားရွင္းအျပင္ RLX Sport Hybrid မ်ိဳးကြဲပါထုတ္လုပ္မည္ျဖစ္ၿပီးႏွစ္မ်ိဳးစလံုးကို 3.5-litre V6 ဓာတ္ဆီအင္ဂ်င္မ်ားသာအဓိကအသံုးျပဳထားမည္ျဖစ္ပါသည္။

အေျခခံ RLXက ျမင္းေကာင္ေရ ၃၁၀ စက္အားရွိမွာျဖစ္ၿပီး V6အင္ဂ်င္ကို လွ်ပ္စစ္ေမာ္တာႏွစ္လံုးႏွင့္ ပံ့ပိုးထားသည့္ Sport Hybrid မ်ိဳးကြဲကေတာ့ ျမင္းေကာင္ေရ ၃၇၇ ေကာင္အားထိထုတ္ေပးႏုိင္မည္ဟု သိရပါသည္။

ေဖ်ာ္ေျဖေရးအတြက္ Stellar Krell အသံစနစ္ကိုထည့္သြင္းေပးထားၿပီးဝယ္ယူစီးနင္းသူမ်ားအဆင္ေျပေစမည့္ Feature အေတာ္မ်ားမ်ားကိုအေသအခ်ာစဉ္းစားၿပီးေပါင္းစပ္ထည့္သြင္းေပးထားေၾကာင္း Acuraကဆိုပါသည္။ 

ထုိကားမ်ားကိုႏိုဝင္ဘာလမွစၿပီးေရာင္းခ်မည္ျဖစ္ၿပီးေစ်းႏႈန္းမ်ားကိုေတာ့တရားဝင္မေၾကညာေသးပါဘူး။

သို႕ေသာ္ RLXကတစ္စီးကိုေဒၚလာငါးေသာင္းခြဲေလာက္ျဖစ္ႏိုင္ၿပီး Sport Hybrid မ်ိဳးကြဲမွာေဒၚလာ ေျခာက္ေသာင္းေလာက္က်သင့္ဖြယ္ရွိေနသည္ဟုသတင္းမ်ားကေဖာ္ျပသြားပါသည္။

Source:7Dayscars


 (Unicode)

နည်းပညာနှင့်ဒီဇိုင်းပိုင်းပြောင်းလဲဆန်းသစ်ထားသည့် ၂၀၁၈ မော်ဒယ်လ်သစ် RLX ကို Acura မိတ်ဆက်
Acura သည်ဒီဇိုင်းပိုင်းအတန်အသင့်ပြင်ဆင်မွမ်းမံထားပြီးနည်းပညာသစ်များပေါင်းစပ်ထားသည့် ၂၀၁၈ မော်ဒယ်လ်သစ် RLX ဆီဒင်ကိုမိတ်ဆက်လိုက်ပါသည်။
ကား၏တည်ဆောက်မှုအပိုင်းတွင်လည်းပိုမိုအားကောင်းကြံ့ခိုင်ပြီးပေါ့ပါးသည့်သတ္တုပစ္စည်းများအစားထိုး အသုံးပြုထားကြောင်း Honda လက်အောက်ခံဇိမ်ခံကားကုမ္ပဏီကပြောပါသည်။
Acura၏နာမည်အကြီးဆုံးဆီဒင်သည် Chrome Beakဒီဇိုင်းအင်ဂျင်လေဝင်ပေါက်ဒီဇိုင်းအစား Precisionဆို Concept နမူနာမော်ဒယ်လ်တွင်သုံးထားသည့် Diamond Pentagon ဒီဇိုင်းကိုပြောင်းလဲအသုံးပြုထားပါသည်။ ဒီအင်ဂျင်လေဝင်ပေါက်ဒီဇိုင်းသစ်ကို TLXဆီဒင်နှင့် MDX အမျိုးအစား SUV မော်ဒယ်လ်သစ်များပါထည့်သွင်း တပ်ဆင်သွားမည်ဖြစ်ပါသည်။

 

***သင်စိတ်ဝင်စားနိုင်သောအင်ဂျင်အအေးခံရည်***


ကားအမိုးကလည်းပိုခေတ်မီဆွဲဆောင်မှုရှိလာပြီး LED နောက်မီးများကလည်း Sport Typeပိုဆန်သည့်ဘက်ကို ယိမ်းလာပါသည်။
ဒီဇိုင်းပိုင်းဆန်းသစ်မှုများအပြင် RLX အသစ်မှာလုံခြုံရေးအထောက်အပံ့နည်းပညာသစ်များ၊ ယာဉ်ကြောပိတ်ဆို့ချိန်ကူညီပေးသည့်စနစ်များပါဝင်လာပါသည်။
Acura သည် RLXကိုအခြေခံဗားရှင်းအပြင် RLX Sport Hybrid မျိုးကွဲပါထုတ်လုပ်မည်ဖြစ်ပြီးနှစ်မျိုးစလုံးကို 3.5-litre V6 ဓာတ်ဆီအင်ဂျင်များသာအဓိကအသုံးပြုထားမည်ဖြစ်ပါသည်။
အခြေခံ RLXက မြင်းကောင်ရေ ၃၁၀ စက်အားရှိမှာဖြစ်ပြီး V6အင်ဂျင်ကို လျှပ်စစ်မော်တာနှစ်လုံးနှင့် ပံ့ပိုးထားသည့် Sport Hybrid မျိုးကွဲကတော့ မြင်းကောင်ရေ ၃၇၇ ကောင်အားထိထုတ်ပေးနိုင်မည်ဟု သိရပါသည်။
ဖျော်ဖြေရေးအတွက် Stellar Krell အသံစနစ်ကိုထည့်သွင်းပေးထားပြီးဝယ်ယူစီးနင်းသူများအဆင်ပြေစေမည့် Feature အတော်များများကိုအသေအချာစဉ်းစားပြီးပေါင်းစပ်ထည့်သွင်းပေးထားကြောင်း Acuraကဆိုပါသည်။
ထိုကားများကိုနိုဝင်ဘာလမှစပြီးရောင်းချမည်ဖြစ်ပြီးစျေးနှုန်းများကိုတော့တရားဝင်မကြေညာသေးပါဘူး။
သို့သော် RLXကတစ်စီးကိုဒေါ်လာငါးသောင်းခွဲလောက်ဖြစ်နိုင်ပြီး Sport Hybrid မျိုးကွဲမှာဒေါ်လာ ခြောက်သောင်းလောက်ကျသင့်ဖွယ်ရှိနေသည်ဟုသတင်းများကဖော်ပြသွားပါသည်။
Source:7Dayscars

 

 

Read times
Rate this item
(0 votes)