Japan



ရုပ္ထြက္ေျပာင္းလဲလာသည့္ 2018Honda Fit ဂ်ပန္တြင္စတင္မိတ္ဆက္(Zawgyi-Unicode)

ရုပ္ထြက္ေျပာင္းလဲလာသည့္ 2018Honda Fit ဂ်ပန္တြင္စတင္မိတ္ဆက္(Zawgyi-Unicode) google

Honda မွ ႐ုပ္ထြက္ဒီဇိုင္းသစ္ေျပာင္းလဲထားသည့္ေမာ္ဒယ္သစ္ 2018 Honda Fit ကိုကုမၸဏီ၏ တရားဝင္အြန္လိုင္းဝပ္က္ဆိုက္တြင္စတင္မိတ္ဆက္ျပသသြားခဲ့ပါသည္။

Honda Fit မွာအခ်ိဳ႕ေသာကမၻာ့ေစ်းကြက္တြင္ Honda Jazz ဆိုၿပီးလည္းသိၾကပါသည္။

Honda ၏အေအာင္ျမင္ဆုံး Hatchback ကားဟုဆုိႏုိင္သည့္ Fit စီးရီးမွာအာရွတလႊားတြင္ အလြန္ကိုေက်ာ္ၾကားေစ်းကြက္မ်ားစြာပိုင္ဆိုင္ထားသည့္ၿမိဳ႕တြင္းကားေလးျဖစ္ပါသည္။

ထပ္မံထြက္ရွိမည့္2018 ေမာ္ဒယ္သစ္၏႐ုပ္ထြက္အေျပာင္းအလဲကိုႀကိဳတင္ခံစားနိုင္ရန္ Honda မွ စတင္ျပသ လိုက္ျခင္းျဖစ္ၿပီး 2018 ေမာ္ဒယ္ျဖစ္ေသာ္လည္းလာမည့္ဇြန္လတြင္ဂ်ပန္ေစ်းကြက္ထဲစတင္ေရာင္းခ် ေပးသြားေတာ့မည္ျဖစ္ပါသည္။

မ်ိဳးဆက္သစ္အျဖစ္ထပ္မံထြက္ရွိျခင္းမဟုတ္ေသာ္လည္းပိုမိုလွပသည့္႐ုပ္ထြက္ႏွင့္ေျပာင္းလဲထြက္ရွိလာခဲ့ ပါသည္။

 

***သင္စိတ္၀င္စားႏုိင္ေသာရန္ကုန္ၿမိဳ႕၏ယာဥ္ေၾကာပိတ္ဆုိ႕မႈႏွင့္အထူးသင့္ေလ်ာ္ေသာ Hum Rider***

 အေရွ႕ဘက္တြင္ LED driving မီးသီးမ်ားပါသည့္ေရွ႕မီးခြက္သစ္ ၊ မီးခြက္ႏွင့္တသားတည္း ေပါင္းစပ္ပုံေဖာ္ထားသည့္ရွဲဒီဇိုင္းသစ္ ၊ ပိုခ်ပ္ယပ္တဲ့ဘန္ဘာ ၊ ကြဲျပားသည့္ foglights ပုံစံသစ္တို႔ျဖင့္ ဆြဲေဆာင္မႈအေကာင္းဆုံးအေနအထားျဖင့္ေတြ႕လာရျခင္းျဖစ္ပါသည္။

အေနာက္ဖက္တြင္လည္း႐ုပ္ထြက္ပိုႂကြေစသည့္ေနာက္မီးခြက္ဒီဇိုင္းသစ္ကိုအထင္းသားေတြ႕လာရၿပီး အသြင္ဆန္းဆန္းႏွင့္ဝယ္ယူသူမ်ားကိုစိတ္ႀကိဳက္ဆြဲေဆာင္နိုင္မည္ျဖစ္ပါသည္။

ထုိ႕ျပင္အဆင့္ျမင့္လုံျခဳံေရးနည္းပညာမ်ားျဖစ္သည့္လမ္းေလၽွာက္သူမ်ားအားအာ႐ုံခံေပးမည့္ pedestrian detection ၊တိုက္မိျခင္းမွကာကြယ္ေပးမည့္ automated braking ၊ လမ္းမေပၚမွထြက္လၽွင္အခ်က္ျပေပးမည့္ lane departure warning ၊လမ္းမထက္ကအမွတ္အသားမ်ားအားအခ်က္ျပေပးမည့္ traffic sign recognition၊cruise control ၊lane keeping assistance စသည္ျဖင့္တြဲဖက္ပါဝင္လာမည္ ျဖစ္ေၾကာင္းသိရသည္။

အတြင္းခန္းတြင္လည္းအညိဳေရာင္ Leather ကြက္ျဖင့္အလွဆင္ထားတဲ့ထိုင္ခုံ ၊ 7 လက္မလွပသည့္ piano နက္ေရာင္ျဖင့္ေတာက္ေျပာင္စြာဆင္ယင္ထားသည့္ဂီယာစနစ္တို႔ျဖင့္အသစ္လြင္ဆုံးခမ္းခမ္းနားနားျဖင့္ဖြဲ႕စည္းထားျခင္းျဖစ္ပါသည္။

စြမ္းအားေပးစနစ္အတြက္ 1.3 လီတာ ႏွင့္ 1.5 လီတာဆလင္ဒါေလးလုံးထိုးအင္ဂ်င္တို႔ျဖင့္ေရြးခ်ယ္နိုင္႐ုံမက ဆီစားသက္သာသည့္ Hybrid ေမာ္ဒယ္ႏွင့္လည္းေရြးခ်ယ္နိုင္ပါသည္။

ေမာ္ဒယ္သစ္တြင္ထုတ္ခဲ့သမၽွ Fit ထဲတြင္အခန္႔ညားဆုံးဟုဆိုနိုင္ၿပီးနည္းပညာမ်ားစြာ ထပ္မံေပါင္းစပ္ပါရွိလာသည့္အတြက္ေစ်းကြက္တြင္အေရာင္းသြက္အုန္းမည္မွာအေသအခ်ာျဖစ္ပါသည္။


(Unicode)

ရုပ်ထွက်ပြောင်းလဲလာသည့် 2018Honda Fit ဂျပန်တွင်စတင်မိတ်ဆက်
Honda မှ ရုပ်ထွက်ဒီဇိုင်းသစ်ပြောင်းလဲထားသည့်မော်ဒယ်သစ် 2018 Honda Fit ကိုကုမ္ပဏီ၏ တရားဝင်အွန်လိုင်းဝပ်က်ဆိုက်တွင်စတင်မိတ်ဆက်ပြသသွားခဲ့ပါသည်။
Honda Fit မှာအချို့သောကမ္ဘာ့စျေးကွက်တွင် Honda Jazz ဆိုပြီးလည်းသိကြပါသည်။
Honda ၏အအောင်မြင်ဆုံး Hatchback ကားဟုဆိုနိုင်သည့် Fit စီးရီးမှာအာရှတလွှားတွင် အလွန်ကိုကျော်ကြားစျေးကွက်များစွာပိုင်ဆိုင်ထားသည့်မြို့တွင်းကားလေးဖြစ်ပါသည်။
ထပ်မံထွက်ရှိမည့်2018 မော်ဒယ်သစ်၏ရုပ်ထွက်အပြောင်းအလဲကိုကြိုတင်ခံစားနိုင်ရန် Honda မှ စတင်ပြသ လိုက်ခြင်းဖြစ်ပြီး 2018 မော်ဒယ်ဖြစ်သော်လည်းလာမည့်ဇွန်လတွင်ဂျပန်စျေးကွက်ထဲစတင်ရောင်းချ ပေးသွားတော့မည်ဖြစ်ပါသည်။
မျိုးဆက်သစ်အဖြစ်ထပ်မံထွက်ရှိခြင်းမဟုတ်သော်လည်းပိုမိုလှပသည့်ရုပ်ထွက်နှင့်ပြောင်းလဲထွက်ရှိလာခဲ့ ပါသည်။

***သင်စိတ်ဝင်စားနိုင်သောရန်ကုန်မြို့၏ယာဉ်ကြောပိတ်ဆို့မှုနှင့်အထူးသင့်လျော်သော Hum Rider***

အရှေ့ဘက်တွင် LED driving မီးသီးများပါသည့်ရှေ့မီးခွက်သစ် ၊ မီးခွက်နှင့်တသားတည်း ပေါင်းစပ်ပုံဖော်ထားသည့်ရှဲဒီဇိုင်းသစ် ၊ ပိုချပ်ယပ်တဲ့ဘန်ဘာ ၊ ကွဲပြားသည့် foglights ပုံစံသစ်တို့ဖြင့် ဆွဲဆောင်မှုအကောင်းဆုံးအနေအထားဖြင့်တွေ့လာရခြင်းဖြစ်ပါသည်။
အနောက်ဖက်တွင်လည်းရုပ်ထွက်ပိုကြွစေသည့်နောက်မီးခွက်ဒီဇိုင်းသစ်ကိုအထင်းသားတွေ့လာရပြီး အသွင်ဆန်းဆန်းနှင့်ဝယ်ယူသူများကိုစိတ်ကြိုက်ဆွဲဆောင်နိုင်မည်ဖြစ်ပါသည်။
ထို့ပြင်အဆင့်မြင့်လုံခြုံရေးနည်းပညာများဖြစ်သည့်လမ်းလျှောက်သူများအားအာရုံခံပေးမည့် pedestrian detection ၊တိုက်မိခြင်းမှကာကွယ်ပေးမည့် automated braking ၊ လမ်းမပေါ်မှထွက်လျှင်အချက်ပြပေးမည့် lane departure warning ၊လမ်းမထက်ကအမှတ်အသားများအားအချက်ပြပေးမည့် traffic sign recognition၊cruise control ၊lane keeping assistance စသည်ဖြင့်တွဲဖက်ပါဝင်လာမည် ဖြစ်ကြောင်းသိရသည်။
အတွင်းခန်းတွင်လည်းအညိုရောင် Leather ကွက်ဖြင့်အလှဆင်ထားတဲ့ထိုင်ခုံ ၊ 7 လက်မလှပသည့် piano နက်ရောင်ဖြင့်တောက်ပြောင်စွာဆင်ယင်ထားသည့်ဂီယာစနစ်တို့ဖြင့်အသစ်လွင်ဆုံးခမ်းခမ်းနားနားဖြင့်ဖွဲ့စည်းထားခြင်းဖြစ်ပါသည်။
စွမ်းအားပေးစနစ်အတွက် 1.3 လီတာ နှင့် 1.5 လီတာဆလင်ဒါလေးလုံးထိုးအင်ဂျင်တို့ဖြင့်ရွေးချယ်နိုင်ရုံမက ဆီစားသက်သာသည့် Hybrid မော်ဒယ်နှင့်လည်းရွေးချယ်နိုင်ပါသည်။
မော်ဒယ်သစ်တွင်ထုတ်ခဲ့သမျှ Fit ထဲတွင်အခန့်ညားဆုံးဟုဆိုနိုင်ပြီးနည်းပညာများစွာ ထပ်မံပေါင်းစပ်ပါရှိလာသည့်အတွက်စျေးကွက်တွင်အရောင်းသွက်အုန်းမည်မှာအသေအချာဖြစ်ပါသည်။

Read times
Rate this item
(4 votes)