Japan



ကျပ်သိန်း ၃ဝဝ နှင့် ၄ဝဝ ကြား ရွေးချယ်သင့်သည့် Nissan President

ကျပ်သိန်း ၃ဝဝ နှင့် ၄ဝဝ ကြား ရွေးချယ်သင့်သည့် Nissan President google

Nissan President ကို Nissan ရဲ့ ထိပ်တန်းမိုဒယ်တစ်ခုဖြစ်တဲ့ Cedric Special နေရာမှာ အစားထိုးထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ပြင် President က Nissan ရဲ့ အကောင်းဆုံး Limousine Model ဖြစ်ပြီး နောက်ဆုံးထုတ်ထားတဲ့ကားက ၂ဝဝ၃၊၂ဝဝ၈ ရုပ်ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ၂ဝဝ၃၊ ၂ဝဝ၆ မိုဒယ်တွေကို တင်သွင်းစီးနင်းကြပါတယ်။ ၂ဝဝ၃ ရုပ်ပြောင်းမိုဒယ်က ဂျပန်မှာ အထူးဈေးမြင့်တဲ့ Luxury Model လည်း ဖြစ်ပါတယ်။ President ကို Sovereign အနေနဲ့ ထုတ်လုပ်ထားပြီး ထူးခြားမှုကတော့ Fully Loaded ပုံစံဖြစ်တဲ့အတွက် ပါဝင်မှုများစွာကို Standard ထည့်သွင်းပေးထားတာပဲ ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

အရှေ့မီးကြီးက မီးလုံးငယ်များစွာပေါင်းစပ်ထားတဲ့ ဒီဇိုင်းဖြစ်ပါတယ်။ ကားကွေ့ရင် လိုက်ကွေ့တဲ့ HID မီးတွေလည်းပါရှိပါတယ်။ သူ့ရဲ့ ဒေါင် လိုက်ရှဲလ်က ခံ့ထည်တဲ့ပုံစံရှိပြီး ထူးခြားချက်က ရှည်လျားတဲ့ကိုယ်ထည် ပုံစံဖြစ်ပါတယ်။ ၂ဝ၁၃ မိုဒယ်မှာ အနောက်ဖုံးကို ခလုတ်နဲ့ Auto ပိတ်နိုင်ပြီး Original Back Camera လည်း ပါဝင်ပါတယ်။

 

အတွင်းခန်းက ကျယ်ဝန်းသပ်ရပ်ပြီး ခေတ်မီပါဝင်မှုအတော်များများကို Standard ထည့်သွင်းထားပါတယ်။ TV Screen ကို အတင်၊အချ ပြုလုပ်နိုင်တာအပြင် နောက်ခုံကလည်း Message ကဲ့သို့ လုပ်ဆောင် နိုင်စွမ်းရှိပါသေးတယ်။ ထိုင်ခုံတွေက 2+1 နဲ့ 4 Seaters ပုံစံနှစ်မျိုးရရှိ နိုင်ပြီး မျက်နှာကြက် TV ကို Optional အနေနဲ့ ထည့်သွင်းထားပါတယ်။ Adaptive Cruise Control အပြင် တခြားအဆင့်မြင့် Safety နည်း ပညာတွေကိုလည်း Standard ထည့်သွင်းထားပါတယ်။

 

အင်ဂျင်အမျိုးအစား

Nissan President ကို အစောပိုင်းမိုဒယ်တွေမှာ 3.0 L ၊ 4.0 L ၊ 4.4 L အင်ဂျင်တွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်း ၂ဝဝ၃၊ ၂ဝဝ၅ မိုဒယ် တွေမှာတော့ 4.5L V8 ဓာတ်ဆီအင်ဂျင်နဲ့ 5 Speed Autogear ကို တွဲဖက်တပ်ဆင်ထုတ်လုပ်ပါတယ်။

 

ဈေးနှုန်း

ဈေးကွက်မှာ အင်ဂျင်ပါဝါကြီးခြင်းနဲ့ Luxury ပုံစံဖြစ်ခြင်းတို့ကြောင့် တန်းမြင့်ကားဖြစ်ပေမဲ့ ဈေးနှုန်းအားဖြင့် သိန်းသုံးရာကနေ လေးရာကြား ရှိပါတယ်။

 

 

Source; Automobile Journal

Read times
Rate this item
(0 votes)