Japan



ကျပ်သိန်း ၃ဝဝ နှင့် ၄ဝဝ ကြား ရွေးချယ်သင့်သည့် Toyota Celsior

ကျပ်သိန်း ၃ဝဝ နှင့် ၄ဝဝ ကြား ရွေးချယ်သင့်သည့် Toyota Celsior google

Toyota Celsior ၂ဝဝ၃ မိုဒယ်က ၂ဝဝဝ ပြည့်နှစ်မှာစထုတ်ခဲ့တဲ့ မျိုးဆက်ကားရဲ့ Facelift မိုဒယ်ဖြစ်ပြီး ၂ဝဝ၅ ခုနှစ်ကနေ ၂ဝဝ၆ ခုနှစ်အထိ အဲဒီဒီဇိုင်းနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ North America Auto Show မှာ စတင်ပွဲထုတ်ခဲ့ပြီး မျိုးဆက်သုံးဆက်မြောက်ဖြစ်တဲ့ Toyota Celsior ၂ဝဝ၃-၂ဝဝ၆ မိုဒယ်ကို Lexus LS 430 လို့လည်း ခေါ်တွင်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်

2003 Model Celsior က ရှည်လျားပေမဲ့ ခံ့ထည်တဲ့ပုံစံရှိပြီး အ နောက်မီးတန်းက LED ပုံစံဖြစ်ပါတယ်။ အဲဒီမိုဒယ်မှာ ပြောင်းလဲခဲ့တာ တွေက အရှေ့မီးလုံးက HID Headlight ပုံစံဖြစ်လာသလို Original Back-up Camera ပါရှိပြီး ဒူးကာလေအိတ်နဲ့ အနောက်ခန်း မျက်နှာကြက်၊ ကြည့်မှန်တွေ ဖြည့်စွက်ပါဝင်လာပါတယ်။ A+C Interior Selection ၊ C ၊ ER ၊ CF Package ၊ CF Package Interior Selection စတဲ့ အတွင်းပါဝင်တဲ့ Features တွေအပေါ် မူတည်လို့ Grade တွေခွဲထားပြီး ရေခဲသေတ္တာ၊ အနောက်ထိုင်ခုံ Message ? Shauffeur Seat ? Premium Leather စတဲ့ Features တွေကို အမြင့်ဆုံး Grade မှာ ရရှိနိုင်ပါတယ်။

 

Keyless Entry စနစ်ကို Trim အားလုံးမှာ ထည့်သွင်းထားပြီး ကျယ်ဝန်းတဲ့ အတွင်းခန်းမှာ Driver Seat ကို အနေအထားမျိုးစုံ ရွေ့ပြောင်းနိုင်အောင် ဖန်တီးထားပါသေးတယ်။ ထိုင်ခုံတွေကို 2+1 Seat ပုံစံ ခင်းကျင်းထားပါတယ်။ ဒါ့ပြင် Air Suspension စနစ်နဲ့ တခြား အောက်ပိုင်း ထိန်းချုပ်စနစ်များစွာကိုလည်း ထည့်သွင်းထားပါတယ်။

 

အင်ဂျင်အမျိုးအစား

Toyota Celsior ကို အရင်မိုဒယ်တွေမှာ 4.0 L 118 အင်ဂျင်တွေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။ နောက်ပိုင်း ၂ဝဝ၃၊ ၂ဝဝ၅ မိုဒယ်တွေမှာတော့ မြင်းကောင်ရေ ၂၉ဝ အား 4.3L V8 ဓာတ်ဆီအင်ဂျင်နဲ့ 6-Speed Autogear တို့ တွဲဖက်တပ်ဆင်ထုတ်လုပ်ခဲ့ပါတယ်။

 

ဈေးနှုန်း

Toyota Celsior 2003-2005 မိုဒယ်တွေမှာ နံပါတ် အနိမ့်/အမြင့်၊ Grade အလိုက်ပါဝင်မှု၊ သုံးပြီးကီလိုနဲ့ တခြားအချက်တွေအပေါ် မူတည်လို့ ကျပ်သိန်းသုံးရာကေန လေးရာဝန်းကျင် ရှိပါတယ်။

 

 

Source; Automobile Journal

Read times
Rate this item
(0 votes)