Japan



ကျပ်သိန်း ၁၅ဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Nissan March

ကျပ်သိန်း ၁၅ဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Nissan March google

၂ဝ၁ဝ မိုဒယ်မတိုင်ခင် ထုတ်လုပ်ထားတဲ့ Nissan March က Volkswagen ပုံသဏ္ဍန်လို အမိုးခုံးပုံစံတည်ဆောက်ထားပြီး တခြား ၁၃ဝဝ စီစီကားတွေနဲ့ယှဉ်ရင် ပုံစံရိုးရှင်းလွန်းတဲ့အတွက် လူကြိုက်နည်းခဲ့ပါတယ်။

 

ဒါပေမဲ့ ၂ဝ၁ဝ Late ကစပြီး Toyota Vitz ၊ Honda Fit ၊Mazda Demio တို့လို Hatchback ပုံစံ ပြောင်းလဲသွားတဲ့အတွက် ကားရဲ့အသွင်သဏဥာန် ဆန်းသစ်လှပသွားပါတယ်။ Nissan ကုမ္ပဏီက ၁၉၇ဝ ပြည့်နှစ်နှောင်းပိုင်းမှာ Toyota ကထုတ်လုပ်တဲ့ Starlet ရဲ့ အောင်မြင်မှုကို တုံ့ပြန်ဖို့အတွက် Nissan Plusar ထက် အရွယ်အစားသေးငယ်တဲ့ March ကိုထုတ်လုပ်ခဲ့ပါတယ်။ March ကို ဂျပန်မှာ Micra လို့လူသိများပြီး Export ဈေးကွက်မှာသာ March ဆိုတဲ့ နာမည်နဲ့ သိကြတာ ဖြစ်ပါတယ်။ တစ်ချိန်က ဂျပန်နိုင်ငံရဲ့ အမျိုးသားရေးလှုပ်ရှားမှု စတင်ခဲ့တဲ့လကို အစွဲပြုပြီးတော့ Nissan ကုမ္ပဏီက ဒီကားကို မှတ်မိလွယ်အောင် March လို့အမည်ပေးခဲ့တာ ဖြစ်ပါတယ်။ Nissan March ကို ၁၉၈၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်အထိကို ပထမမျိုးဆက်၊ ၁၉၉၂ ခုနှစ်ကနေ ၂ဝဝ၃ ခုနှစ်အထိကို ဒုတိယမျိုးဆက်၊ ၂ဝဝ၂ ခုနှစ်ကနေ ၂ဝ၁ဝ ခုနှစ်အထိကို တတိယမျိုးဆက်နဲ့ ၂ဝ၁ဝ ပြည့်နှစ်နှောင်းပိုင်းကို စတုတ္ဃမျိုးဆက်အဖြစ် သတ်မှတ်ခဲ့ပါတယ်။

 

အင်ဂျင်အမျိုးအစား

Nissan March ကို ၂ဝ၁ဝ မိုဒယ်မတိုင်ခင်က ၁၁၉၈ စီစီ၊ ၁၂၄ဝ စီစီနဲ့ ၁၃၈၆ စီစီ စတဲ့ အင်ဂျင်ပါဝါသုံးမျိုးထုတ်လုပ်ခဲ့ပေမဲ့ ပုံပြောင်းသွားတဲ့ အချိန်ကစပြီး ၁၁၉၈ စီစီတစ်မျိုးတည်းကိုပဲ ထုတ်လုပ်ခဲ့ပါတယ်။ ပုံပြောင်းမှာ Auto Gear တစ်မျိုးတည်းကိုပဲ 2WD ၊ 4WD နှစ်မျိုးနဲ့ ထုတ်လုပ်ထားပါတယ်။ Chassis နံပါတ်နဲ့ခွဲမယ်ဆိုရင် 2WD က K13 နဲ့ 4WD က NK13 ဖြစ်ပြီး HR12DE အင်ဂျင်ဖြစ်သလို ဆလင်ဒါ သုံးလုံးထိုး ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

၂ဝ၁၁ မိုဒယ်ပုံပြောင်းက ပုံဟောင်းလို အမိုးခုံးပုံသဏဥာန်မဟုတ်တော့ဘဲ Hatchback ကားနဲ့တူသွားပြီး နောက်ဖုံးအပေါ်မှာလည်း ဘရိတ်မီးတန်း ပါရှိသွားပါတယ်။ အပြင်ပိုင်းပုံသဏဥာန် ပြောင်းလဲသွားရုံမကဘဲ အတွင်း ခန်း၊ Dashboard အထိုင်နဲ့ ဒိုင်ခွက်ပုံစံတွေပါ ပြောင်းသွားပါတယ်။ ဒီမို ဒယ်မှာ Bolero ဂရိတ်က ပုံစံတစ်မျိုး ခွဲထွက်သွားပြီး 12S ၊ 12S V Package ၊ 12X ၊ 12G ၊ 12G4 စတဲ့ဂရိတ်တွေရှိပါတယ်။ G ဂရိတ်က ဂရိတ်အမြင့်ဖြစ်ပြီး Aircon Auto နဲ့ Push-start ဖြစ်သွားပါတယ်။

 

ဈေးနှုန်း

Nissan March ပုံပြောင်း ၂ဝ၁၁၊ ၂ဝ၁၂ မိုဒယ်ကားတွေထဲမှာ နယ် လိုင်စင်နဲ့ ပိုများပြီး အရောင်နဲ့ ဂရိတ်အပေါ်မူတည်၊လို့ ကျပ်သိန်း ၁၅ဝ ကေန ၁၇ဝ ကြား ရှိပါတယ်။

 

 

Source; Automobile Journal

Read times
Rate this item
(2 votes)