Japan



ကျပ်သိန်း ၁၅ဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota Passo

ကျပ်သိန်း ၁၅ဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota Passo google

ကျပ်သိန်း ၁၅ဝ ဝန်းကျင်သုံးပြီး မိုဒယ်မြင့်ပုံပြောင်းကားထဲက အင်ဂျင်ပါဝါနည်းနည်းနဲ့ Supermini ကားကို ဝယ်ယူချင်တယ်ဆိုရင် Toyota Passo ကို ရွေးချယ်လို့ရပါတယ်။ အရင် ပုံဟောင်းမှာ ဒီကားလေးက လူကြိုက်နည်းခဲ့ပေမဲ့ ပုံပြောင်းသွားတဲ့နောက်ပိုင်းမှာတော့ ဒီဇိုင်းဆန်းသစ် သွားတဲ့အတွက် ကားအသေးကြိုက်သူတွေကို ဆွဲဆောင်မှု အပြည့်အဝပေးနိုင်လာပါတယ်။

 

Toyota ကနေ Supermini ကားအဖြစ် ထုတ်လုပ်ထားတဲ့ Toyota Passo ဟာ အရွယ်အစားသေးငယ်ပြီး ပေါ့ပါးပေမဲ့ အင်ဂျင်စွမ်းအား ကောင်းမွန်တဲ့အတွက် ၁၃ဝဝ စီစီနဲ့အောက်ကားထဲမှာ လူကြိုက်များတဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။ အခု ဒုတိယမျိုးဆက် ၂ဝ၁ဝ မိုဒယ် Passo ပုံပြောင်းကလည်း အရောင်အသွေးစုံပြီး ချစ်စဖွယ်အသွင်သဏဥာန်ရှိတဲ့အတွက် အမျိုးသမီးကားချစ်သူတွေကြားမှာ ရေပန်းစားတဲ့ကား ဖြစ်ပါတယ်။ Toyota Passo ကို ၂ဝဝ၄ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး Daihatsu Boon ၊ Daihatsu Sirion လို့လည်း လူသိများပါတယ်။ Daihatsu Boon နဲ့ Toyota Passo ကို ဂျပန်ပြည်တွင်းဈေးကွက်အတွက် ရည်ရွယ်ထုတ်လုပ်ထားတာ ဖြစ်ပြီး Sirion ကတော့ ဥရောပဈေးကွက်အတွက် ဖြစ်ပါတယ်။ ဒီကားကလည်း European New Car Assessment Programme(NCAP) အဆင့် သတ်မှတ်ချက်မှာ 4 out of 5 Stars ထဲမှာ ရှိပါတယ်။ Toyota Passo ကို ၂ဝဝ၄ မိုဒယ်ကနေ ၂ဝဝ၉ မိုဒယ်အထိ ပထမမျိုးဆက်၊ ၂ဝ၁ဝ နောက်ပိုင်းကို ဒုတိယမျိုးဆက်အနေနဲ့ ထုတ်လုပ်ခဲ့ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Passo ၂ဝ၁ဝ ပုံပြောင်းမှာ ရှေ့။နောက် ဘမ်ပါ၊ မီးခွက်၊ ရှဲလ်နဲ့ နောက်တံခါး အဖွင့်။အပိတ် လက်ကိုင်အထိုင်တွေ ပြောင်းသွားပါတယ်။ ၂ဝ၁ဝ မိုဒယ်က စပြီး နှင်းခွဲမီးအထိုင် သီးသန့်မပါတော့သလို မီးခွက်ကလည်း ဘဲဥပုံဖြစ်သွားပါတယ်။ ၂ဝ၁ဝ မိုဒယ် ၁ဝဝဝ စီစီမှာ XV Package ၊ X ၊ Plus HANA C Package ၊ XL Package ၊ Plus HANA တို့ရှိပြီး ၁၃ဝဝ စီစီမှာတော့ G နဲ့ Plus HANA ဂရိတ်နှစ်မျိုးပဲ ရှိပါတယ်။ Plus HANA ဂရိတ်တွေမှာ ထိုင်ခုံအရောင်စပ်ဖြစ်ပြီး Digital Aircon ၊ Smart Key ၊ ဘက်မှန်မီးခြောက် စတာတွေအပြင် ကားနောက်ဘက်က Passo အမည် ကလည်း ပန်းစာလုံးပုံစံ ပြောင်းသွားပါတယ်။ ၁၃ဝဝ စီစီ G ဂရိတ်ကလည်း Digital Aircon ၊ Smart Key ဖြစ်ပြီး ထိုင်ခုံလျှောက်လမ်း ပါရှိပါတယ်။ Toyota Passo က ၁၃ဝဝ စီစီကားထဲမှာ အပေါ့ပါးဆုံးဖြစ်ပြီး အလေးချိန် ၂ယဝ၇၂ ပေါင်ပဲ ရှိပါတယ်။ အရောင်အသွေးစုံလင်ပြီး အနက်၊ အဖြူ၊ ခရမ်း၊ အစိမ်း၊ အနီ၊ ငွေမင်၊ ပုလဲ၊ ရွေရောင် စတဲ့ အရောင်တွေ ရှိပါတယ်။

 

အင်ဂျင်အမျိုးအစား

Toyota Passo ကို အင်ဂျင်ပါဝါ ၁ဝဝဝ စီစီနဲ့ ၁၃ဝဝ စီစီ နှစ်မျိုး ထုတ် လုပ်ထားပါတယ်။ ၁ဝဝဝ စီစီက ဆလင်ဒါ သုံးလုံးထိုးဖြစ်ပြီး ၁၃ဝဝ စီစီ ကတော့ ဆလင်ဒါ လေးလုံးထိုး ဖြစ်ပါတယ်။ Passo ၂ဝ၁ဝ ပုံပြောင်းမှာ ၁ဝဝဝ စီစီက Chassis နံပါတ် KGC30 ဖြစ်ပြီး ၁၃ဝဝ စီစီက KGC 35 ဖြစ်ပါတယ်။ Dashboard Gear ဖြစ်ပြီး Auto ဂီယာ လေးချက်ပါဝင်တဲ့ CVT Gear ဖြစ်ပါတယ်။

 

ဈေးနှုန်း

Toyota Passo ပုံပြောင်းမှာ ၁ဝဝဝ စီစီက လူကြိုက်နည်းပြီး ၁၃ဝဝ စီစီ ထဲက နယ်လိုင်စင်နံပါတ်အမြင့်ကားကို ဝယ်ယူမယ်ဆိုရင် အရောင်နဲ့ ဂရိတ်အပေါ်မူတည်လို့ ကျပ်သိန်း ၁၅ဝ ကနေ ၁၈ဝ ကြား ရှိပါတယ်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)