Japan



ကျပ်သိန်း ၂ဝဝ နှင့် ၃ဝဝ ကြား ရွေးချယ်သင့်သည့် Honda Airwave

ကျပ်သိန်း ၂ဝဝ နှင့် ၃ဝဝ ကြား ရွေးချယ်သင့်သည့် Honda Airwave google

Honda Airwave က အင်ဂျင်ပါဝါ ၁၅ဝဝ စီစီ ကားတွေထဲမှာ Toyota Fielder လိုပဲ ဈေးကွက်မှာ လူကြိုက်များပါတယ်။ ကားပုံစံဆန်းသစ်သလို ဈေးနှုန်းသင့်တင့်ပြီး အင်ဂျင်ပါဝါကလည်း ၁၅ဝဝ စီစီဖြစ်တဲ့အတွက် ဈေးကွက်ထဲမှာ ရေပန်းစားပါတယ်။

လူငါးယောက်ကနေ ခြောက်ယောက်အထိ စီးနင်းနိုင်ပြီး ရန်ကုန်မြို့မှာ တက္ကစီအနေနဲ့လည်းတွေ့ရပါတယ်။ Airwave က Honda ကထုတ်လုပ်တဲ့ Subcompact ကားအမျိုးအစား ဖြစ်ပါတယ်။ ၂ဝဝ၅ ခုနှစ်၊ ဧပြီလမှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝ၁ဝ ပြည့်နှစ်၊ သြဂုတ်လမှာတော့ ထုတ်လုပ်မှု အဆုံးသတ်ခဲ့ပါတယ်။ ၂ဝ၁၁ နောက်ပိုင်းမှာတော့ Airwave အစား GP2 လို့ခေါ်တဲ့ Honda Fit Shuttle ကို Hybrid အင်ဂျင်နဲ့ ထုတ်လုပ်ခဲ့ပါတယ်။

 

အင်ဂျင်အမျိုးအစား

Airwave က မိုဒယ် တစ်ခုနဲ့တစ်ခုကြားမှာ ရုပ်ပြောင်းပေမဲ့ အင်ဂျင်ပါဝါကိုတော့ ၁၅ဝဝ စီစီတစ်မျိုးတည်းပဲ ထုတ်လုပ်ထားပါတယ်။ နောက်ပြီး 2WD ၊ 4WD နှစ်မျိုးရှိပေမဲ့ ဂီယာကိုတော့ CVT တစ်မျိုးတည်းပဲ ထုတ်လုပ်ထားပြီး 7-speed ဖြစ်ပါတယ်။ အင်ဂျင်မိုဒယ်က Honda ရဲ့ L Series ထဲမှာပါဝင်ပြီး L15A ဖြစ်ပါတယ်။ Chassis ကတော့ 2WD ဆိုရင် GJ1 နဲ့ 4WD ဆိုရင် GJ2 ဖြစ်သွားပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Airwave ကို Honda Partner ၊ Honda City လို့လည်း လူသိ များပါတယ်။ ၂ဝဝ၅ ခုနှစ်က စတင်ထုတ်လုပ်ခဲ့တာဖြစ်ပြီး 2008 Late မှာ ပုံပြောင်းသွားပါတယ်။ Panoramic Glass Sunroof ပါရှိတာကတော့ Airwave ရဲ့ ထူးခြားချက်တစ်ခု ဖြစ်ပါတယ်။ ဂရိတ်အနေနဲ့ M ၊ MS နဲ့ ST တို့ရှိပြီး ST ကတော့ ဂရိတ်အမြင့်ဆုံးဖြစ်သလို ရှေ့၊နောက် ဘမ်ပါမှာ Skirt ပုံစံ ပါဝင်လာမယ့်အပြင် နှင်းခွဲမီးလည်း ပါဝင်လာပါတယ်။ Panoramic Sunroof ကတော့ Option အပေါ်မူတည်ပြီး ST ဂရိတ်မှာအများဆုံး တွေ့ရပါတယ်။ နောက်ပြီး ST ဂရိတ်မှာ အော်ရီဂျင်နယ် အလွိုင်းဖြစ်သွားပြီး Spoiler လည်း ပါသွားပါတယ်။ ဂရိတ်အားလုံးမှာတော့ အဲကွန်းအော်တို ဖြစ်သွားပြီး မှန်ကာလာပါပါတယ်။

 

ဈေးနှုန်း

Airwave ၂ဝဝ၈၊ ၂ဝဝ၉ မိုဒယ်ွှ ဂရိတ်၊ နံပါတ်အမြင့်ဆိုရင် Toyota Fielder နဲ့ ဈေးတန်းတူပြီး ကျပ်သိန်း ၂၄ဝ ဝန်းကျင် ရှိပါတယ်။ Pearl White နဲ့ Silver မဟုတ်ဘဲ တခြားအရောင်၊ အက္ခရာနိမ့်ကားတွေကေတာ့ ကျပ်သိန်း နှစ်ရာအောက်မှာ ရှာဝယ်လို့ရပါတယ်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)