Japan



Toyota Alphard ရဲ့ grade ခွဲများအကြောင်း

Toyota Alphard ရဲ့ grade ခွဲများအကြောင်း google

TOYOTA ရဲ့ MPV အမျိုးအစားမှာ အရောင်ရဆုံး ဘုရင်တပါးဖြစ်တဲ့ Alphard ကို NAME PLATE လေးကြည့်ရုံနဲ့ ကားရဲ့ GRADE သိရမဲ့အပြင် 2W လား ? 4W လား ? 7 ယောက်စီးလား ? 8 ယောက်စီးလား ? စတာတွေကို သိနိုင်မယ်ဗျ။

 

POST တင်ရခြင်းရဲ့ ရည်ရွယ်ချက်က အငြင်းပွားအချင်းများစေရန် မရည်ရွယ်ပါ ရောင်းမှား ဝယ်မှား မဖြစ်ကြစေဖို့ အတွက်သာရည်ရွယ်ပါတယ်

ဘာလို့ NAME PLATE က MODEL CODE နဲ့ခွဲနည်းသင်​​ပေးရလဲဆိုရင် ALPHARD စီးနေတဲ့လတွေကို မေးကြည့်ပါ အကို့ကားက ဘာ GRADE လဲလို ?? တချို့က မသိပါဘူး တချို့ကလဲ သိကြလိမ့်မယ် သိလို့ GRADE ပြောလာတဲ့ လူကို ထပ်​​မေးကြည့် ဘာလို့အဲ့ GRADE လို့ပြောနိုင်တာလဲ ??? ဘာကိုကြည့်ပြီးပြောတာလဲ ???တော်​​တော်များများက ပြောကြလိမ့်မယ် ဝယ်တုန်းက ဝယ်​​ပေးတဲ့လူကပြောတာ / ရောင်းတဲ့လူကပြောတာ ကားထဲမှာ ဟိုဟာပါလို့ ဒီဟာပါလို့ စသည်ဖြင်ပေါ့...။

 

အဲ့လိုမရဘူးဗျ မိမိရဲ့ချွေးနည်းစာနဲ့ဝယ်တာ မိမိကိုယ်တိုင်ဘာဆွာသိဖို့လို့တယ် ဝယ်ပြီးစီးနေတုန်တော့ အကြောင်းမဟုတ်ဘူး အကြောင်း တစုံတရာနဲ့ ပြန်​​ရောင်တော့ GRADE က နိမ်နေတယ် မှားနေတယ် အတွင်းခန်းချိန်းထားတာကြီး ဟိုနားက ဟိုလိုဖြစ်​​နေတယ် ဒီနားကဒီလိုဖြစ်​​နေတယ် ... စသည်ဖြင့် မကြားဖူးတဲ့ ပြဿနာပေါင်သောင်ခြောက်​​ထောင် ကြားရလိမ့်မယ် ? ပစ်ချက်​​တွေထောက်ပြပြီး ဈေးနင်းကြတယ် .. ကြားထဲက ဘာမှ မသိနားမလည်ပဲဝယ်စီးကြတဲ့ ကားပိုင်ရှင်​​တွေပဲ နစ်နာတယ်

 

အဲ့GRADE တွေထဲမှာ အဆိုးဆုံးက MZ နဲ့ MZG ပဲ...

ဟိုဟာပါတယ် ဒီဟာပါတယ် .. အာ့ကြောင့် ဒီကားက MZG ဖြစ်တယ် .. အဲ့လိုပြောလို့မရဘူးဗျ .. ကား1 စီးရဲ့ GRADE ကို သူ့ရဲ့ NAME PLATE မှာ ပါတဲ့ MODEL CODE နဲ့ပဲ ခွဲလို့ ရမယ်ဗျ ကားထုတ်တဲ့ COMPANY ကိုယ်တိုင်က အဲ့လိုပဲ ခွဲခြားသတ်မှတ်ထားတယ်ဗျ ... TOYOTA ကို ချစ်တဲ့အချက်​​တွေထဲမှာအာ့တွေပါတယ်သေးစိတ်က အစ လုံးဝကိုပြီးပြည့်စုံအောင် ဖန်တီးထားတယ်။

 

MZ ရဲ့ ပါဝင်ပစ္စည်တွေက MZG ထက်ပိုစုံနေပါဇီ ... NAME PLATE က MODEL CODE မှာ MZG ရဲ့ MODEL CODE ဖြစ်မှသာ MZG ဖြစ်တယ်ဗျ အဲ့ ဟိုဟာပါတယ် ဒီဟာပါတယ်ဆွာ မီယံမာပြည်ကြီးမှာ အတွင်းခန်း 1 စီးလုံး ခွာချိန်းမှ သိန်း 20 လောက်​​ပေးရတာပါ MZG GRADE ဖြစ်သွားရင် သိန်း 20 မက ကွာပါတယ်။ 

 

အကြမ်းဖျင်းအားဖြင့် ALPHARD မှာ 3 GEN ရှိပါတယ်

2002 - 2008 1st GEN

2008 - 2015 2 nd GEN

2015 နှင့်အထက်ကို 3 rd GEN ပေါ့

အဲ့ထဲကမှ မြန်မာပြည်​​ဈေးကွက်မှာ လူစီးများပြီး GRADE တွေနဲ့ ရှုပ်ယှက်ခတ်​​နေတာက 1 st GEN ပါ အဲ့ FIRST GEN မှာ NAME PLATE 2 မျိုးကွဲပါတယ် ...2002 ကနေ 2005 ထိကို ပုံထဲမှာတွေ့ရသလို အင်ဂျင်ခံထဲမှာ သတ္တုပြားလေးနဲ့ပေါ့ 2005 ကနေ 2007 . 6 လအထိကျတော့ NAME PLATE က WISH တွေမှာလိုမျိုး တံခါဘောင်​​ကို ရောက်သွားပါတယ်...။

 

အခုက လူစီးများတဲ့ 1st GEN ရဲ့ 2002 ကနေ 2005 ထိကို တင်​​ပေးလိုက်ပါတယ် ?

အရင်ဦးဆုံး သိရမှာက ALPHARD ကို V နဲ့ G ပေါ့

G နဲ့ V က 1st GEN မှာပဲလာတယ်ဗျ 2 nd GEN မှာ G နဲ့ V မရှိတော့ဘူး ?

ကဲဟုတ်ပြီ ဘာကွာလဲ G နဲ့ V ...???

ဘာမှ မကွာဘူးဗျ ရောင်းကိုယ်စာလှယ် ကွဲတဲ့ အတွက် G နဲ့ V ဆိုပြီး ခွဲလိုက်တာပါ ကားစက်ပိုင်းဆိုင်ရာ အတွင်းခန်းစတာတွေ အကုန်အတူတူပါပဲ ရှေ့ရှဲလ် ပဲကွာတယ်ဗျ အဲ့အတွက် ကားဝယ်ရင် G နဲ့ V သိပ်ဂရုစိုက်စရာမရှိတော့သလို ဈေးလဲမကွာဘူးဗျ (OPA .. ကတော့ ရှဲလ် ကို V ကြိုက်တယ် ပိုခန့်သလိုပဲ)

ကဲ G နဲ့ V ပြီးရင် 2W နဲ့ 4W GRADE တိုင်းမှာ 2W နဲ့ 4W လာတယ်ဗျ အာ့က ချက်စီမှာကြည့်လိုက်ရုံပါပဲ 4W တွေက အောက်ပိုင်း ပိုမာသလို JAPAN စက်ရုံထုပ်​​ဈေးလဲ ကြီးပါတယ် မြန်မာပြည်ကြီးကိုရောက်​​တော့ ပြောင်းပြန်ဖြစ်သွားလေရော....

 

အင်ဂျင် 2.4 မှာဆိုရင်

ANH 10 ဆို 2W

ANH 15 ဆို 4W

အင်ဂျင် 3.0 မှာ ဆိုရင်

MNH 10 ဆို 2W

MNH 15 ဆို 4W

 

A နဲ့စရင် အင်ဂျင် 2.4 ပေါ့ M နဲ့ စရင် အင်ဂျင်က 3.0

2.4 နဲ့ 3.0 မှာ စီးဖို့ တိုက်တွန်းရရင် 3.0 ကို တိုက်တွန်းချင်ပါတယ်ဗျ အင်ဂျင်ကြီးခြင်းရဲ့အကျိုးကို ရေရှည်မှာ သိလိမ့်မယ်ဗျ 2.4 က ဆီစားသက်သာတယ်ဆိုပေ့မယ် 3.0 နဲ့ယှဉ်ရင် အနည်းဆုံကတော့ ပလပ် ခဏခဏ လဲရတာပါပဲ ဒါကတော့ ဖြည့်စွက်အကြံပြုတာပါ။

 

ကဲဆက်ပြီး GRADEတွေ (GRADE တွေက အများကြီးပါဗျ ဈေးကွက်တွင်းမှာ ရှိတဲ့ လူသုံးများတဲ့ GRADE တွေကိုသာ ဖော်ပြပေးလိုက်တာပါ ဒါလေးပဲ ရှိတာမဟုတ်ပါဘူး အများကြီးရှိပါသေးတယ်ဗျ)

2.4 မှာ AS / AX / AX L EDITION

GRADE ရဲ့ ရှေ့က A က 2.4 ကို ရည်ရွယ်ပါတယ်

3.0 မှာဆိုရင် GRADE ရဲ့ရှေ့က M နဲ့စပါတယ်

AS GRADE ရဲ့ MODEL CODE က

ANH 10W-PFPSK (2W) 7ယောက်စီး

ANH 15W-PFPSK (4W)7 ယောက်စီး

ANH 10W-PRPSK (2W) 8 ယောက်စီး

ANH 15W-PRPSK (4W) 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

 

အတွင်းခန်းအမဲ ကျွန်းကွက်အမဲ ထိုင်ခုံလဲ အမဲ SPORT & COMFORT MODE SKART ပါတ်လည် AIRCON ROUND FOG LIGHT အဝိုင်း POWER SLIDE ပါတာလဲလာတယ် မပါတာလဲလာတယ် ပါခဲ့ရင်လဲ တဖက်ပဲပါတယ် လိုက်ကာလဲ အဲ့လိုပါ ပါတာလဲလာတယ် မပါတာလဲလာတယ် ပါရင်လဲ ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

AX GRADE ရဲ့ MODEL CODE က

ANH 10W-PFPGK (2W) 7 ယောက်စီး

ANH 15W-PFPGK (4W) 7 ယောက်စီး

ANH 10W-PRPGK (2W) 8 ယောက်စီး

ANH 15W-PRPGK (4W) 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

အတွင်းခန်းအဝါ ကျွန်းကွက်အဝါ လိုက်ကာပါတ်လည် ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး AIRCON ROUND POWER SLIDE 1 ချပ်

 

AX L EDITION ရဲ့ MODEL CODE က

ANH 10W-PFPGK-L (2W) 7 ယောက်စီး

ANH 15W-PFPGK-L (4W) 7 ယောက်စီး

ANH 10W-PRPGK-X (2W) 8 ယောက်စီး

ANH 15W-PRPGK-X (4W) 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

 

အတွင်းခန်းအဝါ ကျွန်းအဝါ ထိုင်ခုံရှန်မွိုင်းအသားရောင် POWER SLIDE 1 ချပ် စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း AIR CON ROUND အလယ်​​လျှောက်လှမ်းမပါ 8 ယောက်စီး ရှေ့ CAM နောက် CAM..

တချို့က SUNROOF MOONROOF ပါ။

3.0 မှာ MS / MX / MX L EDITION / MZ / MZ G EDITION

MS GRADE ရဲ့ MODEL CODE က

MNH 10W-PFASK (2W) 7 ယောက်စီး

MNH 15W-PFASK (4W) 7 ယောက်စီး

MNH 10W-PRASK (2W) 8 ယောက်စီး

MNH 15W-PRASK (4W) 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

 

အတွင်းခန်းအမဲ . ကျွန်းကွက်အမဲ .ထိုင်ခုံလဲ အမဲ . SPORT & COMFORT MODE . SKART ပါတ်လည် . AIRCON ROUND . FOG LIGHT အဝိုင်း POWER SLIDE မပါပါဘူး . လိုက်ကာလဲ ပါခဲ့ရင် ခလုပ်နဲ့ AUTO မရဘူး ဒီအတိုင်း လက်နဲ့ဆွဲပိတ်ပဲ

MX GRADE ရဲ့ MODEL CODE က

MNH 10W-PFPGK (2W) 7 ယောက်စီး

MNH 15W-PFPGK (4W) 7 ယောက်စီး

MNH 10W-PRPGK (2W) 8 ယောက်စီး

MNH 15W-PRPGK (4W) 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

 

အတွင်းခန်းအဝါ . ကျွန်းကွက်အဝါ . လိုက်ကာပါတ်လည် ဆွဲပိတ်ပဲ ခလုပ်နဲ့ AUTO မရ . FOG LIGHT လေးထောင့်အရှည်ဖြစ်သွားပြီး . AIRCON ROUND . POWER SLIDE 1 ချပ် .တချို့တလေမှာ ရှေ့ CAM ပါ

MX L EDITION ရဲ့ MODEL CODE က

MNH 10W-PFAGK-L (2W) 7ယောက်စီး

MNH 15W-PFAGK-L (4W) 7 ယောက်စီး

MNH 10W-PRAGK-X (2W) 8ယောက်စီး

MNH 15W-PRAGK-X (4W) 8ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

 

 

အတွင်းခန်းအဝါ . ကျွန်း အဝါ . ထိုင်ခုံ ရှန်မွိုင်းအသားရောင် .POWER SLIDE 1 ချပ် တချို့က 2 ချပ် . စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIR CON ROUND . အလယ်​​လျှာက်လှမ်းမပါ 8 ယောက်စီး . ရှေ့ CAM နောက် CAM . တချို့က SUNROOF MOONROOF ပါ .

MZ GRADE ရဲ့ MODEL CODE က

MNH 10W-PFPQK (2W) 7 ယောက်စီး

MNH 15W-PFPQK (4W) 7 ယောက်စီး

MNH 10W-PRPQK (2W) 8 ယောက်စီး

MNH 15W-PRPQK (4W) 8 ယောက်စီး

7 ယောက်စီးဆို F ပေါ့ 8 ယောက်စီးဆို F နေရာ မှာ R ဖြစ်သွားမှာပါ။

 

အတွင်းခန်းအဝါ . FOG LIGHT လေးထောင့်အရှည် .စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIRCON ROUND။ 7 ယောက်စီး လျှေက်လှမ်းပါတာလာသလို့ 8 ယောက်စီး လျှောက်လှမ်းမပါတာလဲလာတယ် . SPORT & COMFORT MODE . လိုက်ကာ AUTO .POWER SLIDE DOOR က 1 ချပ်လဲ လာသလို 2 ချပ်လဲ လာတယ် နောက်ဖုံလဲ SLIDE ပါတက်တယ် . 5.1 SOUND SYSTEM ပါတယ် . ယဉ်​​မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ပါ . SUNROOF / MOONROOF ပါတာများတယ် . ရှေ့ TV ခါး TV . ရှေ့ CAM နောက် CAM . တချို့ဆို ရှားမှရှား CRUSE CONTROL ရယ် RADER ရှဲလ် ရယ်​​တောင်ပါသေးတယ် . ထိုင်ခုံလယ်သာစိနဲ့ . HEATER ​​တောင်ပါသေးတယ် မလာဘူးမပြောနဲ့ လက်​​တွေ့ပြမယ် ချက်စီက MZ ပဲ ထွက်တယ် ပစ္စည်းကတော့ စုံသလားမမေးနဲ့ တချို့ MZ G EDITION တောင် သူ့လောက်မစုံဘူး ချက်စီမှာ MZ G မဖြစ်တာတခုပဲ...

 

အမြင့်ဆုံးကတော့ MZ G EDITION

အဲ့MODEL CODE နဲ့ထွက်မှ MZ G EDITION အစစ်ပါ ဘယ်​​လောက်ပဲ ပစ္စည်တွေ စုံနေပါစေ အဲ့MODEL CODE နဲ့မဟုတ်ရင် MZ G EDITION အမှန်မဟုတ်ပါ။

ALPHARD G မှာ

MNH 10-PFKAQ-G (2W)

MNH 15-PFKAQ-G (4W)

ALPHARD V မှာဆိုရင်

MNH 10-PFKAQ-R (2W)

MNH 15-PFKAQ-R (4W)

ပေါ်က GRADE တွေမှာလို 7 ယောက်စီး 8 ယောက်စီး 2 မျိုးမလာတဲ့ အတွက် PFKAQ ပဲ ရှိမှာပါ 8 ယောက်စီး PRKAQ ဆိုပြီး မလာတော့ပါဘူး။

 

အတွင်းခန်းအဝါ . FOG LIGHT လေးထောင့်အရှည် .စီယာတိုင် ကျွန်း ဂီယာဘုသီးကျွန်း . AIRCON ROUND .

7 ယောက်စီး လျှေက်လှမ်းပါတာပဲလာတယ် . SPORT & COMFORT MODE . လိုက်ကာ AUTO .POWER SLIDE DOOR က 2 ချပ်လဲ နောက်ဖုံလဲ SLIDE တယ် . 5.1 SOUND SYSTEM ပါတယ် . ယဉ်​​မောင်းရဲ့ ထိုင်ခုံက မော်တာနဲ့ တချို့ဆို ဘေးက ပါစင်ဂျာခုံပါ မော်တာပါတယ် . SUNROOF / MOONROOF . ရှေ့ TV ခါး TV . ရှေ့ CAM 3D နောက် CAM . CRUSE CONTROL ရယ် RADER ရှဲလ်. ထိုင်ခုံလယ်သာစိနဲ့ . HEATER ... စသည်ဖြင့် ပါတာရွှတ်ရတာတောင်​​မောတယ် ... ပစ္စည်းက အစုံပါတာလဲ ရှိသလို့ တချို့အချက်​​တွေ မပါတာလဲ ရှိတယ်ဗျ အဓီကက MODEL CODE မှာ MZG ထွက်ရင် အဲ့ကားက MZG ပါပဲ..

1 st GEN မှာ HYBRID လဲလာတယ်ဗျ သူ့ရဲ့ MODEL CODE က

ATH 10W-PFXGB (07S)

ATH 10W-PRXGB (08S)

ချွင်းချက်နေနဲ့ တချို့ GRADE တွေမှာ PREMIUM / EDITION တွေ ထပ်ရှိပါတယ် ​​ယေဘုယ အားဖြင်တော့ ဒီ MODEL CODE တွေပါပဲ နောက်က 1 လုံး 2 လုံးလောက်​​လေးပဲ ပိုပါလာတတ်ပါတယ်

အောက်မှာ NAME PLATEတွေရဲ့ ပုံလေးတွေပါတွဲတင်ပြီး လက်​​တွေ့ခွဲပြထားပါတယ်

 

alphard00.jpg

 

alphard01.jpg

 

alphard02.jpg

 

 

 

Credit; Original Writer

Read times
Rate this item
(1 Vote)