Japan



ကျပ်သိန်း ၂၃ဝ နှင့် ၃၀၀ ကြား ရွေးချယ်သင့်သည့် Toyota Wish

ကျပ်သိန်း ၂၃ဝ နှင့် ၃၀၀ ကြား ရွေးချယ်သင့်သည့် Toyota Wish google

Toyota Wish က Compact MPV ကားအမျိုးအစားဖြစ်ပြီး Alphard ၊ Ipsum တို့လောက် ကားအရွယ်အစားမကြီးပေမဲ့ ထိုင်ခုံသုံးတန်းပါရှိတဲ့အတွက် ခုနစ်ဦးအထိ သယ်ဆောင်နိုင်ပါတယ်။

 

Wish ရဲ့ အရွယ်အစားက Ipsum နဲ့ Spacio ကြားမှာရှိပါတယ်။ အပြင်ကနေ ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် ထိုင်ခုံနှစ်တန်းပဲရှိတယ်လို့ထင်ရပေမဲ့ နောက်အခန်းမှာ ထိုင်ခုံတစ်တန်းပါရှိပါတယ်။ Wish ကို မိသားစုစီးဖို့ ရွေးချယ်ကြသလို ကုမ္ပဏီတွေမှာလည်း အသုံးပြုကြပါတယ်။ Toyota Wish ကို ၂ဝဝ၃ ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ၂ဝဝ၉ ခုနှစ်အထိကို ပထမမျိုးဆက်၊ ၂ဝဝ၉ ခုနှစ်ကနေ လက်ရှိအချိန်အထိကို ဒုတိယမျိုးဆက်အနေနဲ့ ထုတ်လုပ်နေပါတယ်။ ၂ဝဝ၃ မိုဒယ်ကနေ ၂ဝဝ၅ မိုဒယ်အထိကို ပုံစံမပြောင်းဘဲ ၂ဝဝ၉ မိုဒယ်ရောက်မှသာ ချက်စီနဲ့ ကားဒီဇိုင်းကို ပြောင်းလဲပြီးထုတ်ခဲ့တာ ဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

 

Toyota Wish မှာ အင်ဂျင်ပါဝါ ၁၈ဝဝ စီစီနဲ့ ၂ဝဝဝ စီစီ နှစ်မျိုးရှိပြီး ၂ဝဝ၉ မိုဒယ်မှာဆိုရင် ၂ဝဝဝ စီစီတွေကို 2WD ပဲ ထုတ်ပါတယ်။ Wish ရဲ့ Chassis က Grade 1.8X(2WD) က ZGE20G ၊ 1.8X(4WDK) က ZGE25G ၊ 1.8S(2WD) က ZGE20W ၊ 1.8S(4WD) က ZGE25W ၊ 2.0G က ZGE21G ၊ 2.0Z က ZGE22W ဖြစ်ပါတယ်။ အင်ဂျင်အမျိုးအစားက Inline 4 Cylinder DOHC ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

 

Toyota Wish ပထမမျိုးဆက်မှာ 1.8X Grade က Standard Grade ဖြစ်ပါတယ်။ 1.8S Grade မှာ နီကယ်ရှဲလ်နဲ့ နှင်းခွဲမီးတွေပါသွားပြီး Steering က လည်သာကြိုးချုပ်ဖြစ်သွားပါတယ်။ ဒီဂရိတ်မှာ Paddle Shift ပါသွားပြီး Cruise Control လည်း ပါတတ်ပါတယ်။ Smart Key ၊ Push-start ၊ Eco Mode တို့ ထည့်သွင်းထားပြီး Sport Mode နဲ့ လည်း ပြောင်းလဲမောင်းနှင်နိုင်ပါတယ်။ 2.0G Grade က 1.8S နဲ့ အင်ဂျင်ပဲ ပြောင်းသွားပြီး အတွင်းဂရိတ်တွေ တူပါတယ်။ 2.0Z မှာ ၆ ယောက်စီးဖြစ်သွားပြီး Steering Control ၊ Cruise Control ၊ အလယ် လျှောက်လမ်း စတာတွေ ပါသွားပါတယ်။

 

ဈေးနှုန်း

 

Toyota Wish ၂ဝဝ၃၊ ၂ဝဝ၄ မိုဒယ်ရဲ့ဈေးက ကားအရောင်၊ အက္ခရာ၊ အင်ဂျင်ပါဝါနဲ့ ဂရိတ်အေပ်ါမူတည်ပြီး ကျပ်သိန်း ၂၃ဝ ကနေ ၃၀၀ ကြား ရှိပါတယ်။

 

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)