Japan



ကျပ်သိန်း ၄ဝဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Nissan Juke

ကျပ်သိန်း ၄ဝဝ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Nissan Juke google

၁၃ဝဝ စီစီကားလေးတွေ ဈေးမြင့်တက်နေတဲ့အချိန်မှာ တချို့ကလည်း ဈေးသိပ်မကွာတဲ့ Crossover SUV တွေကို ရွေးချယ်လာကြပါတယ်။ Crossover SUV တွေထဲက ကျပ်သိန်း ၃၅ဝ ဝန်းကျင်သုံးပြီး လိုင်းပေါ်က ကားကို ရှာချင်တယ်ဆိုရင် Nissan Juke ကို ရွေးချယ်လို့ရပါတယ်။

 

Subcompact Crossover SUV အမျိုးအစားဖြစ်တဲ့ Nissan Juke ကို Nissan ကုမ္ပဏီကနေ ၂ဝ၁ဝ ပြည့်နှစ်က စတင်ထုတ်လုပ်ခဲ့ပါတယ်။ Juke ကို စတင်ထုတ်လုပ်ခဲ့တဲ့နှစ်မှာပဲ New York International Auto Show မှာ မိတ်ဆက်ပြသခဲ့ပါတယ်။ Juke ဟာ Crossover အမျိုးအစားဖြစ်ပြီး အင်ဂျင်ပါဝါနည်းသလို ကားအတွင်းပိုင်း၊ အပြင်ပိုင်းက ဆန်းသစ်လှပတဲ့အတွက် လူငယ်အကြိုက် ကားအမျိုးအစားလည်း ဖြစ်ပါတယ်။ Nissan Motor ကနေ Juke ကို မြောက်အမေရိကဈေးကွက်မှာ ထိုးဖောက်ဖို့အတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ထုတ်လုပ်ခဲ့တဲ့ပထမဆုံးလမှာပဲ အစီးရေ ၁ဝ,၉၄၃ စီး အော်ဒါမှာယူခြင်းခံခဲ့ရသလို ဥရောပနဲ့ အမေရိက ကားဈေးကွက်မှာ လူကြိုက်များတဲ့အတွက် နှစ်စဉ်ရောင်းချတဲ့အစီးရေ ပိုမိုများပြားလာပါတယ်။ မြန်မာပြည်ကားဈေးကွက်မှာလည်း Nissan Juke ဟာ Mitsubishi RVR ၊ Honda CR-V တို့နဲ့အပြိုင် အရောင်းအဝယ်သွက်တဲ့ ကားအမျိုးအစား ဖြစ်ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်

 

Nissan Juke ရဲ့ထူးခြားချက်က ရှေ့မီးက အပေါ်မှာ အချွန်၊ အောက်ဘက်မှာ အဝိုင်းပုံစံဖြစ်ပြီး အနောက်တံခါးကလည်း တခြားကားတွေနဲ့မတူဘဲ ထူးခြားပါတယ်။ ရုတ်တရက်ကြည့်လိုက်ရင် နောက်တံခါးက လက်ကိုင်ရဲ့ မှန်ပေါက်နားမှာရှိတဲ့အတွက် တံခါးနှစ်ပေါက်လို့ ထင်ရပေမဲ့ အမှန်က တံခါးလေးပေါက်ကား ဖြစ်ပါတယ်။ Juke ရဲ့ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီမှာ RS Grade နဲ့ RX Grade တို့ရှိပြီး Grade ပိုမြင့်တဲ့ RX က Aircon Digital နဲ့ အတွင်းခန်းအနီရောင် ဖြစ်သွားပါတယ်။ ဒီဂရိတ်မှာ Driving Mode ကိုလည်း Eco ၊ Normal ၊ Sport စတဲ့ ယာဉ်မောင်းသူ ကြိုက်နှစ်သက်သလို ပြောင်းလို့ရပါတယ်။ RS Grade က Aircon Manual ဖြစ်တဲ့အတွက် Aircon ခလုတ်ကိုကြည့်တာနဲ့ Grade အနိမ့်အမြင့် ခွဲလို့ရပါတယ်။ Nissan Juke မှာ Driver Airbag ၊ Front Passenger Airbag ၊ Side Airbag တွေပါရှိတဲ့အတွက် ကားပေါ်မှာ စီးနင်းလာတဲ့ လူငါးဦးစလုံးကို လုံခြုံမှုပေးနိုင်ပါတယ်။ ဘရိတ်စနစ်ကတော့ Ventilated Disk ဖြစ်ပါတယ်။ Euro 5 Emission ဖြစ်တဲ့အတွက် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လုပ်မှု လျော့နည်းပါတယ်။

 

အင်ဂျင်အမျိုးအစား

 

Nissan Juke ကို အင်ဂျင်ပါဝါ ၁၅ဝဝ စီစီအပြင် Turbo ပါတဲ့ ၁၆ဝဝ စီစီနဲ့လည်း ထုတ်လုပ်ခဲ့ပါတယ်။ ၁၆ဝဝ စီစီမှာ GT Grade နဲ့ GT Four Grade ဆိုပြီး ရှိပါတယ်။ GT Grade က 2WD ဖြစ်ပြီး GT Four Grade က 4WD ဖြစ်ပါတယ်။ အင်ဂျင်ပါဝါ ၁၅ဝဝ စီစီနဲ့ ၁၆ဝဝ စီစီမှာ Turbo ပါတာနဲ့ မပါတာ ကွာခြားပါတယ်။ နောက်ပြီး အင်ဂျင်ပါဝါ ၁၆ဝဝ စီစီမှာ Semi-Auto ဖြစ်သွားပြီး Auto ၊ Manual နှစ်မျိုးရွေးလို့ရပါတယ်။ မြန်မာပြည်ကားဈေးကွက်မှာတော့ သတ်မှတ်ခဲ့တဲ့ အခွန်နှုန်းထားတွေအရ ၁၅ဝဝ စီစီကိုပဲ အများဆုံးတင်သွင်းခဲ့ကြပါတယ်။

 

ဈေးနှုန်း

 

Nissan Juke ရဲ့ဈေးနှုန်းကတော့ ၂ဝ၁ဝ၊ ၂ဝ၁၁ မိုဒယ်ကို ရန်ကုန်လိုင် စင်နံပါတ်ထွက်ပြီးသား ဝယ်ယူမယ်ဆိုရင် အက္ခရာနဲ့ ကားအခြေအနေ အပေါ်မူတည်ပြီး သိန်း ၃၅ဝ ကနေ သိန်းလေးရာကြားမှာ ရှိပါတယ်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)