Japan



ကျပ်သိန်း ၄၀၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota RAV4

ကျပ်သိန်း ၄၀၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့်  Toyota RAV4 google

Toyota RAV4 ဆိုတာ Compact Crossover SUV ကားအမျိုးအစားထဲမှာ နာမည်ရပြီးသားဖြစ်ပါတယ်။

 

ဒီကားကို ၁၉၉၄ မိုဒယ်ကနေ လက်ရှိအချိန်အထိ ထုတ်လုပ်ပြီး အာရှဈေးကွက်နဲ့ ထုတ်လုပ်နေပြီး အာရှဈေးကွက်နဲ့ ဥရောပဈေးကွက်မှာ ထိုးဖောက်နိုင်ခဲ့ပါတယ်။ Toyota Vanguard ၊ FJ Cruiser တို့နဲ့လည်း မျိုးဆက်ချင်းတူပါတယ်။ ၁၉၉၄ မိုဒယ်ကတည်းက ထုတ်လုပ်ခဲ့တာဖြစ်လို့ မျိုးဆက်သုံးခုအထိ ရှိခဲ့ပြီး မိုဒယ်မြင့်ကားတွေမှာ Hybrid Engine နဲ့လည်းလာပါတယ်။ Crossover SUV ဖြစ်တဲ့အတွက် Full-Size SUV တွေလောက် အင်ဂျင်ပါဝါမကြီးလို့ မြို့တွင်းမှာအသုံးပြုမယ်ဆိုရင်လည်း သင့်တော်ပါတယ်။ နောက်ပိုင်းထွက်တဲ့ ၂၀၁၇၊ ၂၀၁၈ မိုဒယ်ကားတွေက အရမ်းလန်းသလို Hybrid Engine နဲ့လည်းရပေမဲ့ ညာမောင်းကား တင်သွင်းခွင့် ပိတ်ထားလို့ မြန်မာပြည်ရောက်လာဖို့ အခွင့်အရေးနည်းသွားပါတယ်။ ဥရောပဘက်ပို့တဲ့ ဘယ်မောင်းကားကျပြန်တော့ အခွန်တွေနဲ့ တွက်ကြည့်ရင် မကိုက်တဲ့အတွက် တင်သွင်မှုမရှိသလောက် နည်းပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

RAV4 ၂၀၀၅၊ ၂၀၀၆ မိုဒယ်မှာ X ၊ G ၊ Sport Grade က ၁၈ လက်မ အလွိုင်းဆိုက် ဖြစ်သွားပါတယ်။ ကားတော်တော်များများက Push-start ဖြစ်ပြီး G Grade မှာ fog Lamp ၊ Push-start ဖြစ်သွားပါတယ်။ နောက်ပြီး G Grade မှာ Cruise Control နဲ့ Steering Control တွေ ပါသွားပါတယ်။ နောက်ထိုင်ခုံတန်းကို အခေါက်သိမ်းပြုလုပ်မယ်ဆိုရင် Luggage အကြီး လေးလုံးလောက်အထိ သယ်ဆောင်နိုင်ပါတယ်။ အရောင်ရှစ်မျိုးအထိ ထုတ်လုပ်ထားပေမဲ့ မြန်မာပြည်ကားဈေးကွက်ထဲမှာတော့ ပုလဲဖြူ၊ အနက်၊ ခဲ တို့ကို အများဆုံးတွေ့ရပါတယ်။

 

အင်ဂျင်အမျိုးအစား

မြန်မာပြည်ကားဈေးကွက်မှာ အများဆုံးတွေ့ရတဲ့ Toyota RAV4 ၂၀၀၆ မိုဒယ်မှာ ၂၄၀၀ စီစီကို 2WD/4WD နှစ်မျိုး ထုတ်လုပ်ထားပြီး CVT Gear အမျိုးအစားဖြစ်ပါတယ်။ Chassis နဲ့ခွဲရင် ACA36W က 2WD ဖြစ်ပြီး ACA31W က 4WD ဖြစ်ပါတယ်။

 

ဈေးနှုန်း

Toyota RAV4 ၂၀၀၆ မိုဒယ်၊ ရန်ကုန်လိုင်စင်၊ အက္ခရာမြင့်နဲ့ ဝယ်ယူမယ်ဆိုရင် ကားအရောင်း၊ ဂရိတ်အပေါ်မူတည်ပြီး ကျပ်သိန်း ၄၂၀ ကနေ ၄၇၀ကြား ရှိပါတယ်။

 

 

Source; Automobile Journal

Read times
Rate this item
(1 Vote)