Japan



ကျပ်သိန်း ၂၀၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota ist(Urban Cruiser)

ကျပ်သိန်း ၂၀၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota ist(Urban Cruiser) google

Toyota Vitz ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့ Urban Cruiser ကို မြန်မာပြည်ကားဈေးကွက်မှာ လူသိနည်းပေမဲ့ စီးဖူးတဲ့သူတွေကတော့ ညွှန်းဖွဲ့လို့မဆုံးတဲ့ကား ဖြစ်ပါတယ်။

 

Urban Cruiser ၊ တစ်နည်း Toyota ist ကို ၂၀၀၂ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး Vitz နဲ့ဖွဲ့စည်းပုံချင်း တူပါတယ်။ Small Crossover SUV အမျိုးအစားဖြစ်လို့ Nissan Qashqai၊ KIA Soul ထက်သေးပါတယ်။ ဂျပန်ပြည်တွင်းမှာတော့ Honda Fit ၊ Nissan March တို့နဲ့ ဈေးကွက်အပြိုင်ဖြစ်ပြီး ဥရောပဈေးကွက်မှာ Scion xA ၊ Sicon xD လို့ လူသိများပါတယ်။ ဒီကားကို ဂျပန်နိုငံ၊ Shizuoka မြို့မှာ ရဲကားအဖြစ်နဲ့လည်း အသုံးပြုကြပါတယ်။

 

အင်ဂျင်အမျိုးအစား

Urban Cruiser ကို အင်ဂျင်ပါဝါ ၁၃၀၀စီစီ နဲ့ ၁၅၀၀ စီစီ နှစ်မျိုးထုတ်လုပ်ပြီး SUV အသေးစား ဖြစ်တဲ့အတွက် သူနဲ့လိုက်ဖက်တဲ့ ၁၅၀၀စီစီကို ပိုပြီး လူကြိုက်များပါတယ်။ Vitz ကို အခြေခံပြီး ထုတ်လုပ်ထားတဲ့အတွက်လည်း Vitzနဲ့ အင်ဂျင်အမျိုးအစားချင်း တူပါတယ်။ ဒါကြောင့် Vitzလို အရုန်းအဆွဲကောင်းပြီး ဆီစားနှုန်း သက်သာ ပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

Urban Cruiser ၂၀၀၂ မိုဒယ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၀၇ အထိကို ပထမမျိုးဆက်၊ ၂၀၀၇ မိုဒယ်ကနေ ၂၀၁၆ အထိကို ဒုတိယမျိုးဆက်ဆိုပြီး သတ်မှတ်ထားပါတယ်။ တံခါးငါးချက် SUV ကားအမျိုးအစားဖြစ်ပြီး ၁၅၀၀စီစီမှာ ဂရိတ်ခွဲအဖြစ် G၊ X နဲ့ C Pakage တို့ ရှိပါတယ်။ C Pakage က ဂရိတ်အနိမ့်ဆုံးဖြစ်လို့ ရိုးရိုးသော့နဲ့ Manual Aircon တပ်ဆင်ထားပါတယ်။ G နဲ့ X ဂရိတ်မှာ Digital Aircon၊ ECO Mode၊ Push-start စတာတွေ ပါသွားပြီး ဂရိတ်အမြင့်ဆုံးဖြစ်တဲ့ Gမှာ စတီယာရင် လည်သာကြိုးချုပ်နဲ့ အလွိုင်းဆိုဒ် ၁၆လက်မ ဖြစ်သွားပါတယ်။ Vitzလို Airbag ရှစ်လုံးပါရှိပြီး G နဲ့ X ဂရိတ်မှာဆိုရင် HID မီးကြီးနဲ့ နှင်းခွဲမီးတွေ ပါသွားပါတယ်။ မြန်မာပြည်ဈေးကွက်မှာတော့ ဂရိတ်ပြည့်တဲ့ G နဲ့ X ဂရိတ်ကိုပဲ လူကြိုက်များပါတယ်။

 

ဈေးနှုန်း

Toyota itz(Urban Cruiser)ကို ၂၀၁၀ မိုဒယ်အောက် ရန်ကုန်လိုင်စင် နံပါတ်အနိမ့်ကို ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း နှစ်ရာနဲ့ ၂၂၀ကြားမှာ ရှိပါတယ်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)