Japan



ကျပ်သိန်း၂၂၀ ဝန်းကျင်ရွေးချယ်သင့် Honda Fit GE 6 (ပုံပြောင်း)

ကျပ်သိန်း၂၂၀ ဝန်းကျင်ရွေးချယ်သင့် Honda Fit GE 6 (ပုံပြောင်း) google

ဂျပန်ညာမောင်းကားတင်သွင်းခွင့် ပိတ်လိုက်တဲ့အချိန်မှာ ၁၃၀၀ စီစီကားတွေလည်း အမျိုးအစားပေါ်မူတည်ပြီး ဈေးမြင့်တက်သွားပါတယ်။

 

အဝယ်များပြီး ဈေးကွက်အကြိုက်ဖြစ်တဲ့ Honda Fit နဲ့ Toyota Probox တို့ကတော့ တခြားကားတွေထက် ဈေးအတက်ကြမ်းပ်တယ်။ Honda Fit GE6 (ပုံပြောင်း)ဆိုရင်လည်း ရန်ကုန်လိုင်စင်ဖြစ်တယ်၊ အက္ခရာမြင့်တယ်၊ မိုဒယ်မြင့်ပြီး ဂရိတ်ပြည့်တယ်ဆိုရင် ကျပ်သိန်း နှစ်ရာအထက်မှာ အရောင်းအဝယ် ဖြစ်နေကြပါတယ်။ ကားကောင်းပြီး 10th Anniversary ဖြစ်တယ်ဆိုရင်တော့ ကျပ်သိန်း ၂၃၀ အပေါ်ထိ ခေါ်ရောင်းနေကြပါတယ်။ Honda Fit က GD1 က စပြီး GK1 က စပြီး GK3 အထိလူကြိုက်များတဲ့ အတွက် ၁၃၀၀စီစီ ကားဈေးကွက်ထဲမှာ အရောင်းအဝယ်အသွက်ဆုံး နံပါတ်တစ်အဖြစ် ပါဝင်နေပါတယ်။

 

အင်ဂျင်အမျိုးအစား

 

Honda Fit ၂၀၁၁၊ ၂၀၁၂ မိုဒယ်မှာလည်း GE6၊ GE7၊ GE8၊ GE9 ဆိုပြီး Chassis တွေ ကွဲသွားပါတယ်။ ဒီထဲမှာ GE6 နဲ့ GE7 က ၁၃၀၀စီစီ ဖြစ်ပြီး GE7 က 4WD ဖြစ်သွားလို့ လူကြိုက်နည်းပါတယ်။ GE8 နဲ့ GE9 ကတော့ ၁၅၀၀စီစီ ဖြစ်သွားတဲ့အတွက် ဈေးကွက်ထဲမှာ မရှိသလောက် ရှားပါတယ်။

 

ဈေးနှုန်း

 

Honda Fit GE 6 ၂၀၁၁၊ ၂၀၁၂ မိုဒယ် နံပါတ်အမြင့်ကို နယ်လိုင်စင်နဲ့ ဝယ်ယူမယ်ဆိုရင် အက္ခရာ၊ ကားအရောင်နဲ့ ဂရိတ်အပေါ် မူတည်ပြီး ကျပ်သိန်း နှစ်ရာဝန်းကျင် ရှိပါတယ်။ ရန်ကုန်လိုင်စင်ကတော့ ကျပ်သိန်း ၂၃၀ ဝန်းကျင်ရှိပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

 

Honda Fit GE6 (ပုံပြောင်း)ကို ၂၀၁၀ ပြည့်နှစ်၊ အောက်တိုဘာလနောက်ပိုင်းမှာ ထုတ်လုပ်ပြီး အရင်မိုဒယ်နဲ့ ရှေ့ဘမ်ပါ၊ မီးခွက်ပုံစံပဲ ပြောင်းသွားပါတယ်။ GE6 မှာ G၊ GF Package နဲ့ L Package ဆိုပြီး ဂရိတ် သုံးမျိုး ရှိပါတယ်။ G ဂရိတ်ကတော့ အနိမ့်ဆုံး ဂရိတ်ဖြစ်လို့ ဘက်မှန်မီးခြောက်နဲ့ မှန်ချိုး၊ မှန်ခေါက် မပါပါဘူး။ GF Package မှာတော့ ဘက်မှန်မီးခြောက်ပါလာပြီး မှန်ချိုးမှန်ခေါက်ရသွားသလို မှန်ကာလာလည်း ပါသွားပါတယ်။ ဂရိတ် အမြင့်ဆုံးဖြစ်တဲ့ L Package မှာတော့ Digital Aircon၊ Smart Key၊ Original TV၊ Steering Volume Control စတာတွေ ပါသွားပါတယ်။ GE 6 ၂၀၁၁ မိုဒယ်မှာ 10th Anniversary၊ Sport Edition၊ SHE’S ဂရိတ် စတာတွေလည်း ရှိပါသေးတယ်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)