Japan



ကျပ်သိန်း ၅၀၀ နှင့် ၆၅၀ ကြား ရွေးချယ်သင့်သည့် Honda Vezel

ကျပ်သိန်း ၅၀၀ နှင့် ၆၅၀ ကြား ရွေးချယ်သင့်သည့် Honda Vezel google

Honda Vezel က အင်ဂျင်ပါဝါ ၁၅၀၀ စီစီ ပဲရှိတဲ့အတွက် အထူးကုန်စည်ခွန် ကင်းလွတ်ခွင့်ရသလို Hybird အင်ဂျင်နဲ့လည်း ထုတ်လုပ်ထားတဲ့အတွက် SUV အမျိုးအစားကို ဆီစားနှုန်းသက်သာစွာနဲ့ စီးနင်းနိုင်မှာ ဖြစ်ပါတယ်။

 

Honda Vezel ကို Subcompact Crossover SUV တစ်စီးအဖြစ် Honda ကုမ္ပဏီကနေ ၂၀၁၃ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ Vezel ကို New York Auto Show မှာ မိတ်ဆက်ပြသခဲ့ ပြီး ဥရောပနဲ့ အမေရိကန်မှ Honda HR-V အနေနဲ့ ရောင်းချခဲ့ပါတယ်။ ဒီကားက HR-V ရဲ့ ဒုတိယမျိုးဆက်လို့ ပြောမယ်ဆိုရင် မမှားပါဘူး။ Honda ကနေ Vezel ကို Urban SUV အနေနဲ့ ထုတ်လုပ်ခဲ့ပြီး Vezel ဆိုတဲ့စကားလုံးက ‘Bezel’ ‘သွေးထားတဲ့ ကျောက်မျက်ရတနာမျက်နှာပြင်’ ဆိုတဲ့ အဓိပ္ပာယ်ရသလို ရှေ့စာလုံး B နေရာမှာ Vehicle နဲ့ အစားထိုးပြီး Vezel လို့ အမည်သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။

 

အင်ဂျင်အမျိုးအစား

Honda Vezel က အင်ဂျင်ပါဝါ ၁၅၀၀ စီစီ အင်ဂျင်တစ်မျိုးတည်းနဲ့ ထုတ်လုပ်ထားပြီး 2WD၊ 4WD အင်ဂျင်နဲ့ တင်မက Hybird အင်ဂျင်နဲ့လည်းထုတ်လုပ်ထားပါတယ်။ ချက်စီအနေနဲ့ခွဲမယ်ဆိုရင် ရိုးရိုးအင်ဂျင် 2WD က RU1၊ 4WD က RU2 ဖြစ်ပါတယ်။ Hybird အင်ဂျင်မှာ 2WD က RU3 ဖြစ်ပြီး 4WD က RU4 ဖြစ်ပါတယ်။ ရိုးရိုးအင်ဂျင်မှာ G၊ X၊ S ဂရိတ်တွေရှိပြီး G ဂရိတ်မှာ 2WD၊ 4WD နှစ်မျိုးရှိပေမဲ့ X၊ S ဂရိတ်တွေမှာတော့ 2WD တစ်မျိုးတည်းကို ထုတ်လုပ်ထားပါတယ်။

 

ဈေးနှုန်း

Honda Vezel ၂၀၁၅ မိုဒယ်၊ ရန်ကုန်လိုင်စင် နံပါတ်ထွက်ပြီးသားကို ဝယ်ယူမယ်ဆိုရင် ကျပ်သိန်း ၆၅၀ ဝန်းကျင် ရှိပါတယ်။ Hybird Engine နဲ့ ဆိုရင်တော့ ပုံမှန်ထက် ဈေးအနည်းငယ် ပိုများပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်းအပြင်အဆင်

Honda Vezel က SUV အမျိုးအစားဖြစ်တဲ့အတွက် ငါးယောက်စီး တံခါးငါးချပ် ဖြစ်ပါတယ်။ ရှေ့တံခါးနှစ်ချပ်က ပုံမှန်အတိုင်းဖြစ်ပြီး နောက်တံခါးနှစ်ချပ်ကတော့ Nissan Juke လို အဖွင့်၊ အပိတ်လက်ကိုင်က တံခါးထောင့်မှာ ရှိတဲ့အတွက် ရုတ်တရက်ကြည့်မယ်ဆိုရင် တံခါးနှစ်ချပ်ကားလို့ ထင်ရပါတယ်။ G ဂရိတ်က Base Grade ဖြစ်တဲ့အတွက် Cruise Control မပါသလို Leather Seat နဲ့လည်း ရရှိမှာမဟုတ်ပါဘူး။ X ဆိုရင်တော့ Side Airbag၊ Led Heading နဲ့ Cruise Control ပါသွားပါတယ်။ G နဲ့ X ဂရိတ်တွေမှာ အလွိုင်းဆိုက် ၁၆လက်မ ဖြစ်ပြီး S ဂရိတ်ဖြစ်သွားရင် အလွိုင်းဆိုက် ၁၇လက်မ ဖြစ်သွားပါတယ်။ S ဂရိတ်မှာ Paddle Shift နဲ့ Roof Rail ပါသွားပါတယ်။ Hybird ဖြစ်ရင် နောက်မီးက LED မီးခွက် ဖြစ်သွားပါတယ်။ ဂရိတ်အားလုံးမှာ Push-start၊ Steering Volume Control၊ Digital Aircon (Touch Button) ဖြစ်သွားပါတယ်။

 

 

Source; Automobile Journal

 

Read times
Rate this item
(1 Vote)