Japan



ကျပ်သိန်း ၄၀၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota Wish

ကျပ်သိန်း ၄၀၀ ဝန်းကျင်ဖြင့် ရွေးချယ်သင့်သည့် Toyota Wish google

Toyota Wish က compact MPV ကားအမျိုးအစားဖြစ်ပြီး Alphard၊ Ipsum တို့လောက် ကားအရွယ်အစား မကြီးပေမဲ့ ထိုင်ခုံသုံးတန်း လူခုနှစ်ယောက်အထိ စီးနင်းနိုင်ပါတယ်။

 

Wish ရဲ့ အရွယ်အစားက Ipsum နဲ့ Spacio ကြားမှာရှိပါတယ်။ အပြင်ကနေ ရုတ်တရက် ကြည့်လိုက်မယ်ဆိုရင် ထိုင်ခုံ နှစ်တန်းပဲ ရှိတယ်လို့ ထင်ရပေမဲ့ နောက်အခန်းမှာ ထိုင်ခုံတစ်တန်းပါရှိပါတယ်။ Wish ကို မိသားစု အသုံးပြုဖို့ သုံးကြသလို ကုမ္ပဏီကားတွေအဖြစ်လည်း အသုံးပြုလာကြပါတယ်။ Toyota က Wish ကို Wish Come True ဆိုတဲ့ ဆောင်ပုဒ်နဲ့အတူ ဈေးကွက်ဖြန့်ခဲ့တာပါ။ Toyota Wish ကို ၂၀၀၃ခုနှစ်က စတင်ထုတ်လုပ်ခဲ့ပြီး ၂၀၀၉ခုနှစ် အထိကို ပထမမျိုးဆက်၊ ၂၀၀၉ခုနှစ်ကနေ လက်ရှိအချိန်အထိကို ဒုတိယမျိုးဆက်အနေနဲ့ ထုတ်လုပ် နေပါတယ်။ Wish က ၂၀၀၉ မိုဒယ် ကစပြီး ချက်စီနဲ့ ကားရုပ်ပါ ပြောင်းသွားပါတယ်။

 

အပြင်ပိုင်းနှင့် အတွင်းခန်း အပြင်အဆင်

 

Wish မှာ 1.8X ၊ 1.8S ၊ 2.0G နဲ့ 2.0Z ဆိုပြီး ဂရိတ်လေးမျိုးရှိပါတယ်။ 1.8X က Standard Grade ဖြစ်ပြီး ရိုးရိုးသော့နဲ့ Auto Aircon၊ Airbag ၈လုံးထည့်ထားပါတယ်။ 1.8S မှာ နီကယ်ရောင်ရှေ့ ရှဲလ်နဲ့ နှင်းကွဲမီးတွေ ပါဝင်လာပါတယ်။ စတီယာရင်လဲ လည်သာကြိုးချုပ် ဖြစ်သွားပြီး Puddle Shift ပါဝင်လာပါတယ်။ Smart Key၊ Push Start၊ Eco Mode၊ Sport Mode တွေ ပါဝင်ပြီး Cruise Control ကတော့ Option အပေါ်မူတည်ပါတယ်။

 

2.0G နဲ့ 1.8S က ဂရိတ်တော်တော်များများ တူပါတယ်။ 2.0Z မှာ Steering Control၊ Cruise Control တွေ ပါဝင်လာပြီး ခြောက်ယောက်စီး ဖြစ်တဲ့အတွက် အလယ်လျှောက်လမ်းလဲ ပါဝင်လာပါတယ်။

 

အင်ဂျင်အမျိုးအစား

 

Toyota Wish မှာ အင်ဂျင်ပါဝါ ၁၈၀၀စီစီနဲ့ ၂၀၀၀စီစီ နှစ်မျိုးရှိပြီး ၂၀၀၉မိုဒယ်မှာဆိုရင် ၂၀၀၀စီစီကို 2WDနဲ့ပဲ ထုတ်ပါတယ်။ Wish ရဲ့ Chassis က Grate 1.8X(2WD) က ZGE20G၊ 1.8X(4WD) က ZGE25G၊ 1.8S(2WD) က ZGE20W၊ 1.8S(4WD) က ZGE25W၊ 2.0G က ZGE21G၊ 2.0Z က ZGE22W ဖြစ်ပါတယ်။ အင်ဂျင်အမျိုးအစားက Inline 4 Cylinder DOHC ဖြစ်ပါတယ်။

 

ဈေးနှုန်း

 

Toyota Wish မှာ ကားအရောင်နှင့် ပါဝင်ပစ္စည်းအပေါ် မူတည်ပြီး ဈေးကွာခြားချက် ရှိပါတယ်။ ၂၀၀၉၊ ၂၀၁၀ မိုဒယ်မှာ အက္ခရာ၊ ရန်ကုန်လိုင်စင်နဲ့ နယ်လိုင်စင်အပေါ်မူတည်ပြီး 2.0Z က ကျပ်သိန်း၄၀၀ နဲ့ ၄၅၀ ကြား၊ 1.8S က ကျပ်သိန်း ၃၅၀ နဲ့ ၄၀၀ ကြား၊ 1.8X က ကျပ်သိန်း ၃၅၀ ဝန်းကျင်မှာ ရှိပါတယ်။

 

Source; Automobile Journal

Read times
Rate this item
(1 Vote)